ချိုင်းမွေးခဏခဏ နုတ်ရတာအဆင်မပြေလို့ ဘယ်လိုဖြေရှင်းရမလဲ

ချိုင်းမွေးခဏခဏ နုတ်ရတာအဆင်မပြေလို့ ဘယ်လိုဖြေရှင်းရမလဲ

မင်္ဂလာပါနော်။ ချိုင်းမွေးခဏခဏ နုတ်ရတာ အဆင်မပြေတဲ့အပြင် အရမ်းလည်းနာတယ်။ချိုင်းမွေးခဏခဏ နုတ်ရတာအဆင်မပြေလို့ ဘယ်လိုဖြေရှင်းရမလဲ ပြီးတော့ ချိုင်းကြား အသားအရေလည်း ပျက်စီးလို့ စိတ်ညစ်နေသူတွေအတွက် နည်းလမ်းကောင်းကို မျှေ၀ ပေးမယ်နော်။

၁။ ၂ မိနစ်အတွက် ချိုင်းမွေးကို ဖယ်ရှားမယ်။

ပါဝင်ပစ္စည်း

သကြား ၂ ခွက် / သံပုယိုရည် ခွက် ၁/၄ ပုံ /ရေခွက် ၁/၄ ပုံ | ပျားရည် ခွက် ၁/၄ ပုံ

ပြင်ဆင်ခြင်းနဲ့ အသုံးပြုခြင်း

အိုးအသေးတစ်လုံးထဲကို ရေထည့်လိုက်ပြီး ဆူအောင်သည်လိုက်ပါ။ ပြီးရင် တခြားပါဝင်ပစ္စည်းတွေထည့်ပြီး သေချာမွှေလိုက်ပါ။ ပြီးရင် အပူချိန်ကို လျှော့လိုက်ပြီး နာရီဝက်လောက် ထပ်ပြီးသည်ထားလိုက်ပါ။ ပွက်ပွက်ဆူနေတဲ့ ပါဝင်ပစ္စည်းတွေက ညိုလာပြီး ပျစ်ပျစ်လေးဖြစ်လာပြီဆို၇င် မီးဖိုပေါ်ကချပြီး အအေးခံပါ။ပြီးရင် ချိုင်းကြားအသားအရေကို ရေသေချာဆေးပြီး ခြောက်အောင်သုတ်လိုက်ပါ။

ပြီးရင် Baby Powder လိမ်ပေးလိုက်ပါ။ အဲဒီနောက် စောစောက ကျိုထားတဲ့ အရည်ကို ချိုင်းအောက်မှာ လိမ်းပေးလိုက်ပြီး ခြောက်အောင်ထားပါ။ ခြောက်သွားပြီဆိုရင် ခွာချလိုက်ပါ။ခပ်မြန်မြန်လေးခွာချလိုက်ပါနော်။ မဟုတ်ရင် ချိုင်းမွှေးမကျွတ်ဘဲ ဖြစ်နေမှာစိုးလို့ပါ။

ပြီးရင်ရေသေချာပြန်ဆေးပြီး ခြောက်အောင်သုတ်လိုက်ပါ။ အဲဒီနောက် ခရင်မ်တမျိုးမျိုးလိမ်းပေးထားလိုက်ပါ။ဒီနည်းလမ်းနဲ့ တခြားခန္ဓာကိုယ်ပေါ်က အမွှေးအမျှင်တွေကိုလည်း ဖယ်ရှားပေးလို့ရပါတယ်။

၂။ ကြက်ဥနဲ့ ကော်မှုန့်

ကြက်ဥနဲ့ ကော်မှုန့်ကိုလည်း အသုံးပြုနိုင်ပါတယ်။ ကြက်ဥအကာ စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ကော်မှုန့် စားပွဲတင်ဇွန်း တစ်ဝက်ရောပြီးထည့်လိုက်ပါ။

ပြီးရင် ချိုင်းသားကို သေချာရေဆေးခြောက်အောင်သုတ်ပြီး လိမ်းပေးလိုက်ပါ။ ပြီးရင် ခြောက်အောင်ထားပြီး ရေနွေးနဲ့ ဆေးချပါ။ ချက်ချင်းမသိသာပေမယ့် ဖြည်းဖြည်းချင်း သိသာလာမှာပါ။
Credit

