အသားအရေကို အမြဲနုပျိုစေမယ့် သဘာဝပစ္စည်းများ

အသားအရေကို အမြဲနုပျိုစေမယ့် သဘာဝပစ္စည်းများ

သင့်အသားအရေကို photoshop နဲ့ ပြင်တာထက် ပိုပြီး နုပျိုလှပအောင် လုပ်လို့ရတဲ့ နည်းလမ်းတွေ ရှိပါတယ်
အသားအရေကို သဘာဝ အသီးအနှံတွေသုံးပြီး အမြဲနုပျိုအောင် လုပ်လို့ ရပါတယ် ….

ခရမ်းချဉ်သီး

ခြောက်သွေ့ပျက်စီးနေတဲ့ အသားအရေကို ခရမ်းချဉ်စီးနဲ့ ပြုပြင်လို့ ရပါတယ် ။ခရမ်းချဉ်သီးကို ပါးပါးလေးဖြစ်အောင် အကွင်းလိုက်လေး လှီးပြီး မျက်နှာပေါ်မှာ မိနစ် 20 ကြာကပ်ပေးထားရမှာပါ ။တစ်ပတ်တစ်ခါ လုပ်မယ်ဆိုရက် အသားအရေက ရေဓာတ်ပြည့်လာပြီး ပြန်လည် နုပျိုလာမှာပါ….

မျက်နှာယောင်နေတယ်ဆိုရင် ခရမ်းချဉ်သီးကို အရည်ညှစ်ပြီး မျက်နှာပေါ် ပွတ်တိုက်ပေးနိုင်ပါတယ် ။
အသားအရေ ညီညာဖို့ဆိုရင် ခရမ်းချဉ်သီးအနှစ်နဲ့ သံလွင်ဆီကို မျက်နှာပေါ်နှံ့အောင် လိမ်းပေးရမှာပါ….

အာလူး

အာလူးက အသားအရေ နုပျိုဖို့အတွက် အကောင်းဆုံး အသီးပါပဲ ။အသားအရေ ဝင်းလက်ဖို့ ၊ ညီညာဖို့ ၊ အရေးအကြောင်းတွေ မဖြစ်ဖို့ အာလူးကို အသုံးပြုနိုင်ပါတယ် ။အာလူးပြားတွေကို မျက်နှာပေါ်မှာ 15 မိနစ်ကြာ နေ့စဉ် ကပ်ပေးရမှာပါ…..
အာလူးကို အရည် ညှစ်ပြီးတော့လည်း အသုံးပြုနိုင်ပါတယ်။မျက်နှာ အသားအရေ ကြမ်းတမ်းနေပြီဆိုရင် သံပရိုသီးရည်နဲ့ အာလူးကိုရောပြီး မျက်နှာပေါ် ကပ်ပေးထားရုံပါပဲ….

သံပရိုသီး

သံပရိုသီးက အသားဖြူစေတဲ့အပြင် အစက်အပြောက်များ ၊ ဝက်ခြံ အမာရွတ်များကိုပါ ပျောက်စေပါတယ် ။
အသားအရေကို ချောမွေ့စေပြီး ဝင်းပစေပါတယ် ။ သဝပရိုသီးရည်နဲ့ အရေပြားကို လိမ်းပေးခြင်းက သဘာဝ lotion ပါပဲ…..

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ရဲ့ အနှစ်က မျက်နှာကို ရွှန်းစိုစေပါတယ် ။အမည်းစက်တွေ ၊ ဝက်ခြံအမာ ရွတ်တွေကို ပျောက်စေပြီး နေလောင်မှုကိုလည်း ကာကွယ်ပေးပါတယ်။ရှားစောင်းလက်ပတ်ကို lotion အဖြစ် နေ့စဉ် အသုံးပြုနိုင်ပါတယ် ။
ရှားစောင်းလက်ပတ် အနှစ်ကို မျက်နှာပေါ်မှာ 10 မိနစ်ကြာ ထားပေးရမှာဖြစ်ပြီး တစ်ပတ်တစ်ခါ ပြုလုပ်နိုင်ပါတယ် ။

သခြားသီး

သခွားသီးက ဝက်ခြံကို ကုသရာမှာ အလွန် ထိရောက်ပါတယ် ။ သခွားသီးက အသားအရေကို နုပျိုအောင်လည်း ကူညီပေးနိုင်ပါတယ် ။သခွားသီးတွေကို အပြားလေးတွေဖြစ်အောင် လှီးပြီး မျက်နှာပေါ် 15 မိနစ်ကြာ ကပ်ထားပေးရင် သဘာဝအတိုင်း ရေဓာတ်ပြည့်နေမှာပါ ။

မုန့်ဖုန့်ဆော်ဒါ

မုန့်ဖုန်ဆော်ဒါက အသားအရေကို သန့်စင်ပေးပါတယ် ။ ဆဲလ်အသစ်တွေ ဖြစ်အောင်လည်း လှုံ့ဆော်ပေးပါတယ် ။
ဒါပေမယ့် ဆော်ဒါကို mask အနေနဲ့သုံးတာက ပိုကောင်းပါတယ် ။မုန့်ဖုတ်ဆော်ဒါနဲ့ သံလွင်ဆီကို ဆတူရောပြီး တစ်ပတ်တစ်ခါ အသားအရေကြေးချွတ်ပေးနိုင်ပါတယ်….

