မနက်အိပ်ရာနိုးနိုးချင်း လုံးမပြုလုပ်သင့်တဲ့ အချက် ( ၅ ) ချက်
1-Alarms
မနက်မိုးလင်း အိပ်ရာထရတဲ့အချိန်ဟာ လူအတော်များများအတွက်တော့ တကယ့်ကို အဆိုးရွားဆုံးအချိန်ပါပဲ ။
တစ်နေ့တစ်နေ့ကြားနေရတဲ့ Alarms သံကိုမုန်းနေတဲ့သူ ဘယ်လောက်များပြီလဲ ။
Alarms သံကြားတာနဲ့ နာရီကို ကိုင်ပေါင်ပြီး စောင်အောက်ထဲပြန်ဝင်ချင်စိတ်ပေါက်နေတာ ဘယ်လောက်များခဲ့ပြီလဲဆိုတာ ကိုယ်တိုင်သိကြမှာပါ ။
ဒါပေမယ့်လည်း တာဝန် နဲ့ ဝတ္တရားတွေရှိတဲ့အတွက် မဖြစ်မနေထရတာပဲ ။ဒီလိုမျိုး စိတ်ပျက်စရာအခြေအနေမျိုးမှာ ဘယ်လိုကိစ္စတွေကို မပြုလုပ်ပဲ ရှောင်ရှားသင့်သလဲ ။
2-Snooze
နောက်ငါးမိနစ်လောက်…..ဆိုတာဟာ အတော်ကို ဆိုးပါတယ် ။အိပ်ရာနိုးနိုးချင်း ရေမိုးချိုးတာမျိုး ချက်ချင်းလုပ်ဖို့မလိုအပ်ပေမယ့် ပွင့်နေတဲ့ မျက်လုံးကိုတော့ ပြန်မမှိတ်လိုက်သင့်ပါဘူး ။
တကယ်လို့ Snooze ခလုတ်ကို နှိပ်ပြီး ပြန်အိပ်ပျော်သွားရင်တော့ သင်ဟာ အစကနေပြန်အိပ်သလိုဖြစ်သွားပါလိမ့်မယ် ။အဲ့ဒီအချိန်မှာ Alarm ထမြည်ခဲ့မယ်ဆိုရင် ဒေါသတွေအကြီးအကျယ်ထွက်လာပါလိမ့်မယ် ။
3-ငြိမ်မနေပါနဲ့
ခုနကပြောသလိုပဲ အိပ်ရာနိုးနိုးချင်း ရေသွားချိုးဖို့မလိုပေမယ့် အနည်းဆုံးတော့ အိပ်ရာပေါ်က ထထိုင်တာမျိုး ၊ အပျင်းဆန့်တာမျိုးပြုလုပ်သင့်ပါတယ် ။အိပ်ရာနိုးနိုးချင်း အပျင်းဆန့်တာဟာ တစ်နေ့တာလုပ်ငန်းခွင်မှာ ပိုမိုယုံကြည်မှုရှိလာစေတယ်လို့လည်း ဟားဗက်မှ စိတ်ပညာရှင် Amy Cuddy ကပြောထားပါတယ် ။
4-ဖုန်းမကြည့်ပါနဲ့
မနက်မိုးလင်းလင်းချင်း ဖုန်းကြည့်တာမျိုးလုံးဝမပြုလုပ်ပါနဲ့ ။အလွန်ကြည့်ချင်နေရင်တောင်မှ ကိုယ်လုပ်စရာရှိတာတွေလုပ်ပြီးမှကြည့်ပါ ။စိတ်ပညာရှင်တွေအပြောအရ အိပ်ရာနိုးနိုးချင်း ဖုန်းကြည့်ခြင်းဟာ စိတ်ကျန်းမာရေးကို ထိခိုက်လာနိုင်တယ်လို့ သိထားရပါတယ် ။
5-အမှောင်ထဲမှာမနေပါနဲ့
အိပ်ရာထတဲ့အခါ မျက်စိက အလင်းရောင်ကို ကြည့်ဖို့ ကျင့်သားမရသေးပါဘူး ။ဒါကြောင့် မီးပိတ်ထားပြီး ကိုယ်လုပ်စရာရှိတာကိုလုပ်ကြလေ့ရှိပါတယ် ။ဒါပေမယ့် ခန္ဓာကိုယ်က အလင်းအမှောင်ကိုတုံ့ပြန်အား အရမ်းကို ကောင်းလွန်းတဲ့အတွက် အမှောင်ထဲမှာပြင်ဆင်နေတဲ့အခါ ညဘက်ယူဆသွားပါတယ်။
ခန္ဓာကိုယ်က ညဘက်လို့ယူဆလိုက်တဲ့အခါမှာ နေရင်းထိုင်ရင်း နုံးချိလာသလိုခံစားရပါလိမ့်မယ် ။ဒါကြောင့် မနက်မိုးလင်းတဲ့အချိန်မှာ လိုက်ကာတွေဖွင့်ပြီးတော့ အလင်းရောင်အောက်မှာပြင်ဆင်တာ အကောင်းဆုံးပါပဲ ။
Writer – Min Thu – XYZ News
Leave a Reply