မိန္းကေလးတိုင္း လိုက္နာသင့္တဲ့ ညပိုင္းအသားေရထိန္းသိမ္းနည္း
အသားေရလွပဖို႔အတြက္ ညပိုင္းမွာ အသားေရထိန္းသိမ္းရတာကလည္း မိန္းကေလးေတြအတြက္ အေရးႀကီးလွပါတယ္။
မိန္းကေလးေတာ္ေတာ္မ်ားမ်ားက ေန႔ဘက္မွာတင္ အသားေရထိန္းသိမ္းျဖစ္ၾကတာပါ။
တကယ္ေတာ့ ညပိုင္းအသားေရထိန္းသိမ္းေပးတာက ေန႔ဘက္ထက္ အသားေရကအလွကုန္ပစၥည္းမွာပါဝင္တဲ့အာဟာရဓာတ္ေတြကို ပိုၿပီးစုပ္ယူနိုင္ပါတယ္။
သင္ အိပ္စက္ေနစဥ္အတြင္းမွာေတာင္ အာဟာရဓာတ္ေတြက ေကာင္းေကာင္းစိမ့္ဝင္နိုင္ပါတယ္။သဘာဝအတိုင္း ႏူးညံ့ေခ်ာေမာတဲ့အသားေရေလးျဖစ္ဖို႔အတြက္ လိုက္နာသင့္တဲ့ညပိုင္းအသားေရထိန္းသိမ္းနည္းအေျခခံအဆင့္ေတြကို ေဖာ္ျပေပးလိုက္ရပါတယ္။
မ်က္ႏွာသစ္ေဆး – ပထမဆုံးအဆင့္မွာ မိတ္ကပ္၊ ဖုန္မႈန႔္၊ အဆီေတြကိုဖယ္ရွားေပးနိုင္တဲ့သဘာဝအဆီအႏွစ္နဲ႔ျပဳလုပ္ထားတဲ့ မ်က္ႏွာသစ္ေဆးနဲ႔ ေသခ်ာေလး မ်က္ႏွာသန႔္စင္ေပးရပါမယ္။ဒါမွ မ်က္ႏွာေပၚက အညစ္အေၾကးေတြသန႔္စင္သြားဖို႔ ျဖဴဝင္းသြားမွာျဖစ္ပါတယ္။
Serum – ေျခာက္ေသြ႕တဲ့အသားေရ၊ အက္ကြဲတဲ့အသားေရကို ကာကြယ္ဖို႔အတြက္ အသားေရကို အျမဲတမ္း ေရဓာတ္ျဖည့္ေပးဖို႔ လိုပါတယ္။အသားေရဆဲလ္ေတြကိုလည္း ေကာင္းေကာင္းေဆာင္ရြက္နိုင္ေအာင္ Serum ကို သုံးေပးသင့္ပါတယ္။
ပ်ားရည္ပါဝင္တဲ့ သဘာဝ moisturizer နဲ႔ ေပါင္းစပ္ထားတဲ့ Serum ကို ေရြးခ်ယ္ၿပီးညဘက္အသားေရထိန္းသိမ္းေပးတာက သင့္အသားေရကို ၾကည္လင္လာေစမွာျဖစ္ပါတယ္။
ညလိမ္းခရင္မ္ – ၾကည္လင္ဝင္းပတဲ့အသားေရျဖစ္ဖို႔ဆိုတာကအသားေရကို ေရဓာတ္ျဖည့္ၿပီးသြားရင္ ညလိမ္းခရင္မ္လိမ္းေပးမွ ၿပီးျပည့္စုံမွာျဖစ္ပါတယ္။အသားေရမြဲေျခာက္ျခင္းကို ေလ်ာ့ခ်ေပးဖို႔၊ ဆဲလ္အေသေတြကို ဖယ္ရွားဖို႔၊ အမဲစက္ေတြေလ်ာ့နည္းဖို႔အတြက္သဘာဝအဆီအႏွစ္ပါဝင္တဲ့ ေပါ့ေပါ့ပါးပါးညလိမ္းခရင္မ္ကို ေရြးခ်ယ္ေပးသင့္ပါတယ္။
ဒါမွ မနက္အိပ္ရာနိုးတာနဲ႔ သင့္အသားေရေလးက ႏူးညံ့ၿပီး ၾကည့္ေကာင္းေနေစမွာျဖစ္ပါတယ္။
ညပိုင္းအသားေရထိန္းသိမ္းဖို႔ကို မေမ့သင့္ပါဘူးေနာ္။ အခုဆိုရင္ ညပိုင္းမွာအသားေရဘယ္လိုထိန္းသိမ္းရမလဲဆိုတဲ့ အေျခခံနည္းလမ္းေတြကို သိသြားၿပီထင္ပါတယ္။အသားေရၾကည္လင္လွပေစတဲ့လၽွို႔ဝွက္ခ်က္က အသားေရထိန္းသိမ္းမႈေပၚမွာမူတည္ေနပါတယ္ေနာ္..။
မိန်းကလေးတိုင်း လိုက်နာသင့်တဲ့ ညပိုင်းအသားရေထိန်းသိမ်းနည်း
အသားရေလှပဖို့အတွက် ညပိုင်းမှာ အသားရေထိန်းသိမ်းရတာကလည်း မိန်းကလေးတွေအတွက် အရေးကြီးလှပါတယ်။
မိန်းကလေးတော်တော်များများက နေ့ဘက်မှာတင် အသားရေထိန်းသိမ်းဖြစ်ကြတာပါ။
တကယ်တော့ ညပိုင်းအသားရေထိန်းသိမ်းပေးတာက နေ့ဘက်ထက် အသားရေကအလှကုန်ပစ္စည်းမှာပါဝင်တဲ့အာဟာရဓာတ်တွေကို ပိုပြီးစုပ်ယူနိုင်ပါတယ်။
သင် အိပ်စက်နေစဉ်အတွင်းမှာတောင် အာဟာရဓာတ်တွေက ကောင်းကောင်းစိမ့်ဝင်နိုင်ပါတယ်။သဘာဝအတိုင်း နူးညံ့ချောမောတဲ့အသားရေလေးဖြစ်ဖို့အတွက် လိုက်နာသင့်တဲ့ညပိုင်းအသားရေထိန်းသိမ်းနည်းအခြေခံအဆင့်တွေကို ဖော်ပြပေးလိုက်ရပါတယ်။
မျက်နှာသစ်ဆေး – ပထမဆုံးအဆင့်မှာ မိတ်ကပ်၊ ဖုန်မှုန့်၊ အဆီတွေကိုဖယ်ရှားပေးနိုင်တဲ့သဘာဝအဆီအနှစ်နဲ့ပြုလုပ်ထားတဲ့ မျက်နှာသစ်ဆေးနဲ့ သေချာလေး မျက်နှာသန့်စင်ပေးရပါမယ်။ဒါမှ မျက်နှာပေါ်က အညစ်အကြေးတွေသန့်စင်သွားဖို့ ဖြူဝင်းသွားမှာဖြစ်ပါတယ်။
Serum – ခြောက်သွေ့တဲ့အသားရေ၊ အက်ကွဲတဲ့အသားရေကို ကာကွယ်ဖို့အတွက် အသားရေကို အမြဲတမ်း ရေဓာတ်ဖြည့်ပေးဖို့ လိုပါတယ်။အသားရေဆဲလ်တွေကိုလည်း ကောင်းကောင်းဆောင်ရွက်နိုင်အောင် Serum ကို သုံးပေးသင့်ပါတယ်။
ပျားရည်ပါဝင်တဲ့ သဘာဝ moisturizer နဲ့ ပေါင်းစပ်ထားတဲ့ Serum ကို ရွေးချယ်ပြီးညဘက်အသားရေထိန်းသိမ်းပေးတာက သင့်အသားရေကို ကြည်လင်လာစေမှာဖြစ်ပါတယ်။
ညလိမ်းခရင်မ် – ကြည်လင်ဝင်းပတဲ့အသားရေဖြစ်ဖို့ဆိုတာကအသားရေကို ရေဓာတ်ဖြည့်ပြီးသွားရင် ညလိမ်းခရင်မ်လိမ်းပေးမှ ပြီးပြည့်စုံမှာဖြစ်ပါတယ်။အသားရေမွဲခြောက်ခြင်းကို လျော့ချပေးဖို့၊ ဆဲလ်အသေတွေကို ဖယ်ရှားဖို့၊ အမဲစက်တွေလျော့နည်းဖို့အတွက်သဘာဝအဆီအနှစ်ပါဝင်တဲ့ ပေါ့ပေါ့ပါးပါးညလိမ်းခရင်မ်ကို ရွေးချယ်ပေးသင့်ပါတယ်။
ဒါမှ မနက်အိပ်ရာနိုးတာနဲ့ သင့်အသားရေလေးက နူးညံ့ပြီး ကြည့်ကောင်းနေစေမှာဖြစ်ပါတယ်။
ညပိုင်းအသားရေထိန်းသိမ်းဖို့ကို မမေ့သင့်ပါဘူးနော်။ အခုဆိုရင် ညပိုင်းမှာအသားရေဘယ်လိုထိန်းသိမ်းရမလဲဆိုတဲ့ အခြေခံနည်းလမ်းတွေကို သိသွားပြီထင်ပါတယ်။အသားရေကြည်လင်လှပစေတဲ့လျှို့ဝှက်ချက်က အသားရေထိန်းသိမ်းမှုပေါ်မှာမူတည်နေပါတယ်နော်..။
Leave a Reply