ပေါင်းတင်ဖို့ ဆိုရင်တော့ မုန့်ဖုတ်ဆော်ဒါ စားပွဲတင် ဇွန်းတစ်ဇွန်းနဲ့ ဒိန်ချဉ်စားပွဲတင် ဇွန်းတစ်ဇွန်းကို ရောမွှေပြီး 10 မိနစ်ကြာ ထားပေးရမှာပါ ။အဲဒါဆိုရင်တော့ တင်းရင်းပြီး ချောမွေ့တဲ့ မျက်နှာ အသားအရေကို ရပါပြီ….

ပျားရည်

အသားအရေကို ရေဓာတ် ဖြည့်ဖို့ဆိုရင် ပျားရည်က အကောင်းဆုံးပါ ။ပျားရည်မှာ သတ္ထုဓာတ်တွေ အများကြီး ပါဝင်တာကြောင့် ဆဲလ်အသစ် ထုတ်လုပ်မှုကို မြန်စေပါတယ် ။ပျားရည်ကို ပုံမှန် အသုံးပြုပေးရင် အသားအရေတွန့်တာတွေ ပျောက်သွားမှာပါ….

အရေပြား ဓာတ်မတည့်မှုတွေကိုလည်း ပျားရည်က ဖြေရှင်းပေးနိုင်ပါတယ် ။ပျားရည်ကို မျက်နှာနဲ့ လည်ပင်းတစ်ဝိုက် နှံ့စပ်အောင် လိမ်းပေးပြီး 10 မိနစ်ကြာရင် မျက်နှာ သစ်ပေးလို့ ရပါပြီ ။သစ်ကြံ ပိုးခေါက်မှုန့်ကို ပျားရည်နဲ့ ဆတူရောပြီး မျက်နှာပေါ် လိမ်းပေးရင် ကောင်းမွန်တဲ့ ရလဒ်ကို မြန်မြန်တွေ့ရမှာပါ…..

အုန်းဆီ

 

မသန့်စင်ရသေးတဲ့ အုန်းဆီက အသားအရေကို အားဖြည့်ပေးပြီး ရေဓာတ်လည်း ပြည့်ဝစေပါတယ် ။ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေကို ညီညာ ချောမွတ်စေပါတယ် ။အုန်းဆီကို နေ့စဉ်လိမ်းပေးရင် အမြဲတမ်း နုပျိုတဲ့ မျက်နှာလေးကို ရမှာပါ ။မျက်နှာပေါ်မှာ အုန်းဆီကို လိမ်းပြီး 5 မိနစ်ကြာရင် တစ်သျှူးနဲ့ သုတ်ပေးရမှာပါ….

သံလွင်ဆီ

သံလွင်ဆီက အသားအရေ ကျန်းမာရေးအတွက် အများကြီး အကျိုးပြုပါတယ် ။အရေးအကြောင်းတွေကို ကာကွယ်ပေးပြီး မျက်နှာကို ချောမွေ့စေပါတယ် ။ပြီးတော့ သံလွင်ဆီက ဓာတ်မတည့်မှုတွေကိုလည်း မဖြစ်စေပါဘူး ။သံလွင်ဆီကို မနက်တစ်ကြိမ် ၊ ညတစ်ကြိမ် lotion အစား အသုံးပြုနိုင်ပါတယ် ။

မျက်လုံးအောက်မှာ အရေးအကြောင်း မဖြစ်အောင် သံလွင်ဆီကို လိမ်းပေးလို့ရပါတယ် ။သံလွင်ဆီကို ညလိမ်း cream အဖြစ် သုံးနိုင်ပါတယ် ….

ဗီတာမင် E

ဗီတာမင် E ဆေးတောင့်လေးတွေကို စတိုးဆိုင် ၊ ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်လို့ရပါတယ် ။ဗီတာမင် E က ဆဲလ်တွေကို အသစ် ဖြစ်ပေါ်စေပါတယ် ။အသားအရေကိုညီညာစေပြီး မျက်နှာပေါ်က အရေးအကြောင်းတွေကိုလည်း နည်းပါးစေပါတယ် ။
မျက်နှာလိမ်း cream တွေထဲကို ဗီတာမင် E ဖောက်ထည့်ပြီး လိမ်းပေးလို့ရပါတယ် ။ဗီတာမင် E က နှုတ်ခမ်းကိုလည်း ရေဓာတ် ဖြည့်ပေးပါတယ်….

Rosehip oil

Rosehip oilက နုပျိုမှုအတွက် အံ့ဩစရာသက်စောင့်ဆေးပါ ။အသက်အရွယ်ရလာတဲ့အခါ ဖြစ်ပေါ်လာတဲ့အရေးအကြောင်းတွေကို rosehip oilက ဖယ်ရှားပေးပါတယ် ။Rosehip oil တစ်စက်လောက်ကို cream အစား မျက်နှာပေါ်လိမ်းလို့ရပါတယ် ။
Cream နဲ့ rosehip oil ကို ရောပြီးတော့လည်း အသုံးပြုလို့ ရပါတယ်…..

သကြား

သကြားက သဘာဝ ကြေးချွတ်ဆေးပါပဲ ။ သကြားက အသားအရေကို နူးညံ့စွာ သန့်စင်ပေးပြီး မျက်နှာကို အားဖြည့်ပေးပါတယ် ။
ဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးပါတယ် ။ မျက်နှာ စိုနေတုန်းမှာ သကြားကို ပွတ်လိမ်းပေးရင် ကလေးလေးလို နူးညံ့တဲ့ အသားအရေကို ရမှာပါ ….

Be the first to comment

Leave a Reply

Your email address will not be published.


*