သိသိသာသာ အသားအရည်ပိုကြည်လာစေမယ့် Detox Water ပြုလုပ်နည်း..

သိသိသာသာ အသားအရည်ပိုကြည်လာစေမယ့် Detox Water ပြုလုပ်နည်း..

ကျန်းမာရေးအတွက် Detox Water ပြုလုပ်နည်း

အိမ်မှာနေ့တိုင်း လုပ်သောက်ဖြစ်တဲ့ Detox Water ပါ။ သောက်တာတစ်ပတ်လောက်ရှိပါပြီ။ သိသိသာသာ လန်းဆန်းပေါ့ပါးလာပါတယ်။

အသားအရည်လည်း အရင်ထက်ပိုကြည်လာတယ်လို့ထင်ရတယ်။ သယ်ချင်းတို့ကိုလည်း သောက်စေချင်လို့ လုပ်နည်း မျှဝေလိုက်ပါတယ်။

လိုအပ်တဲ့ပစ္စည်း

၁။ သံပရာသီး (Lime)

၂။ သခြားသီး (Cucumber)

၃။ တရုတ်နံနံ (Celery)

၄။ ပူစီနံ (Mint)

၅။ ရှောက်ရွက် (Lemon leaf)

၆။ သစ်ကြမ်းပိုးခေါက် (Cinnamon)

၇။ စပါးလင် (Lemongrass)

၈။ ပျားရည် (Honey)

၉။ ဂျင်း (Ginger)

၁၀။ ရေသန့်် (Purified Drinking Water)

လုပ်နည်း (၁ လီတာစာ)

၁။ သံပရာသီး အရွယ်တော် ၂ လုံးကို ဆားကြမ်းနဲ့နာနာပွတ်ပြီး နာရီဝက်လောက် နှပ်ထားပါ။ ပြီးရင် အကွင်းလိုက် ပါးပါးလှီး၊ အစေ့ထုတ်ပြီး ၁ လီတာဆံ့ ဘူးထဲထည့်ပါ။

၂။ သခွားသီး အနေတော် ၁ လုံးလောက်ကို ရေဆေး၊ အကွင်းလိုက် ပါးပါးလှီး၊ အစေ့ဖယ်ပြီး ဘူးထဲပေါင်းထည့်ပါ။

၃။ တရုတ်နံနံ ၅ ပင်၊ ပူစီနံ ၅ ပင်၊ ရှောက်ရွက် ၅ ရွက် တို့ကိုရေသေချာဆေးပြီး ဘူးထဲထည့်ပါ။

၄။ သစ်ကြမ်းပိုးခေါက် လက်သန်းစာ တစ်ချောင်း လောက် ရေဆေးပြီး ဘူးထဲထည့်ပါ။

၅။ ရေဆေးပြီးသား စပါးလင် တစ်ချောင်းကို တစ်လက်မစီ လောက်ဖြတ်ထည့်ပါ။

၆။ ပျားရည်စစ်စစ် စတီးဇွန်း ၁ ဇွန်းစာ ထည့်ပါ။

၇။ ဂျင်းစိမ်း ၁ လက်မခန့်ကို ရေဆေးပြီး နည်းနည်း ထုထောင်းပြီးထည့်ပါ။

၈။ အဲ့တာတွေအားလုံး ဘူးထဲရောက်ပြီဆိုရင် အဲ့ဘူးကို ရေသန့်အပြည့်ဖြည့်၊ လေလုံအောင်ပိတ်၊ ရေခဲသေတ္တာထဲ အနည်းဆုံး ၅ နာရီလောက်ထားပြီးမှသောက်ပါ။မသောက်ခင် ဘူးကို နှံ့စပ်အောင် သေချာ လှုပ်ပြီးမှ သောက်ပါ။ ရေကုန်သွားရင် နောက်ထပ်တစ်ခါ ရေထပ်ဖြည့်ပြီးသောက်နိုင်ပါတယ်။

ချဉ်ရှိန်းရှိန်း အရသာကြိုက်ရင် ပျားရည်မထည့်လဲရပါတယ်။ နေ့တိုင်းသောက်ရင် အဆီကျစေပါတယ်။
သွေးလည်ပတ်မှုကောင်းပြီး ကိုယ်ခန္ဓာရဲ့ metabolism ကိုမြှင့်စေပါတယ်။ ကိုယ်တွင်းက အဆိပ်အတောက်တွေပြေစေတယ်လို့ လည်း ကြားဖူးပါတယ်။အားလုံး ကျန်းမာ ချမ်းသာကြပါစေ။

Be the first to comment

Leave a Reply

Your email address will not be published.


*