နနွင်းမှုန့်ကို အလှအပအတွက် အသုံးပြုတတ်သော မိန်းမပျိုလေးများ အထူးသတိပြုရန်

နနွင်းမှုန့်ကို အလှအပအတွက် အသုံးပြုတတ်သော မိန်းမပျိုလေးများ အထူးသတိပြုရန်

နနွင်းမှုန့်ဟာ ဟင်းချက်ပြုတ်နည်းတွေမှာ အထူးသဖြင့် လူကြိုက်များတဲ့ အစားအစာတွေမှာ မပါမဖြစ်တဲ့အရာတစ်ခုဖြစ်ပြီး
ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးရရှိစေတဲ့ anti-inflammatoryနှင့် antioxidantစတဲ့ ဂုဏ်သတ္တိများစွာလည်း ပါဝင်နေပါတယ်။

တချို့က ဝက်ခြံ၊အရေပြားယားယံခြင်းနှင့်မျက်နှာပေါ်ရှိအရေအကြောင်းတွေကို သက်သာအောင် face mask အဖြစ် အသုံးပြုတတ်ကြပါတယ်။ဒါပေမဲ့ မိခင်ဖြစ်သူရဲ့ အကြံပြုချက်ကြောင့် နနွင်းမှုန့်ကို face mask အဖြစ် ကြိုးစားကြည့်ခဲ့တဲ့ အမျိုးသမီးတစ်ဦးမှာတော့ အခြေအနေမဟန်ပုံရပါတယ်။

အင်ဒိုနီးရှားနိုင်ငံရှိ Twitter အသုံးပြုသူ @ibuibuyakultဟာ နနွင်းကို face maskအဖြစ်အသုံးပြုခဲ့ပြီးနောက် သူမမျက်နှာပေါ်ကို အဝါရောင်ကြီးဘယ်လို စွန်းကျန်နေခဲ့တဲ့ ပုံတွေကို မျှဝေခဲ့ပါတယ်။အဆိုပါ သူမရဲ့အကျိုးသက်ရောက်မှုတွေနဲ့ဓာတ်ပုံကြီးက emoji ရုပ်ကို တကယ့်အပြင်လက်တွေ့မှာ မြင်နေရသလို ဖြစ်နေပါတယ်။”နနွင်းမှုန့်က မျက်နှာအတွက်ကောင်းတယ်လို့ ငါ့အမေကပြောတယ်၊

ဒါမဲ့ ဘာလို့ အဝါရောင်ကြီးက ဆေးချလို့မရတာလဲ”ဟု သူမရဲ့Tweet မှာရေးထားပါတယ်။WORLD OF BUZZ က အဝါရောင်အစွန်းကို ဖယ်ရှားဖို့ အချိန်ဘယ်လောက်ပေးခဲ့ရလဲလို့မေးတော့ သူမက”ရိုးရိုးသားသားပြောရရင် ကျွန်မ အဲ့တာကြီးကို ဖယ်ရှားဖို့ ၂ရက်လောက်ကြာခဲ့တယ်”ဟု ဖြေကြားခဲ့ပါတယ်။

Netizen တွေက သူမရဲ့အဖြစ်အပျက်အား နနွင်းမှုန့်ကို ဘယ်လိုအသုံးပြုရမယ့်အကြံပြုချက်တွေနဲ့ တုံ့ပြန်ပေးခဲ့ကြပါတယ်။”နင် နနွင်းမှုန့်ကို အများကြီးသုံးလိုက်တာဘဲ၊ငါ အရင်ကလုပ်ဖူးပေမဲ့ အဝါရောင်ကြီး မကျန်ဖူးဘူး၊နနွင်းမှုန့်တစ်မျိုးတည်းမဟုတ်ဘဲ နို့မှုန့်၊oatmealတွေနဲ့ ရောသုံး”ဟု

netizen တစ်ဦးကဆိုထားပြီး တခြားတစ်ဦးက နနွင်းကို ပျားရည်နဲ့ ရောပြီးသုံးကြောင်း ဆိုထားပါသေးတယ်။ကောင်းပါပြီ အကြောင်းမသိဘဲနဲ့လည်း မျက်နှာပေါ်လျောက်မစမ်းကြည့်ကြပါနဲ့။အကယ်လို့ သူမ ဟောလိုဝင်းညအတွက် ဘာပြင်ရမှန်းမသိရင်တော့

နနွင်းကိုသုံးပြီး အပြင်လက်တွေ့emoji အစစ်အဖြစ် ရုပ်ပြောင်းနိုင်သွားတာပေါ့။သင်တို့လည်း ဟောလိုဝင်းညအတွက် စဉ်းစားရခက်နေရင်တော့ အဲ့လိုလေးစမ်းလုပ်ကြည့်လိုက်ပါ၊လှသွားစေမှာပါ။

