အလှအပအတွက် ဆန်ဆေးရေရဲ့ ဘက်စုံအသုံးဝင်ပုံများ


အလှအပချစ်မြတ်နိုးတဲ့ ပျိုမေလေးတို့ရေ မင်္ဂလာပါနော်။ ထမင်းချက်တိုင်း ဆန်ဆေးတဲ့အခါ ရရှိလာတဲ့ဆန်ဆေးရေကို အလဟဿမလွှင့်ပစ်သင့်တဲ့ အကြောင်းအရင်း (၂) မျိုးရှိပါတယ်

ရေကို ချွေတာဖို့နဲ့ အလှအပအတွက် အသုံးပြုဖို့အတွက်ပဲဖြစ်ပါတယ်။မျက်နှာသစ်တိုင်း ဆန်ဆေးရေနဲ့ မျက်နှာသစ်ပေးမယ်ဆိုရင် အသားအရေက စိုပြေဝင်းပနေမှာ မယုံမရှိနဲ့နော်။

အဆင်သင့်ဖြစ်ပြီဆိုရင် ဆန်ဆေးရေကို အလှအပအတွက် ဘယ်လို အသုံးပြုသင့်လဲဆိုတာကို အတူတူဆက်ဖတ်ကြည့်လိုက်ရအောင်။

၁။ မျက်နှာသစ်ဆေးအဖြစ် အသုံးပြုနိုင်ခြင်း

မျက်နှာအသားအရေလည်း နူးညံ့ပျော့ပျောင်းပြီး ကြည်လင်တောက်ပချင်တယ်ဆိုရင်တော့ ဆန်ဆေးရေအသုံးပြုပါ။ဝါဂွမ်းစလေးပေါ်သို့ ဆန်ဆေးရေအနည်းငယ်ဆွတ်လိုက်ပြီး မျက်နှာအနှံ့ ညင်သာစွာ သုတ်လိမ်းပြီး နှိပ်နယ်ပေးရမှာပါ။
အလှအပအတွက် ဆန်ဆေးရေရဲ့ ဘက်စုံအသုံးဝင်ပုံများ

ထို့နောက် မျက်နှာသုတ်ပုဝါနဲ့ မျက်နှာမသစ်ဘဲ ဒီအတိုင်းထားပြီး လေသလပ်ခံပေးလိုက်ပါ။နေ့တိုင်း မလုပ်ပေးနိုင်ရင်တောင် တစ်ပတ် နှစ်ကြိမ်ခန့် ပြုလုပ်ပေးရုံနဲ့တင် အသားအရေကို ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ထောက်ပံ့ပေးနိုင်ပါတယ်။

၂။ တိုနာအဖြစ် အသုံးပြုနိုင်ခြင်း

သုံးနေကျ တိုနာကုန်သွားလို့ စိတ်မညစ်လိုက်ပါနဲ့။ ဆန်ဆေးရေက ကမ္ဘာ့အကောင်းဆုံးတိုနာတစ်ခုပါပဲ။မျက်နှာသစ်ဆေးနဲ့ မျက်နှာစင်စင်သစ်ပြီးတဲ့အခါ ဝါဂွမ်းစကို ဆန်ဆေးရေဆွတ်ပြီး မျက်နှာပေါ် သုတ်လိမ်းပေးလိုက်ပါ။

ဆန်ဆေးရေက အသားအရေကို တင်းရင်းစေပြီး ချွေးပေါက်များကို ကျဉ်းစေကာ အသားအရေ ချောမွေ့ဖို့နဲ့ တောက်ပြောင်နေဖို့ ကူညီပေးပါလိမ့်မယ်။

၃။ ဝက်ခြံနှင့် အမဲစက်များကို ဖယ်ရှားပေးခြင်း

မျက်နှာပေါ်က ဝက်ခြံတွေ၊ အနီစက်တွေ၊ အမဲစက်တွေ၊ ဖုတွေကြောင့် စိတ်ညစ်နေပါသလား။ ဒါဆိုရင်တော့ ဆန်ဆေးရေနဲ့ နေ့တိုင်းမျက်နှာသစ်ပေးလိုက်ပါ။မျက်နှာပေါ်က အနာအဆာတွေကို ဖယ်ရှားပေးတဲ့အပြင် ဝက်ခြံနဲ့ တင်းတိပ်တွေ ထပ်မဖြစ်လာအောင်လည်း ကူညီပေးပါတယ်။

၄။ နှင်းခူရောဂါအတွက် ကုသပေးခြင်း

ဆန်ဆေးရေရဲ့ ကဆီဓာတ်က နှင်းခူရောဂါကြောင့် အရေပြားယားယံခြင်းကို သက်သာစေပါတယ်။သန့်စင်တဲ့ အဝတ်စကို ဆန်ဆေးရေထဲ နှစ်လိုက်ပြီး နှင်းခူဖြစ်လို့ ယားနေတဲ့နေရာကို ထိုအဝတ်စနဲ့ အသာအယာပုတ်ပေးလိုက်ပါ။၂ မိနစ်ခန့် ပုတ်ပြီးတာနဲ့ ခြောက်သွားအောင် လေသလပ်ခံပေးလိုက်ပါ။

၅။ နေလောင်ဒဏ်များကို သက်သာစေခြင်း

နေလောင်ဒဏ်ကြောင့် အသားအရေနီမြန်းရောင်ရမ်းခြင်းကို ဆန်ဆေးရေက သက်သာအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ဆန်ဆေးရေဆွတ်ထားတဲ့ ဝါဂွမ်းစလေးကို နေလောင်ဒဏ်ခံစားနေရတဲ့နေရာပေါ်မှာ သုတ်လိမ်းပေးလိုက်ရုံပါပဲ။

၆။ အရေးအကြောင်းများမဖြစ်ပေါ်အောင် တားဆီးပေးခြင်း

ဆန်ဆေးရေ လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို အုန်းဆီ နှစ်စက်၊ သုံးစက်ခန့်ဖြင့် ရောနှောထားလိုက်ပါ။ထို့နောက် မျက်နှာနဲ့ လည်ပင်းတစ်ဝိုက် သုတ်လိမ်းပြီး နှိပ်နယ်ပေးလိုက်ပါ။

ဒါဆိုရင်တော့ မျက်နှာအသားအရေလေးက ပါးရေတွန့်ခြင်းနဲ့ အရေအကြောင်း အန္တရာယ်မှ ကင်းဝေးပြီး ကလေးတစ်ယောက်ရဲ့ အသားအရေလို နူးညံ့နေမှာပဲဖြစ်ပါတယ်။ အုန်းဆီအစား ဂျိုဂျိုးပါးအဆီကိုလည်း အသုံးပြုနိုင်ပါသေးတယ်။

၇။ ဆံကေသာ ကျန်းမာသန်စွမ်းအောင် ကူညီပေးခြင်း

ခေါင်းလျှော်ပြီးသွားပြီ၊ Conditioner လည်း သုံးပြီးသွားပြီဆိုတာနဲ့ ဆန်ဆေးရေနဲ့ ထပ်လျှော်ပေးလိုက်ပါ။ ပြီးရင် ဦးရေပြားကို နှိပ်နယ်ပေးလိုက်ပါ။ပြီးမှ ရေနဲ့ နောက်တစ်ခေါက် ပြန်လျှော်လိုက်ပါ။ ဒီနည်းလမ်းလေးက

ဆံကေသာ ကျန်းမာသန်စွမ်းစေတဲ့အပြင် ဆံကေသာ တောက်ပြောင်အောင်လည်း ကူညီပေးပါတယ်။ဆန်ဆေးရေက အသားအရေအလှအပအတွက် ကောင်းကျိုးမြောက်မြားစွာ ပေးစွမ်းနိုင်တယ်ဆိုတာကို သိပြီဆိုတော့ ဒီနေ့ကစပြီး ဆန်ဆေးရေကို အလှအပအတွက် အသုံးပြုလိုက်ရအောင်။

Credit

Be the first to comment

Leave a Reply

Your email address will not be published.


*