၇ရက်ဆက်တိုက် ဘီယာနဲ့မျက်နှာသစ်ခဲ့ရင်
အမေတွေကပြောလေ့ရှိကြတယ် နို့ကအသားအရေအတွက်အရမ်းကောင်းတယ်တဲ့လေ။ ဟိုးးး ရှေးခေတ်တွေတုန်းကဆို နို့စိမ်ပြီးတောင်ရေချိုးကြသေးတာ။ ဂန္တဝင်အလှဘုရင်မကြီးကလီယိုပတ်ထရာလိုလေ။
အခုခေတ်မှာတော့ အဲဒီအလေ့အထတွေ ခဏခေါက်ထားလိုက်ကြရအောင်နော်။ သောက်လို့ရော ရေချိုးလို့ရော ခေါင်းလျှော်လို့ပါရတဲ့ ခေတ်သစ်ရဲ့အလှကုန်ကတော့ ဘီယာပါတဲ့။
မုယောစပါး၊ နှံစားပြောင်း၊ စပါးတွေကနေချက်လုပ်ထားတဲ့ဘီယာထဲမှာ အသားအရေကိုအားဖြစ်စေတဲ့ဓါတ်ပစ္စည်းတွေအများကြီးပါဝင်တယ်ဆိုတာကို သင်သိပါသလား? ၇ရက်ဆက်တိုက် ဘီယာနဲ့မျက်နှာသစ်ပေးရင် ဘာတွေဖြစ်လာမလဲလို့ ကြည့်လိုက်ကြရအောင်…
Day 1.
ကိုယ်သုံးချင်တဲ့ဘီယာကို မတ်ခွက်ထဲထည့်ပါ။ ဆေးကြောသန့်စင်ပြီးသားမျက်နှာကို ဘီယာနဲ့ထပ်ဆေးပါ။ အသားထဲစိမ့်ဝင်အောင် လက်ဖျားထိပ်နဲ့ ဖိဖိပေးပါ။ နူးညံ့သောမျက်နှာသုတ်ပုဝါဖြင့် အသာအယာတို့ပြီးသုတ်ပါ။ ညဘက်သစ်ရင် ပိုကောင်းပါတယ်။
Day 2.
ညစဉ်တိုင်းမှာ မတ်ခွက်ထဲကဘီယာကုန်သည်အထိ မျက်နှာဆေးပါ။ ဝက်ခြံရှိပါက စပ်ဖျဉ်းဖျဉ်းလေးခံစားရပါလိမ့်မယ်။
Day 3.
ဝက်ခြံတွေ သိသိသာသာလျော့ပါးလာတာကို အံ့သြစွာနဲ့တွေ့ရပါလိမ့်မယ်။ ဘီယာရဲ့ antibacterial action ကြောင့် ဝက်ခြံကုသရာမှာ အသုံးဝင်ပါတယ်။
Day 4.
Lemon အရည်ညှစ်ထားတာကို ဘီယာနဲ့ရောပြီး မျက်နှာသစ်ပေးပါ။
Day 5.
Lemon ဘီယာအရောလေးနဲ့သစ်ပေးရင်း ပိတ်နေတဲ့ချွေးပေါက်တွေပွင့်သွားပါတယ်။
Day 6.
ဆားဝက်ခြံနဲ့အမဲကွက်တွေ လျော့ပါးလာပါတယ်။
Day 7.
ချွေးပါက်အတွင်းပိုင်းထိသန့်စင်နေပြီး အသားအရေတင်းရင်းစိုပြေလာပါတယ်။ ညတိုင်းဘီယာသောက်ဖို့ မပြောဘူးနော်
ဘီယာနဲ့ မျက်နှာသစ်ကြည့်ရအောင်…
Credit;
Day 1.
Day 2.
Day 3.
Day 4.
Day 5.
Day 6.
Day 7.
Credit;
Leave a Reply