အညာမှာပေါတဲ့ကဆစ်သီး ဒီလောက်တန်ဖိုးကြီးတာ အခုမှသိ
အညာမှာပေါတဲ့ကဆစ်သီး ဒီလောက်တန်ဖိုးကြီးတာအခုမှသိတယ်/။ ကဆစ်သီးကဆစ်ပင်သည် ဆေးဘက်ဝင်အပင်မျိုးဖြစ်ကာ အသီးတွင်အခါးမျိုးနှင့် အချဉ်မျိုးဟုနှစ်မျိုးတွေ့ရပြီး လေပွခြင်းလည်ချောင်းနာခြင်း အသည်းရောင်အသားဝါ သွေးအားနည်းရောဂါ ဆီးဆေးနှင့် အကိုက်အခဲပျောက်ဆေးများ ဖော်စပ်ရာတွင် သုံးသည်ဟုဆိုပါသည်။ အိန္ဒိယနိုင်ငံဒေသတချို့တွင် ကဆစ်သီးကို နံနက်စာတွင် ထည့်စားခြင်းဖြင့် အစာချေဖျက်အားကောင်းစေပြီး၊ အဆာခံကာ အလုပ်ကိုပိုမိုလုပ်နိုင်သည်ဟု ယုံကြည်ကြသည်။
အညာမှာတော့ ယာခင်းတွေနဲ့ ချုံတန်းတွေမှာ အလေ့ကျပေါက်လေ့ရှိပါတယ်။ ကဆစ်သီးအမှည့်ကို စားလို့ရပါတယ် သခွားမွှေးသီးနဲ့ အရသာဆင်ပါတယ်။ ကဆစ်သီးအစိမ်းကိုတော့ မီးဖုတ်ပြီးထောင်းစားကြသလို ကဆစ်သီးငပိချက်ဟာလည်း လူကြိုက်များပါတယ်။ ကဆစ်သီးကို ချဉ်ပေါင်ရွက်နဲ့အတူ ချဉ်ရည်ဟင်းချက်စားကြသလို ၊အမဲ၊ ဝက်ကြက်စတဲ့ အသားများနဲ့လည်း ရောချက်စားကြပါတယ်။ ကဆစ်သီးကို ထု အစေ့ပြောင်အောင် ရေဆေးပြီး ရေကျက်အေးနဲ့ အချဉ်တည်ပြီးတော့လည်း စားကြပါသေးတယ်။ သမားတော်တိုင်းရင်းဆေးကိုယ်တိုင် စားဘူးသူများမှ သွေးတိုးနှလုံးဆီးချိုကျောက်ကပ် ရောဂါများအတွက် အထူးကောင်းသည်ဟု ပြောပါသည်။
Leave a Reply