
မည္းညစ္ေနတဲ့ မ်က္ႏွာနဲ႔ လက္ေခ်ာင္းအသားအေရ ျပန္လည္ႏုပ်ိဳျဖဴဝင္းေစမယ့္ သဘာဝနည္းလမ္း
အေရျပားဆိုတာ ကြၽန္မတို႔ ခႏၶာကိုယ္ရဲ႕ အဓိကအဂၤါရပ္တစ္ချဖစ္ပါတယ္။ အသားအေရက်န္းမာေရးကလည္း သိပ္ကိုအေရးႀကီးပါတယ္။ ဓါတုပၥစည္းေတြမၾကာခဏ ထိေတြ႕လို႔ အသားအေရေတြက တျဖည္းျဖည္း ညႇစ္ႏြမ္းလာပါတယ္။ ဒါ့ေၾကာင့္ သဘာဝနည္းလမ္းနဲ႔ ကုသနည္းေတြလည္း ထပ္မံျပဳလုပ္ေပးဖို႔လိုအပ္ပါတယ္။
မ်က္ႏွာအသားအေရသာမက လက္ေခ်ာင္းေျခေခ်ာင္းေလးေတြက အသားအေရလည္း လွပေနဖို႔လိုပါတယ္။ ေနေလာင္ထားလို႔ မည္းညစ္ေနတဲ့ မ်က္ႏွာနဲ႔ လက္ေခ်ာင္းေျခေခ်ာင္းက အသားအေရ ျပန္လည္ႏုပ်ိဳျဖဴဝင္းေစမယ့္ သဘာဝနည္းလမ္းေလးကို မွ်ေဝေပးလိုက္ပါတယ္။
အခုေျပာျပမယ့္နည္းလမ္းက သဘာဝနည္းလမ္းေလးေတြျဖစ္ၿပီး အလြယ္တကူရွာလို႔ရတဲ့ သဘာဝပစၥည္းေလးေတြနဲ႔ ျပဳလုပ္ေပးရမွာျဖစ္ပါတယ္။
ပါဝင္ပစၥည္း
သံပုယိုရည္ စားပြဲတင္ဇြန္း ၁ ဇြန္း
ဒိန္ခ်ဥ္ စားပြဲတင္ဇြန္း ၁ ဇြန္း
ပ်ားရည္ စားပြဲတင္ဇြန္း ၁ ဇြန္း
မေလာက္ဘူးဆိုရင္ အခုေျပာျပထားတဲ့ ပမာဏရဲ႕ ၂ ဆဆီေရာပါ။
ျပဳလုပ္နည္းကေတာ့ ႐ိုးရွင္းပါတယ္။ ပါဝင္ပစၥည္းေတြအားလုံးကိုေရာၿပီး ေသခ်ာေမႊလိုက္ပါ။ ၿပီးရင္ မ်က္ႏွာနဲ႔ လက္ေတြ အထူးသျဖင့္ ေနေလာင္ထားတဲ့ေနရာေတြမွာ လိမ္းေပးၿပီး ၁၅ မိနစ္ (သို႔) ေျခာက္သြားေအာင္ထားပါ။ေျခာက္ေသြ႕ေနတဲ့ မ်က္ႏွာအသားအေရကိုလည္း ျပန္လည္စိုေျပလာေစမွာျဖစ္ပါတယ္။ ဒီနည္းလမ္းကို တစ္ပတ္ ၂ ႀကိမ္လုပ္ေပးပါ။
မည်းညစ်နေတဲ့ မျက်နှာနဲ့ လက်ချောင်းအသားအရေ ပြန်လည်နုပျိုဖြူဝင်းစေမယ့် သဘာဝနည်းလမ်း
အရေပြားဆိုတာ ကျွန်မတို့ ခန္ဓာကိုယ်ရဲ့ အဓိကအင်္ဂါရပ်တစ်ခဖြစ်ပါတယ်။ အသားအရေကျန်းမာရေးကလည်း သိပ်ကိုအရေးကြီးပါတယ်။ ဓါတုပ္စစည်းတွေမကြာခဏ ထိတွေ့လို့ အသားအရေတွေက တဖြည်းဖြည်း ညှစ်နွမ်းလာပါတယ်။ ဒါ့ကြောင့် သဘာဝနည်းလမ်းနဲ့ ကုသနည်းတွေလည်း ထပ်မံပြုလုပ်ပေးဖို့လိုအပ်ပါတယ်။
မျက်နှာအသားအရေသာမက လက်ချောင်းခြေချောင်းလေးတွေက အသားအရေလည်း လှပနေဖို့လိုပါတယ်။ နေလောင်ထားလို့ မည်းညစ်နေတဲ့ မျက်နှာနဲ့ လက်ချောင်းခြေချောင်းက အသားအရေ ပြန်လည်နုပျိုဖြူဝင်းစေမယ့် သဘာဝနည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်။
အခုပြောပြမယ့်နည်းလမ်းက သဘာဝနည်းလမ်းလေးတွေဖြစ်ပြီး အလွယ်တကူရှာလို့ရတဲ့ သဘာဝပစ္စည်းလေးတွေနဲ့ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း
ဒိန်ချဉ် စားပွဲတင်ဇွန်း ၁ ဇွန်း
ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
မလောက်ဘူးဆိုရင် အခုပြောပြထားတဲ့ ပမာဏရဲ့ ၂ ဆဆီရောပါ။
ပြုလုပ်နည်းကတော့ ရိုးရှင်းပါတယ်။ ပါဝင်ပစ္စည်းတွေအားလုံးကိုရောပြီး သေချာမွှေလိုက်ပါ။ ပြီးရင် မျက်နှာနဲ့ လက်တွေ အထူးသဖြင့် နေလောင်ထားတဲ့နေရာတွေမှာ လိမ်းပေးပြီး ၁၅ မိနစ် (သို့) ခြောက်သွားအောင်ထားပါ။ခြောက်သွေ့နေတဲ့ မျက်နှာအသားအရေကိုလည်း ပြန်လည်စိုပြေလာစေမှာဖြစ်ပါတယ်။ ဒီနည်းလမ်းကို တစ်ပတ် ၂ ကြိမ်လုပ်ပေးပါ။
Leave a Reply