9.9.2023 နေ့ မိုးလေဝသ သတင်း

9.9.2023 နေ့ မိုးလေဝသ သတင်း

မြန်မာနိုင်ငံအရှေ့ဘက် တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်းဟာ ပျက်ပြယ်သွားခဲ့ပြီဖြစ်ပေမယ့် မုန်တိုင်းအကြွင်းအကျန်တိမ်တိုက်များနဲ့ ဘင်္ဂလားပင်လယ်ပြင်မှာ ဖြစ်ပေါ်ခဲ့တဲ့ လေစိုင်ဝဲဟာလည်း အိန္ဒိယနိုင်ငံကို ဝင်ရောက်ပျက်ပြယ်သွားခဲ့ပေမယ့် လေစိုင်ဝဲကြောင့်ဖြစ်ပေါ်ခဲ့တဲ့ မိုးတိမ်စိုင်အကြွင်းအကျန်တွေဟာ အရှေ့ဘက် အနောက်ဘက် ညှပ်ပြီး မြန်မာနိုင်ငံအနှံ မိုးရွာသွန်းခဲ့ပြီး အလယ်ပိုင်း မိုးခေါင်ရေရှားဒေသတွေမှာ နေရာအနှံ့အပြား မိုးရွာခဲ့ပြီး တစ်ချို့နေရာတွေမှာ နေရာကွက်ပြီး မိုးကြီးခဲ့ပါတယ်။

ဆက်လက်ပြီး နောက် ၄ရက်မှ ၅ရက်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေစိုင်ဝဲတစ်ခု ထပ်မံဖြစ်ပေါ်နိုင်ပြီး မြန်မာနိုင်ငံအနှံ့ မိုးရွာသွန်းအုံးမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအရှေ့ဘက် တောင်တရုတ်ပင်လယ်ပြင်မှာလည်း နောက်တစ်ပတ်ထဲမှာ မုန်တိုင်းနဲ့ လေစိုင်ဝဲတေ ဖြစ်ပေါ်အုံးမှာဖြစ်ပါတယ်။ အရှေ့ဘက်အနောက်ဘက် ညှပ်ပြီးဖြစ်ပေါ်လာမယ့် လေစိုင်ဝဲနှင့် မုန်တိုင်းတို့ရဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံမှာ စတင်ဘာလကုန်လောက်အထိ မိုးဆက်လက်ရွာနေအုံးမှာဖြစ်ပါတယ်။

မိုးဇလ မြစ်ရေအခြေအနေ

ဧရာဝတီမြစ် – ညောင်ဦးမြို့ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိ – ရေကျနေ။ ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန် – စိုးရိမ်ရေမှတ်ကျော် – မြစ်ရေဆက်တိုးနေ

မြစ်သာမြစ် – ကလေး မြစ်ရေအတိုကြမ်း ၁၁၁ စင်တီမီတာ – စိုးရိမ်ရေမှတ်ရောက်ရန် ၁၁၀ စင်တီမီတာ(၃.၆ ပေ လို)

စစ်တောင်းမြစ် – တောင်ငူ ရေအတိုးကြမ်း

ပဲခူးမြစ် – ပဲခူး ရေအတိုးကြမ်း

Be the first to comment

Leave a Reply

Your email address will not be published.


*