မျက်နှာအသားအရေလေး ကြည်လင်စိုပြေနေစေဖို့ ဆန်မှုန့်ကို ဒီလိုသုံးမယ်

မျက်နှာအသားအရေလေး ကြည်လင်စိုပြေနေစေဖို့ ဆန်မှုန့်ကို ဒီလိုသုံးမယ်

အသားအရေ ဖြူဝင်း ကြည်လင်စေဖို့အတွက် လူတိုင်းလိုလို ကြိုးစားကြပါတယ်။ ဆန်ဟာ ကျွန်မတို့ ခန္တာကိုယအတွက် အာဟာရ အပြည့် ပေးနိုင်ရုံသာမက အလှအပအတွက်လည်း အသုံးပြုနိုင်ပါတယ်။ ဆန်ဆေးရည်ကို ဆံကေသာသန်စွမ်းဖို့အသုံးပြုကြသလို မျက်နှာအလှအတွက်လည်း သုံးကြပါတယ်။ ဒီတစ်ခါမှာတော့ ဆန့်မှုန့်ကို အသုံးပြုတဲ့နည်းလမ်းကိုမျှဝေပေးပါမယ်။

ပါဝင်ပစ္စည်း

ဆန်မှုန့် စားပွဲတင်ဇွန်း ၅ ဇွန်း (ဆန်ကို နာရီဝက် ၁ နာရီလောက်ရေစိမ်ထားပြီး အမှုန့်ကြိတ်ပါ (သို့) ထောင်းပါ)
ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
ရေ ၁ ခွက်

ပြင်ဆင်ခြင်း

အရင်ဆုံး ခွက်တစ်လုံးထဲကို ဆန့်မှုန့်အရင်ထည့်ပါ။ ပြီးရင် ပျားရည်ထည့်ပါ။ ပြီးရင် ရေထည့်လိုက်ပါ။ အဲဒီနောက်သေချာနှံ့အောင်မွှေပေးပါ။ ပြီးရင်သုံးလို့ရပါပြီ။ မျက်နှာလိမ်းတဲ့ Brush အသန့် (သို့) လက်ချောင်းလေးတွေကိုအသုံးပြုပြီး လိမ်းပေးနိုင်ပါတယ်။ ၁၅ မိနစ် မိနစ် ၂၀ လောက် ထားပြီး အခြောက်ခံပါ။ ပြီးရင် ရေအေးအေးလေးနဲ့ ဆေးချပါ။ တစ်ပတ်ကို ၃ ကြိမ်လောက်လုပ်ပေးပါ။ ၁ လလောက်ဆိုရင် သိသာလာမှာဖြစ်ပါတယ်။

မ်က္ႏွာအသားအေရေလး ၾကည္လင္စိုေျပေနေစဖို႔ ဆန္မႈန႔္ကို ဒီလိုသုံးမယ္

အသားအေရ ျဖဴဝင္း ၾကည္လင္ေစဖို႔အတြက္ လူတိုင္းလိုလို ႀကိဳးစားၾကပါတယ္။ ဆန္ဟာ ကြၽန္မတို႔ ခႏၲာကိုယအတြက္ အာဟာရ အျပည့္ ေပးႏိုင္႐ုံသာမက အလွအပအတြက္လည္း အသုံးျပဳႏိုင္ပါတယ္။ ဆန္ေဆးရည္ကို ဆံေကသာသန္စြမ္းဖို႔အသုံးျပဳၾကသလို မ်က္ႏွာအလွအတြက္လည္း သုံးၾကပါတယ္။ ဒီတစ္ခါမွာေတာ့ ဆန႔္မႈန႔္ကို အသုံးျပဳတဲ့နည္းလမ္းကိုမွ်ေဝေပးပါမယ္။

ပါဝင္ပစၥည္း

ဆန္မႈန႔္ စားပြဲတင္ဇြန္း ၅ ဇြန္း (ဆန္ကို နာရီဝက္ ၁ နာရီေလာက္ေရစိမ္ထားၿပီး အမႈန႔္ႀကိတ္ပါ (သို႔) ေထာင္းပါ)
ပ်ားရည္ စားပြဲတင္ဇြန္း ၁ ဇြန္း
ေရ ၁ ခြက္

ျပင္ဆင္ျခင္း

အရင္ဆုံး ခြက္တစ္လုံးထဲကို ဆန႔္မႈန႔္အရင္ထည့္ပါ။ ၿပီးရင္ ပ်ားရည္ထည့္ပါ။ ၿပီးရင္ ေရထည့္လိုက္ပါ။ အဲဒီေနာက္ေသခ်ာႏွံ႔ေအာင္ေမႊေပးပါ။ ၿပီးရင္သုံးလို႔ရပါၿပီ။ မ်က္ႏွာလိမ္းတဲ့ Brush အသန႔္ (သို႔) လက္ေခ်ာင္းေလးေတြကိုအသုံးျပဳၿပီး လိမ္းေပးႏိုင္ပါတယ္။ ၁၅ မိနစ္ မိနစ္ ၂၀ ေလာက္ ထားၿပီး အေျခာက္ခံပါ။ ၿပီးရင္ ေရေအးေအးေလးနဲ႔ ေဆးခ်ပါ။ တစ္ပတ္ကို ၃ ႀကိမ္ေလာက္လုပ္ေပးပါ။ ၁ လေလာက္ဆိုရင္ သိသာလာမွာျဖစ္ပါတယ္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *