လူငယ်စုံတွဲ ဟိုတယ် အခန်းထဲက တစ်ပါတ်လုံး အပြင်မထွက်လို့ ဖွင့်ကြည့်လိုက်တဲ့အခါ…

လူငယ်စုံတွဲ ဟိုတယ် အခန်းထဲက တစ်ပါတ်လုံး အပြင်မထွက်လို့ ဖွင့်ကြည့်လိုက်တဲ့အခါ…

အဆင့်မြင့် ဟိုတယ်တစ်လုံး မှာ စုံတွဲတစ်တွဲ အခန်းငှားတည်းခိုခဲ့ပြီး ၇ ရက် တစ်ပတ်လုံးလုံး အခန်းထဲကထွက်လာတာမတွေ့ရတဲ့အတွက် ဟိုတယ်ဝန်ထမ်းများနဲ့ ဟိုတယ်ပိုင်ရှင်ကပါ မသင်္ကာဖြစ်လာပြီး tအခန်းကို ဖွင့်ကြည့်လိုက်တဲ့အခါ၊အားလုံး အံ့အားသင့် ဒေါသထွက်ခဲ့ကြရပါတယ်။

ဟိုတယ်ပိုင်ရှင် ကိုယ်တိုင် ပစ္စည်း ပို့သမားယောင်ဆောင်ကာ အခန်းတံခါးကို သွားခေါက်ခဲ့ပါတယ်။ အခန်းတံခါးဟရုံလေးဖွင့်လာပါတယ်။

တံခါးဟနေတဲ့ ကြားကနေ အခန်းထဲကို လှမ်းကြည့်လိုက်တဲ့အခါမှာတော့ ထိတ်လန့်အံ့အားသင့်စရာ မြင်ကွင်းကို မြင်လိုက်ရပါတယ်။

ဟိုတယ်အခန်း နေရာအနှံ့မှာ စားကြွင်း စားကျန်များ အမှိုက်များ ပြန့်ကျဲပြီး စည်းကမ်းမဲ့ ပစ်ထားတာကြောင့်

အနံ့တွေကမကောင်းတော့သလို အခန်းထဲက အသုံးအဆောင် ပစ္စည်းအချို့လည်း ဖျက်ဆီးခံထားရတာကိုတွေ့ရပါတယ်။

ဟိုတယ်ပိုင်ရှင်က ချက်ခြင်း ရဲစခန်းကို ဖုန်ဆက် တိုင်ကြားခဲ့ပါတယ်။ အခန်းတွင်း ပျက်ဆီးမှုတန်ဖိုးဟာ ဒေါ်လာ ၄၀၀၀ ခန့်ရှိမည်ဖြစ်ပြီး

သူ့တို့တည်းခိုတဲ့ အခန်းခနဲ့တောင် မကျေနိုင်ပါဘူး။စုံတွဲလူငယ်နှစ်ဦး ထွက်ပြေးလို့မရအောင်သူတို့နှစ်ဦးကို အိပ်ယာဖုံးနဲ့လိပ်ပြီး ရဲတွေလာတဲ့ထိ ချုပ်ထားခဲ့ပါတယ်။

လူငယ်စုံတွဲရဲ့ ရှင်းပြချက်အရ သူတို့နှစ်ဦးဟာ နောက်ဆုံးနှစ်ကျောင်းသားတွေဖြစ်ပြီး ဒီဟိုတယ်က ဝိုင်ဖိုင် ကအစ အားလုံးပြည့်စုံတာမို့

သူတို့ရဲ့ ကျောင်းပရောဂျက်ကို အပြီးသတ်ဖို့ ဟိုတယ်မှာ အခန်းငှားပြီး တစ်ပတ်လုံးအပြင်မထွက်ပဲ လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ပရောဂျက်ပြီးဖို့ အချိန်ကိုက် အရေးကြီးတာကြောင့် အခန်းသန့်ရှင်းရေးလည်း မလုပ်နိုင်ခဲ့ဘူးလို့ ဆို ပါတယ်။

သူတို့နှစ်ဦး ပွရှုပ်ထားတဲ့ ပုံတွေကို လူမှုကွန်ယက်မှာ တင်လိုက်တဲ့အခါ မှာတော့ အားလုံးက ဟိုတယ်ပိုင်ရှင်ဘက် ကနေ စာနာသနားကြပြီး

စုံတွဲ ကိုတော့ သင်ထားတဲ့ ပညာတွေနဲ့မလိုက် စုတ်ပဲ့လွန်းလိုက်ကြတာလို့ ဝေဖန်လျှက်ရှိပါတယ်။ ။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *