ကိုယ်နဲ့လိုက်ဖက်တဲ့ အောက်ခံမိတ်ကပ်ကို ဘယ်လိုရွေးချယ်မလဲ

ကိုယ်နဲ့လိုက်ဖက်တဲ့ အောက်ခံမိတ်ကပ်ကို ဘယ်လိုရွေးချယ်မလဲ

 

Make up လိမ်းခြယ်ရာမှာအခြေခံကျတဲ့ အဆင့်တစ်ခုဖြစ်တဲ့ foundation step ဟာ ပျိုမေတို့ရဲ့ အသားအရည်အတွက် မထင်မှတ်ထားတဲ့ နည်းလမ်းတွေနဲ့ ကောင်းကျိုးပြုနေတာတွေရှိနေပါတယ်။ ဥပမာဆိုရရင်တော့ နေဒဏ်၊ ရာသီဥတုဒဏ်တွေမှ ကာကွယ်ပေးခြင်း၊ မျက်နှာကို အပြစ်အနာအဆာမရှိအောင် ဖုံးပေးနိုင်စွမ်းရှိခြင်း၊ အသားအရေညီစေခြင်းစတာတွေပါပဲ။ ဒါပေမဲ့ ကောင်းကျိုးတွေကို ခံစားဖို့ဆိုရင်တော့ ပျိုမေတို့အနေနဲ့ foundation လိမ်းပြီးတိုင်း cleansing step ကို သေချာလုပ်ရမယ်၊ နောက်ထပ်အဓိကကျတဲ့အချက်ကတော့ ကိုယ်နဲ့လိုက်ဖက်ပြီး မှန်ကန်သင့်လျော်မှုရှိတဲ့ foundation ကို ရွေးချယ်တတ်ရပါလိမ့်မယ်။

အောက်ခံမိတ်ကပ် သို့မဟုတ် foundation ရွေးချယ်ရာမှ ဒွိဟဖြစ်နေတဲ့သူတွေ၊ ဘယ်ကနေ ဘယ်လိုစရမယ်မှန်းမသိတဲ့သူတွေအတွက် အခြေခံကျပြီး အရေးတကြီးဆန်းစစ်ကြည့်သင့်တဲ့ အချက်လေး (၅) ချက်ကို tips အနေနဲ့ ဖော်ပြပေးလိုက်ရပါတယ်။

(၁) ပါဝင်ပစ္စည်းတွေကိုစစ်ဆေးပါ

ပါဝင်ပစ္စည်းစစ်ဆေးတဲ့အချက်က သိပ်ကိုအရေးကြီးပါတယ်။ ကိုယ့်အသားအရည်နဲ့ ဘယ်လိုဓာတုဓာတ်တွေနဲ့ မတည့်ဘူးလဲဆိုတာမျိုးကို အရင်ဆုံးသိအောင်တော့ လုပ်ထားရပါလိမ့်မယ်။ ဥပမာ ကိုယ်ဆိုရင် skin care product တွေသုံးတဲ့အခါ ရှားစောင်းလက်ပတ် နဲ့ BH ဓာတ်ပါတာမျိုးရှောင်ကျဉ်တယ်၊ မိတ်ကပ်တွေမှာဆိုရင် petroleum, paraffin နဲ့ mineral oil ပါတဲ့အခါ ဝက်ခြံပေါက်စေနိုင်လို့ ရှေုာင်ပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး ဓာတ်မတည့်မှုတွေဟာ ကိုယ့်အနေနဲ့ သေချာမသိတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ အဲဒါကြောင့် foundation ဝယ်တဲ့အခါ တစ်ဗူးလုံးဝယ်တာထက်စာရင် sample လေးတွေ၊ ပုလင်းသေးလေးတွေ အရင်ဝယ်စမ်းသုံးကြည့်တာမျိုး လုပ်ပေးနိုင်ပါတယ်။

၂) လိုချင်တဲ့ coverage အဆင့်က ဘယ်လိုမျိုးလဲ

ကိုယ့်မျက်နှာက အပြစ်အနာအဆာတွေရှိနေမယ်ဆိုရင်တော့ ဖုံးဖိချင်တဲ့ ဝက်ခြံ၊ အမာရွတ်၊ အရေးကြောင်း၊ ချွေးပေါက်၊ အသားမညီညာမှုတွေအတွက် coverage ကောင်းတဲ့ foundation ကောင်းတစ်ခုတော့ လိုအပ်ပါလိမ့်မယ်။ တစ်ခုသတိထားရမှာက coverage ကောင်းလေ၊ မိတ်ကပ်သားပစ်ကာထူပြီး လိမ်းရတာပိုလက်ဝင်လေပဲဆိုတာပါ။ ဒါကြောင့် အခုမှ foundation စသုံးမယ့်လူတွေအတွက်ကတော့ မိတ်ကပ်သားပါးပြီးအရည်ကျဲတဲ့ foundation ကို အရင်ဆုံး စသုံးသင့်ပါတယ်။

(၃) Formula ကိုရွေးချယ်ခြင်း

ပါဝင်ပစ္စည်းတွေလည်း ကြည့်ပြီးပြီ၊ လိုချင်တဲ့ coverage လည်း သိပြီဆိုရင်တော့ နောက်တစ်ခု ထပ်ကြည့်သင့်တဲ့ အချက်တစ်ခုပါ။ ဒါကတော့ foundation ကို liquid type လား၊ cream, stick, powder type လား စသဖြင့် ရွေးချယ်ရမှာပါ။ ဒါကတော့ ကိုယ့်အကြိုက်ပေါ်မှာပဲ မူတည်ပါတယ်။ အခုမှ မိတ်ကပ်စသုံးဖူးတဲ့လူတွေအတွက်အဆင်ပြေစေမယ့် အမျိုးအစားကတော့ မိတ်ကပ်အရည်က ပိုအဆင်ပြေစေမှာပါ။ နောက် အသုံးများတဲ့အမျိုးအစားလည်း ဖြစ်နေပါတယ်။

(၄) လိမ်းလိုက်ရင်ဘယ်လိုပုံမျိုးထွက်စေချင်တာလဲ

ယေဘုံယျဆိုရင်တော့ matte type နဲ့ glow type ဆိုပြီး နှစ်မျိုး ခွဲခြားရမှာပါပဲ။ လွယ်လွယ်ပြောရမယ်ဆိုရင်တော့ oily skin နဲ့ combination skin type ဆိုရင် matte foundation တွေကို အသုံးပြုနိုင်ပြီး အသားခြောက်တဲ့သူတွေအတွက်တော့ ရေဓာတ်များများပါတာတို့၊ matte မဖြစ်တဲ့ foundation တွေကို ရွေးချယ်ရမှာပါပဲ။

၅) အသားအရောင်နဲ့ မိတ်ကပ်အရောင်

အသားအရောင်နဲ့ မိတ်ကပ်အရောင်ဟာလည်း ထပ်တူကျနေဖို့ လိုအပ်ပါတယ်။ ကိုယ့်အသားအရောင်က ပန်းရောင်ဖက်သန်းလား၊ အဝါဖက်သန်းလား အရင်ဆုံးကြည့်ပါ။ ပြီးရင် လိုက်ဖက်မယ်ထင်တဲ့ foundation အရောင်တွေကို ရွေးချယ်ပြီး ကိုယ့်ရဲ့မေးရိုးနဲ့ ပါးရိုးကြားမှာရှိတဲ့ အသားပေါ်ကို တင်လိုက်ပါ။ အသားအရောင်နဲ့အတစ်ထပ်တည်းကျတဲ့ foundation က သင်နဲ့အလိုက်ဖက်ဆုံးပါပဲနော်။

Be the first to comment

Leave a Reply

Your email address will not be published.


*