ကောင်မလေး လည်ပင်းက အညိုကွက်က ဘာဖြစ်တာလဲ..see more

ငါတို့တုန်းက သနပ်ခါးပဲ ပျက်တာ နင်တို့ အလှည့်မှပဲ အညိုကွက်ပါ ထတယ်၊တော်တော်ဆိုးတဲ့ စုန်းတွေ

 

စုန်းစုပ်ထားတဲ့ ကောင်မလေးလည်ပင်းက အညိုကွက်

“ကောင်မလေး လည်ပင်းက အညိုကွက်က ဘာဖြစ်တာလဲ သမီး ၊ ဒီကိုလာစမ်းလည်ပင်းက အညိုကွက်က ဘာဖြစ်တာလဲ ” မိခင်မေးလိုက်သည့်စကားကြာင့် မသန္တာစိုး အထိတ်တလန့် ဖြစ်သွားရသည် ။

အသေအချာ ဖုံးကွယ်ထားပါလျက်နှင့် မြင်ဖြစ်အောင်မြင်သေးသည် ။ သမီးလည်း မသိဘူးမေမေ ဟဲ့ ၊ စန်းတင် ။ “စုန်းစုပ်တာနေမှာပေါ့ “အဘွား ဝင်ပြောလိုက်တာကြောင့် မိခင် မျက်မှောင် တစ်ချက် ကုတ်သွားသည်ကို မြင်လိုက်ရသည် ။

“ဟုတ် ဟုတ်မယ် မေမေ ။ စုန်းစုပ်တာဖြစ်မယ်”

“ဒီခေတ်ကြီးမှာ စုန်းတွေ ကဝေတွေ မရှိတော့ဘူး ။ မေမေ့ကို မှန်မှန်ပြောစမ်း”

“တကယ်ပြောတာပါမေမေရာ ။ မေမေကသာ စုန်းမရှိဘူးပြောတာ ၊ စုန်းစုပ်ခံရတဲ့ ကောင်မလေးတွေ အများကြီးပဲ ။သမီးရဲ့ သူငယ်ချင်းတွေဆို လည်ပင်းမှာ အညိုကွက်တွဖြစ်နေလို့ သနပ်ခါးနဲ့တောင် ဖို့ထားရတာ ”

“ဟင်းဟင်း”ခနဲ့ပြီး ရယ်လိုက်တဲ့ မိခင်ရဲ့ ရယ်သံကြောင့် မသန္တာစိုး နေရထိုင်ရ ခက်သွားမိသည် ။

“စန်းတင် ၊ စုန်း ကဝေဆိုတာ ရှိတယ်ဟဲ့ ။ ရွာတည်ရင် စုန်းမရှိလို့ မရဘူ”

“အမေ မသိရင် ဝင်မပြောပါနဲ့ အမေရာ ။”

“သမီး ညည်း မေမေက ငယ်ရာက ကြီးလာတာနော် ။ မှန်မှန်ပြောစမ်း ”

“သမီး မညာပါဘူး မေမေရယ် စုန်းက ဘယ်အချိန် စုပ်သွားရတာလဲ သမီးလည်း ဘယ်သိပါ့မလဲ ”

လည်ပင်းကိုပဲ စုပ်တာလား ”

“ပြစမ်းပါဦး ”

“ဘာကို ပြရမှာလဲ မေမေ ”

“ရင်ဘတ်တွေ ၊ ရင်သားတွေကို မေမေကြည့်ချင်တယ် ဟာမေမေကလည်း ”

“ဟင်းဟင်း …အမေကိုညာဖို့ မကြိုးစားနဲ့ သမီး ”

“ဟဲ့ စန်းတင် ။ နင့်တုန်းကလည်း စုန်းစုပ်ခံရတာ မမှတ်မိဘူးလား ။လည်ပင်းရော ၊ ရင်ဘတ်ရော ပေါင်မှာရောလေ”

“အမေ”

“အေးလေ ၊ အဲဒီတုန်းက ငါတောင် နနွင်းမန်းတွေ လိမ်းပေးရသေးတယ် ။အညိုကွက်တွေ ထနေလိုက်တာ အများကြီးပဲလေဟယ်”

“အမေ..မဆိုင်ရင် ဝင်မပြောပါနဲ့လား ”

