ပြည်တွင်းမြေပဲဆံ စျေးမြင့်တက်

ပြည်တွင်းမြေပဲဆံ စျေးမြင့်တက်

လတ်တလောတွင် မြပဲဆံစျေးနှုန်းများ အဆမတန်မြင့်တက်နေပြီး ပဲဆံတစ်တင်းလျှင် တစ်သိန်းနှစ်သ​ောင်းအထက်တွင်ရှိနေကြောင်းသိရပါသည်။ ပြည်တွင်း စားသုံးဆီစျေး အဆမတန်မြင့်တက်မှု့ ဂယက်နှင့်အတူ ဆီထွက်သီးနှံဖြစ်သည့် မြေပဲဆံစျေးများ အဆမတန်မြင့်တက်လာတဲ့အတွက် တောင်သူများ အဆင်မပြေပဲ ပိုမိုကျပ်တည်းလာခဲ့ပါတယ်။ အကြောင်းမှာ သီးနှံပေါ်ချိန်မှာ စျေးတက်ခြင်းမဟုတ်ဘဲ နွေမြေပဲစိုက်ပျိုးရန်အတွက် မျိုးစေ့လိုအပ်ချိန်တွင် စျေးတက်နေခြင်းကြောင့်ဖြစ်ပါသည်။

ထို့အပြင် မကြာမီရက်ပိုင်းအတွင်းမှ တရုတ်နိုင်ငံမှတင်သွင်းနေသော ဓာတ်မြေဩဇာများ တရုတ်နိုင်ငံဖက်မှ ရောင်းချခြင်းမပြုတော့သည့်အတွက် တောင်သူများ မြေဩဇာစျေးနှုန်းကြီးမြင့်မှု့ဒဏ်ကိုလည်း ခံနေကြရပါတယ်။

တောင်သူလုပ်ငန်းအတွက် အသုံးပြုရသည့် လောင်စာဆီ၊ ဓာတ်မြေဩဇာ၊ မျိုးစေ့ များ စတဲ့ အသွင်းအားစုစျေးများ အဆမတန်မြင့်တက်နေပြီး အထွေထွေကုန်စျေးနှုန်းကြီးမြင့်မှု့ဒဏ်ကြောင့် လုပ်ငန်းလုပ်ကိုင်ဖို့ပင် မဖြစ်နိုင်လောက်အောင် ကျပ်တည်းလာနေတာဖြစ်ပါတယ်။ တောင်သူထွက်ပစ္စည်းများမှာ ကုန်ပေါ်ချိန်တွင် စျေးအဆမတန်ကျဆင်းပြီး စိုက်ပျိုရန် မျိုးလိုအပ်ချိန်တွင် နှစ်ဆသုံးဆခန့်စျေးတက်သွားတဲ့အတွက် အားလုံးအခက်ကြုံနေကြရပါတယ်

Be the first to comment

Leave a Reply

Your email address will not be published.


*