
ႏႈတ္ခမ္းႏွစ္လႊာ လွပေစဖို႔ရာ
မ်က္ႏွာျပင္လွပၿပီး ဆြဲေဆာင္မႈရွိေစဖို႔ အေရးပါဆုံးဟာ ႏႈတ္ခမ္းတစ္စုံပါပဲ။ဒီလို လွပဖို႔ရာ ႏႈတ္ခမ္းသားေတြဟာ က်န္းမာဖို႔ လိုပါတယ္။ေျခာက္ၿပီးကြဲအက္ေနမယ္ဆိုရင္ေတာ့ ဘယ္လိုမွ လွပနိုင္မွာ မဟုတ္ပါဘူး။
လွပၿပီး က်န္းမာတဲ့ႏႈတ္ခမ္းသားမ်ားဟာ ႏႈတ္ခမ္းဆိုးေဆး ဆိုးမထားသည့္တိုင္ေအာင္ ပန္းႏုေရာင္သန္းေနပါလိမ့္မယ္။
ႏႈတ္ခမ္းသားမ်ား က်န္းမာေနမွ ႏွစ္လိုဖြယ္ အသြင္အျပင္ ရရွိနိုင္မွာပါ။
ဒါေၾကာင့္မို႔ ႏႈတ္ခမ္းသားေျခာက္ျခင္းမ်ိဳး မျဖစ္ေစရန္ ႀကိဳတင္ကာကြယ္မႈ ျပဳထားရမွာပဲ ျဖစ္ပါတယ္။
ႏႈတ္ခမ္းသား မေျခာက္ေသြ႕ရေအာင္ ဒီလိုအခ်က္ေတြနဲ႔ ကာကြယ္ၾကရေအာင္။
၁။ ေနေရာင္ျခည္
ႏႈတ္ခမ္းသားေတြ ႏူးညံ့ေနေစဖို႔ ေနပူထဲသြားရင္ အနည္းဆုံး SPF 10 ပါဝင္တဲ့ ႏႈတ္ခမ္းလွဆီကို အျမဲလိမ္းေပးမယ္။
သို႔မဟုတ္ ႏႈတ္ခမ္းသားေတြ စိုေနေစဖို႔ Moisturizer Lotion ကို လိမ္းေပးမယ္။
၂။ေရဓာတ္
ႏႈတ္ခမ္းလွပဖို႔ရန္အတြက္သာ မဟုတ္ဘဲ ခႏၶာကိုယ္အတြက္ပါ အေရးတႀကီးလိုအပ္တဲ့ေရဓာတ္ရရွိဖို႔အတြက္ တစ္ေန႔ကို အနည္းဆုံး ေရရွစ္ဖန္ခြက္ေသာက္ေပးမယ္။ၿပီးေတာ့ ေရအျပင္ ဗီတာမင္ေအနဲ႔ အေရျပားနဲ႔ ႏႈတ္ခမ္းအတြက္ ေကာင္းမြန္ေစတဲ့
အျခားသတၱဳဓာတ္ အာဟာရဓာတ္ေတြပါဝင္တဲ့ သန႔္ရွင္းလတ္ဆတ္တဲ့ မုန္လာဥနီလို ေဖ်ာ္ရည္ေတြကို ေသာက္ေပးမယ္။
၃။ လ်က္ျခင္း
ႏႈတ္ခမ္းသားေတြကို ေျခာက္ေသြ႕ေစတဲ့ အျခားအခ်က္တစ္ခုကေတာ့ ႏႈတ္ခမ္းကို လၽွာျဖင့္ လ်က္ျခင္းပါပဲ။ဒီလိုျပဳလုပ္ရင္ က်န္းမာတဲ့ ႏႈတ္ခမ္းသားကိုေတာင္ ျပန္ၿပီး ေျခာက္ေသြ႕ေစတာမို႔ ေရွာင္ရွားေပးပါ။ဒီလိုမ်ိဳး ခဏခဏ မျပဳလုပ္မိေစဖို႔ ႏႈတ္ခမ္းအလွဆီ တစ္မ်ိဳးမ်ိဳးကို ႏႈတ္ခမ္းမွာဆိုး သို႔မဟုတ္ လိမ္းထားေပးနိုင္ရင္ ေကာင္းပါတယ္။
၄။ ေဆာင္းေလ
ေဆာင္းရာသီမွာလည္း ႏႈတ္ခမ္းသားေျခာက္ျခင္းမျဖစ္ေအာင္ေဆာင္းရာသီအတြက္ ထုတ္လုပ္ထားတဲ့ ႏႈတ္ခမ္းဆိုးေဆးကို အထူးျပဳေပးပါ။ထိုရာသီအတြင္းမွာ သံလြင္ဆီကိုလည္း လိမ္းေပးနိုင္ပါတယ္။