“ဘာလို့ မဆိုင်ရမှာလဲ ။ငါ့မြေးကိစ္စ ငါဝင်ပါမှ ဖြစ်မှာပေါ့ ။နင်တောင် လင်ရပြီးတဲ့အထိ စုန်းစုပ်ခံရတုန်းလေ”

“ဟာ.အမေ”

“ငါတို့တုန်းက စုန်းစုပ်တာ သိပ်မရှိဘူးဟဲ့ ။ သနပ်ခါး ပျက်ရုံလေးပဲ ။နင်တို့လက်ထက်ကျမှ စုန်းက တစ်ကိုယ်လုံးကို စုပ်တော့တာ ။”

“စန်းတင် ၊ နင် စုန်းစုပ်ခံရတုန်းကလို နနွင်းလေး လူးပေးလိုက်စမ်းပါ”

.”အမေရာ..”။

“သမီးမေမေ့ရှေ့က မြန်မြန် ထွက်သွားတော့” မိခင်ရှေ့က အမြန်ထွက်ရင်း အဘွား လှမ်းအော်လိုက်တဲ့စကားကြောင့် မသန္တာစိုးတစ်ယောက် မပြုံးဘဲ ဝါးလုံးကွဲ ရယ်ချလိုက်မိပါတော့တယ် ။

“မြေးရေ ၊ ရေချိုးရင် ကြေးသေချာတွန်းကွယ့် တော်ကြာစုန်း စိတ်ပျက်သွားမယ်”

စကားချပ် ကိုယ်တေလဲငယ်ငယ်က အပျိုကြီးတော်တော်များများ စုန်းကိုက်ခံရတာမြင်ဖူးပါတယ်။ဆန်စေ့တွေ ဝါးပြီးလဲကပ်ပေးဖူးပါတယ်။ ကြီးမှသိတော့တယ် စုန်းတကယ်ရှိတာပဲပေါ့။ဘဝအမောဖြေနိုင်ကြပါစေ။credit

ငါတို႔တုန္းက သနပ္ခါးပဲ ပ်က္တာ နင္တို႔ အလွည့္မွပဲ အညိဳကြက္ပါ ထတယ္၊ေတာ္ေတာ္ဆိုးတဲ့ စုန္းေတြ

စုန္းစုပ္ထားတဲ့ ေကာင္မေလးလည္ပင္းက အညိဳကြက္

“ေကာင္မေလး လည္ပင္းက အညိဳကြက္က ဘာျဖစ္တာလဲ သမီး ၊ ဒီကိုလာစမ္းလည္ပင္းက အညိဳကြက္က ဘာျဖစ္တာလဲ ” မိခင္ေမးလိုက္သည့္စကားၾကာင့္ မသႏၲာစိုး အထိတ္တလန႔္ ျဖစ္သြားရသည္ ။

အေသအခ်ာ ဖုံးကြယ္ထားပါလ်က္ႏွင့္ ျမင္ျဖစ္ေအာင္ျမင္ေသးသည္ ။ သမီးလည္း မသိဘူးေမေမ ဟဲ့ ၊ စန္းတင္ ။ “စုန္းစုပ္တာေနမွာေပါ့ “အဘြား ဝင္ေျပာလိုက္တာေၾကာင့္ မိခင္ မ်က္ေမွာင္ တစ္ခ်က္ ကုတ္သြားသည္ကို ျမင္လိုက္ရသည္ ။

“ဟုတ္ ဟုတ္မယ္ ေမေမ ။ စုန္းစုပ္တာျဖစ္မယ္”

“ဒီေခတ္ႀကီးမွာ စုန္းေတြ ကေဝေတြ မရွိေတာ့ဘူး ။ ေမေမ့ကို မွန္မွန္ေျပာစမ္း”

“တကယ္ေျပာတာပါေမေမရာ ။ ေမေမကသာ စုန္းမရွိဘူးေျပာတာ ၊ စုန္းစုပ္ခံရတဲ့ ေကာင္မေလးေတြ အမ်ားႀကီးပဲ ။သမီးရဲ႕ သူငယ္ခ်င္းေတြဆို လည္ပင္းမွာ အညိဳကြက္တြျဖစ္ေနလို႔ သနပ္ခါးနဲ႔ေတာင္ ဖို႔ထားရတာ ”