နႏြင္းမႈန႔္ကို အလွအပအတြက္ အသုံးျပဳတတ္ေသာ မိန္းမပ်ိဳေလးမ်ား အထူးသတိျပဳရန္

နႏြင္းမႈန႔္ဟာ ဟင္းခ်က္ျပဳတ္နည္းေတြမွာ အထူးသျဖင့္ လူႀကိဳက္မ်ားတဲ့ အစားအစာေတြမွာ မပါမျဖစ္တဲ့အရာတစ္ခုျဖစ္ၿပီး
က်န္းမာေရးဆိုင္ရာ အက်ိဳးေက်းဇူးရရွိေစတဲ့ anti-inflammatoryႏွင့္ antioxidantစတဲ့ ဂုဏ္သတၱိမ်ားစြာလည္း ပါဝင္ေနပါတယ္။

တခ်ိဳ႕က ဝက္ၿခံ၊အေရျပားယားယံျခင္းႏွင့္မ်က္ႏွာေပၚရွိအေရအေၾကာင္းေတြကို သက္သာေအာင္ face mask အျဖစ္ အသုံးျပဳတတ္ၾကပါတယ္။ဒါေပမဲ့ မိခင္ျဖစ္သူရဲ႕ အႀကံျပဳခ်က္ေၾကာင့္ နႏြင္းမႈန႔္ကို face mask အျဖစ္ ႀကိဳးစားၾကည့္ခဲ့တဲ့ အမ်ိဳးသမီးတစ္ဦးမွာေတာ့ အေျခအေနမဟန္ပုံရပါတယ္။

အင္ဒိုနီးရွားႏိုင္ငံရွိ Twitter အသုံးျပဳသူ @ibuibuyakultဟာ နႏြင္းကို face maskအျဖစ္အသုံးျပဳခဲ့ၿပီးေနာက္ သူမမ်က္ႏွာေပၚကို အဝါေရာင္ႀကီးဘယ္လို စြန္းက်န္ေနခဲ့တဲ့ ပုံေတြကို မွ်ေဝခဲ့ပါတယ္။အဆိုပါ သူမရဲ႕အက်ိဳးသက္ေရာက္မႈေတြနဲ႔ဓာတ္ပုံႀကီးက emoji ႐ုပ္ကို တကယ့္အျပင္လက္ေတြ႕မွာ ျမင္ေနရသလို ျဖစ္ေနပါတယ္။”နႏြင္းမႈန႔္က မ်က္ႏွာအတြက္ေကာင္းတယ္လို႔ ငါ့အေမကေျပာတယ္၊

ဒါမဲ့ ဘာလို႔ အဝါေရာင္ႀကီးက ေဆးခ်လို႔မရတာလဲ”ဟု သူမရဲ႕Tweet မွာေရးထားပါတယ္။WORLD OF BUZZ က အဝါေရာင္အစြန္းကို ဖယ္ရွားဖို႔ အခ်ိန္ဘယ္ေလာက္ေပးခဲ့ရလဲလို႔ေမးေတာ့ သူမက”႐ိုး႐ိုးသားသားေျပာရရင္ ကြၽန္မ အဲ့တာႀကီးကို ဖယ္ရွားဖို႔ ၂ရက္ေလာက္ၾကာခဲ့တယ္”ဟု ေျဖၾကားခဲ့ပါတယ္။

Netizen ေတြက သူမရဲ႕အျဖစ္အပ်က္အား နႏြင္းမႈန႔္ကို ဘယ္လိုအသုံးျပဳရမယ့္အႀကံျပဳခ်က္ေတြနဲ႔ တုံ႔ျပန္ေပးခဲ့ၾကပါတယ္။”နင္ နႏြင္းမႈန႔္ကို အမ်ားႀကီးသုံးလိုက္တာဘဲ၊ငါ အရင္ကလုပ္ဖူးေပမဲ့ အဝါေရာင္ႀကီး မက်န္ဖူးဘူး၊နႏြင္းမႈန႔္တစ္မ်ိဳးတည္းမဟုတ္ဘဲ ႏို႔မႈန႔္၊oatmealေတြနဲ႔ ေရာသုံး”ဟု

netizen တစ္ဦးကဆိုထားၿပီး တျခားတစ္ဦးက နႏြင္းကို ပ်ားရည္နဲ႔ ေရာၿပီးသုံးေၾကာင္း ဆိုထားပါေသးတယ္။ေကာင္းပါၿပီ အေၾကာင္းမသိဘဲနဲ႔လည္း မ်က္ႏွာေပၚေလ်ာက္မစမ္းၾကည့္ၾကပါနဲ႔။အကယ္လို႔ သူမ ေဟာလိုဝင္းညအတြက္ ဘာျပင္ရမွန္းမသိရင္ေတာ့

နႏြင္းကိုသုံးၿပီး အျပင္လက္ေတြ႕emoji အစစ္အျဖစ္ ႐ုပ္ေျပာင္းႏိုင္သြားတာေပါ့။သင္တို႔လည္း ေဟာလိုဝင္းညအတြက္ စဥ္းစားရခက္ေနရင္ေတာ့ အဲ့လိုေလးစမ္းလုပ္ၾကည့္လိုက္ပါ၊လွသြားေစမွာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*