၅။ ဓာတ္မတည့္သည့္ ႏႈတ္ခမ္းအလွျပင္ပစၥည္းမ်ား
တစ္ခါတစ္ရံမွာ မိမိႏွင့္ ဓာတ္မတည့္တဲ့ ႏႈတ္ခမ္းအလွထိန္းသိမ္းသည့္ ပစၥည္းေတြ၊ သြားတိုက္ေဆးသို႔မဟုတ္ မိတ္ကပ္ေတြဟာလည္း ႏႈတ္ခမ္းကို ယားယံေစၿပီး ေျခာက္ေသြ႕ျခင္းကိုပါ ျဖစ္လာေစနိုင္ပါတယ္။
ဒီလိုမ်ိဳးျဖစ္လာၿပီဆိုရင္ မိမိႏွင့္ ဓာတ္မတည့္ဘူးလို႔ ခံစားမိတဲ့ပစၥည္းမ်ားကို ဆက္လက္မသုံးစြဲေတာ့ဘဲအျခားတံဆိပ္ တစ္မ်ိဳးမ်ိဳးကို ေျပာင္းလဲ၍ ေရြးခ်ယ္အသုံးျပဳၾကည့္ဖို႔ အႀကံေပးပါရေစ။
ႏႈတ္ခမ္းနီ ဝယ္ယူမယ္ဆိုရင္ ၎၌ပါဝင္ေသာ ဓာတုပစၥည္းမ်ား စာရင္းတြင္ႏႈတ္ခမ္းသားကို စိုစြတ္မႈေပးနိုင္ေသာ moisturizer, Vitamin မ်ားႏွင့္ Lanoline ေခၚသိုးေမြးမွရသည့္အဆီျဖင့္ ထုတ္လုပ္ေသာ ႏႈတ္ခမ္းဆိုးေဆးမ်ားကိုသာ ေရြးခ်ယ္ရပါမယ္။
Credit
နှုတ်ခမ်းနှစ်လွှာ လှပစေဖို့ရာ
မျက်နှာပြင်လှပပြီး ဆွဲဆောင်မှုရှိစေဖို့ အရေးပါဆုံးဟာ နှုတ်ခမ်းတစ်စုံပါပဲ။ဒီလို လှပဖို့ရာ နှုတ်ခမ်းသားတွေဟာ ကျန်းမာဖို့ လိုပါတယ်။ခြောက်ပြီးကွဲအက်နေမယ်ဆိုရင်တော့ ဘယ်လိုမှ လှပနိုင်မှာ မဟုတ်ပါဘူး။
လှပပြီး ကျန်းမာတဲ့နှုတ်ခမ်းသားများဟာ နှုတ်ခမ်းဆိုးဆေး ဆိုးမထားသည့်တိုင်အောင် ပန်းနုရောင်သန်းနေပါလိမ့်မယ်။
နှုတ်ခမ်းသားများ ကျန်းမာနေမှ နှစ်လိုဖွယ် အသွင်အပြင် ရရှိနိုင်မှာပါ။
ဒါကြောင့်မို့ နှုတ်ခမ်းသားခြောက်ခြင်းမျိုး မဖြစ်စေရန် ကြိုတင်ကာကွယ်မှု ပြုထားရမှာပဲ ဖြစ်ပါတယ်။
နှုတ်ခမ်းသား မခြောက်သွေ့ရအောင် ဒီလိုအချက်တွေနဲ့ ကာကွယ်ကြရအောင်။
၁။ နေရောင်ခြည်
နှုတ်ခမ်းသားတွေ နူးညံ့နေစေဖို့ နေပူထဲသွားရင် အနည်းဆုံး SPF 10 ပါဝင်တဲ့ နှုတ်ခမ်းလှဆီကို အမြဲလိမ်းပေးမယ်။
သို့မဟုတ် နှုတ်ခမ်းသားတွေ စိုနေစေဖို့ Moisturizer Lotion ကို လိမ်းပေးမယ်။
၂။ရေဓာတ်