“ဟင္းဟင္း”ခနဲ႔ၿပီး ရယ္လိုက္တဲ့ မိခင္ရဲ႕ ရယ္သံေၾကာင့္ မသႏၲာစိုး ေနရထိုင္ရ ခက္သြားမိသည္ ။

“စန္းတင္ ၊ စုန္း ကေဝဆိုတာ ရွိတယ္ဟဲ့ ။ ႐ြာတည္ရင္ စုန္းမရွိလို႔ မရဘူ”

“အေမ မသိရင္ ဝင္မေျပာပါနဲ႔ အေမရာ ။”

“သမီး ညည္း ေမေမက ငယ္ရာက ႀကီးလာတာေနာ္ ။ မွန္မွန္ေျပာစမ္း ”

“သမီး မညာပါဘူး ေမေမရယ္ စုန္းက ဘယ္အခ်ိန္ စုပ္သြားရတာလဲ သမီးလည္း ဘယ္သိပါ့မလဲ ”

လည္ပင္းကိုပဲ စုပ္တာလား ”

“ျပစမ္းပါဦး ”

“ဘာကို ျပရမွာလဲ ေမေမ ”

“ရင္ဘတ္ေတြ ၊ ရင္သားေတြကို ေမေမၾကည့္ခ်င္တယ္ ဟာေမေမကလည္း ”

“ဟင္းဟင္း …အေမကိုညာဖို႔ မႀကိဳးစားနဲ႔ သမီး ”

“ဟဲ့ စန္းတင္ ။ နင့္တုန္းကလည္း စုန္းစုပ္ခံရတာ မမွတ္မိဘူးလား ။လည္ပင္းေရာ ၊ ရင္ဘတ္ေရာ ေပါင္မွာေရာေလ”

“အေမ”

“ေအးေလ ၊ အဲဒီတုန္းက ငါေတာင္ နႏြင္းမန္းေတြ လိမ္းေပးရေသးတယ္ ။အညိဳကြက္ေတြ ထေနလိုက္တာ အမ်ားႀကီးပဲေလဟယ္”

“အေမ..မဆိုင္ရင္ ဝင္မေျပာပါနဲ႔လား ”

“ဘာလို႔ မဆိုင္ရမွာလဲ ။ငါ့ေျမးကိစၥ ငါဝင္ပါမွ ျဖစ္မွာေပါ့ ။နင္ေတာင္ လင္ရၿပီးတဲ့အထိ စုန္းစုပ္ခံရတုန္းေလ”

“ဟာ.အေမ”

“ငါတို႔တုန္းက စုန္းစုပ္တာ သိပ္မရွိဘူးဟဲ့ ။ သနပ္ခါး ပ်က္႐ုံေလးပဲ ။နင္တို႔လက္ထက္က်မွ စုန္းက တစ္ကိုယ္လုံးကို စုပ္ေတာ့တာ ။”

“စန္းတင္ ၊ နင္ စုန္းစုပ္ခံရတုန္းကလို နႏြင္းေလး လူးေပးလိုက္စမ္းပါ”

.”အေမရာ..”။

“သမီးေမေမ့ေရွ႕က ျမန္ျမန္ ထြက္သြားေတာ့” မိခင္ေရွ႕က အျမန္ထြက္ရင္း အဘြား လွမ္းေအာ္လိုက္တဲ့စကားေၾကာင့္ မသႏၲာစိုးတစ္ေယာက္ မၿပဳံးဘဲ ဝါးလုံးကြဲ ရယ္ခ်လိုက္မိပါေတာ့တယ္ ။

“ေျမးေရ ၊ ေရခ်ိဳးရင္ ေၾကးေသခ်ာတြန္းကြယ့္ ေတာ္ၾကာစုန္း စိတ္ပ်က္သြားမယ္”

စကားခ်ပ္ ကိုယ္ေတလဲငယ္ငယ္က အပ်ိဳႀကီးေတာ္ေတာ္မ်ားမ်ား စုန္းကိုက္ခံရတာျမင္ဖူးပါတယ္။ဆန္ေစ့ေတြ ဝါးၿပီးလဲကပ္ေပးဖူးပါတယ္။ ႀကီးမွသိေတာ့တယ္ စုန္းတကယ္ရွိတာပဲေပါ့။ဘဝအေမာေျဖႏိုင္ၾကပါေစ။credit

Be the first to comment

Leave a Reply

Your email address will not be published.


*