ခ်ိဳင္းေမြးခဏခဏ ႏုတ္ရတာအဆင္မေျပလို႔ ဘယ္လိုေျဖရွင္းရမလဲ

မဂၤလာပါေနာ္။ ခ်ိဳင္းေမြးခဏခဏ ႏုတ္ရတာ အဆင္မေျပတဲ့အျပင္ အရမ္းလည္းနာတယ္။ခ်ိဳင္းေမြးခဏခဏ ႏုတ္ရတာအဆင္မေျပလို႔ ဘယ္လိုေျဖရွင္းရမလဲ ၿပီးေတာ့ ခ်ိဳင္းၾကား အသားအေရလည္း ပ်က္စီးလို႔ စိတ္ညစ္ေနသူေတြအတြက္ နည္းလမ္းေကာင္းကို ေမွ်၀ ေပးမယ္ေနာ္။

၁။ ၂ မိနစ္အတြက္ ခ်ိဳင္းေမြးကို ဖယ္ရွားမယ္။

ပါဝင္ပစၥည္း

သၾကား ၂ ခြက္ / သံပုယိုရည္ ခြက္ ၁/၄ ပုံ /ေရခြက္ ၁/၄ ပုံ | ပ်ားရည္ ခြက္ ၁/၄ ပုံ

ျပင္ဆင္ျခင္းနဲ႔ အသုံးျပဳျခင္း

အိုးအေသးတစ္လုံးထဲကို ေရထည့္လိုက္ၿပီး ဆူေအာင္သည္လိုက္ပါ။ ၿပီးရင္ တျခားပါဝင္ပစၥည္းေတြထည့္ၿပီး ေသခ်ာေမႊလိုက္ပါ။ ၿပီးရင္ အပူခ်ိန္ကို ေလွ်ာ့လိုက္ၿပီး နာရီဝက္ေလာက္ ထပ္ၿပီးသည္ထားလိုက္ပါ။ ပြက္ပြက္ဆူေနတဲ့ ပါဝင္ပစၥည္းေတြက ညိဳလာၿပီး ပ်စ္ပ်စ္ေလးျဖစ္လာၿပီဆိုရင္ မီးဖိုေပၚကခ်ၿပီး အေအးခံပါ။ၿပီးရင္ ခ်ိဳင္းၾကားအသားအေရကို ေရေသခ်ာေဆးၿပီး ေျခာက္ေအာင္သုတ္လိုက္ပါ။

ၿပီးရင္ Baby Powder လိမ္ေပးလိုက္ပါ။ အဲဒီေနာက္ ေစာေစာက က်ိဳထားတဲ့ အရည္ကို ခ်ိဳင္းေအာက္မွာ လိမ္းေပးလိုက္ၿပီး ေျခာက္ေအာင္ထားပါ။ ေျခာက္သြားၿပီဆိုရင္ ခြာခ်လိုက္ပါ။ခပ္ျမန္ျမန္ေလးခြာခ်လိုက္ပါေနာ္။ မဟုတ္ရင္ ခ်ိဳင္းေမႊးမကြၽတ္ဘဲ ျဖစ္ေနမွာစိုးလို႔ပါ။

ၿပီးရင္ေရေသခ်ာျပန္ေဆးၿပီး ေျခာက္ေအာင္သုတ္လိုက္ပါ။ အဲဒီေနာက္ ခရင္မ္တမ်ိဳးမ်ိဳးလိမ္းေပးထားလိုက္ပါ။ဒီနည္းလမ္းနဲ႔ တျခားခႏၶာကိုယ္ေပၚက အေမႊးအမွ်င္ေတြကိုလည္း ဖယ္ရွားေပးလို႔ရပါတယ္။

၂။ ၾကက္ဥနဲ႔ ေကာ္မႈန႔္

ၾကက္ဥနဲ႔ ေကာ္မႈန႔္ကိုလည္း အသုံးျပဳႏိုင္ပါတယ္။ ၾကက္ဥအကာ စားပြဲတင္ဇြန္း ၁ ဇြန္းနဲ႔ ေကာ္မႈန႔္ စားပြဲတင္ဇြန္း တစ္ဝက္ေရာၿပီးထည့္လိုက္ပါ။

ၿပီးရင္ ခ်ိဳင္းသားကို ေသခ်ာေရေဆးေျခာက္ေအာင္သုတ္ၿပီး လိမ္းေပးလိုက္ပါ။ ၿပီးရင္ ေျခာက္ေအာင္ထားၿပီး ေရေႏြးနဲ႔ ေဆးခ်ပါ။ ခ်က္ခ်င္းမသိသာေပမယ့္ ျဖည္းျဖည္းခ်င္း သိသာလာမွာပါ။
Credit

Be the first to comment

Leave a Reply

Your email address will not be published.


*