နှုတ်ခမ်းလှပဖို့ရန်အတွက်သာ မဟုတ်ဘဲ ခန္ဓာကိုယ်အတွက်ပါ အရေးတကြီးလိုအပ်တဲ့ရေဓာတ်ရရှိဖို့အတွက် တစ်နေ့ကို အနည်းဆုံး ရေရှစ်ဖန်ခွက်သောက်ပေးမယ်။ပြီးတော့ ရေအပြင် ဗီတာမင်အေနဲ့ အရေပြားနဲ့ နှုတ်ခမ်းအတွက် ကောင်းမွန်စေတဲ့
အခြားသတ္တုဓာတ် အာဟာရဓာတ်တွေပါဝင်တဲ့ သန့်ရှင်းလတ်ဆတ်တဲ့ မုန်လာဥနီလို ဖျော်ရည်တွေကို သောက်ပေးမယ်။
၃။ လျက်ခြင်း
နှုတ်ခမ်းသားတွေကို ခြောက်သွေ့စေတဲ့ အခြားအချက်တစ်ခုကတော့ နှုတ်ခမ်းကို လျှာဖြင့် လျက်ခြင်းပါပဲ။ဒီလိုပြုလုပ်ရင် ကျန်းမာတဲ့ နှုတ်ခမ်းသားကိုတောင် ပြန်ပြီး ခြောက်သွေ့စေတာမို့ ရှောင်ရှားပေးပါ။ဒီလိုမျိုး ခဏခဏ မပြုလုပ်မိစေဖို့ နှုတ်ခမ်းအလှဆီ တစ်မျိုးမျိုးကို နှုတ်ခမ်းမှာဆိုး သို့မဟုတ် လိမ်းထားပေးနိုင်ရင် ကောင်းပါတယ်။
၄။ ဆောင်းလေ
ဆောင်းရာသီမှာလည်း နှုတ်ခမ်းသားခြောက်ခြင်းမဖြစ်အောင်ဆောင်းရာသီအတွက် ထုတ်လုပ်ထားတဲ့ နှုတ်ခမ်းဆိုးဆေးကို အထူးပြုပေးပါ။ထိုရာသီအတွင်းမှာ သံလွင်ဆီကိုလည်း လိမ်းပေးနိုင်ပါတယ်။
၅။ ဓာတ်မတည့်သည့် နှုတ်ခမ်းအလှပြင်ပစ္စည်းများ
တစ်ခါတစ်ရံမှာ မိမိနှင့် ဓာတ်မတည့်တဲ့ နှုတ်ခမ်းအလှထိန်းသိမ်းသည့် ပစ္စည်းတွေ၊ သွားတိုက်ဆေးသို့မဟုတ် မိတ်ကပ်တွေဟာလည်း နှုတ်ခမ်းကို ယားယံစေပြီး ခြောက်သွေ့ခြင်းကိုပါ ဖြစ်လာစေနိုင်ပါတယ်။
ဒီလိုမျိုးဖြစ်လာပြီဆိုရင် မိမိနှင့် ဓာတ်မတည့်ဘူးလို့ ခံစားမိတဲ့ပစ္စည်းများကို ဆက်လက်မသုံးစွဲတော့ဘဲအခြားတံဆိပ် တစ်မျိုးမျိုးကို ပြောင်းလဲ၍ ရွေးချယ်အသုံးပြုကြည့်ဖို့ အကြံပေးပါရစေ။
နှုတ်ခမ်းနီ ဝယ်ယူမယ်ဆိုရင် ၎င်း၌ပါဝင်သော ဓာတုပစ္စည်းများ စာရင်းတွင်နှုတ်ခမ်းသားကို စိုစွတ်မှုပေးနိုင်သော moisturizer, Vitamin များနှင့် Lanoline ခေါ်သိုးမွေးမှရသည့်အဆီဖြင့် ထုတ်လုပ်သော နှုတ်ခမ်းဆိုးဆေးများကိုသာ ရွေးချယ်ရပါမယ်။
Credit
Leave a Reply