အဆီပိုမရှိ သွယ်လျကျစ်လစ်တဲ့ ခန္ဓာကိုယ် နှင့် မြင်သူတိုင်းငေးမောကြည့်ယူနေရလောက်အောင် စွဲမက်ဖွယ်ရာ အလှများပိုင်ဆိုင်ထားတဲ့ အေးမြတ်သူ
အပျိုကြီးမမလို့ အားလုံးက ချစ်စနိုးစနောက်ကြတဲ့ သရုပ်ဆောင်မင်းသမီးချော အေးမြတ်သူကတော့ မိန်းကလေးတိုင်း အားကျရလောက်တဲ့ ကျစ်လစ်သွယ်လှတဲ့ ခန္ဓာ ကိုယ်အလှကို ပိုင်ဆိုင်ထားသူလေးဖြစ်ပါတယ်။
သရုပ်ဆောင်ကောင်းသလို ချစ်စရာကောင်းလွန်းသူလေးမို့ ပရိသတ်တွေက အချစ်ပိုနေကြတာပဲ ဖြစ်ပါတယ် ။အနုပညာ သက်တမ်း တစ်လျှောက်မှာ အောင်မြင်မှုတစ်နေရာကို ရယူထားနိုင်တဲ့ မင်းသမီးချောလေး တယောက်ပါ။ကျရာဇာတ်ရုပ်ကိုပီပြင်အောင် သရုပ်ဆောင်နိုင်ခဲ့တာကြောင့်လည်း အကယ်ဒမီဆုကိုရယူပိုင်ဆိုင်ထားနိုင်သူပါ။
ဟန်ဆောင်မှုတွေကင်းပြီး စကားပြောပွင့်လင်းကာ ပါးချိုင့်အပြုံးလှလှလေးတွေနဲ့လည်း မြင်သူတိုင်းကို သဘောကျစေသလို သူမရဲ့ အပြောချိုချိုလေးတွေနဲ့ အပြုံးလှလှလေးအောက်မှာ ကြွေဆင်းခဲ့ရတဲ့ ပုရိသတွေကလည်း အများကြီးပါပဲနော်။
သူမရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်းမှာ ပရိ သတ်ကြီးနဲ့ အဆက်အသွယ်မပြတ်အောင်အမြဲ မျှဝေပေးလေ့ရှိပါတယ်။အခုလည်း ဂစ်တာရှိုတ်လေးလို သွယ်လျကျစ်လစ်ပြီး အားကျစရာကောင်းလွန်းတဲ့ အမိုက်စား ပုံလေးတွေကို ဝေမျှလာပါတယ် ။
ပုံတိုင်းမှာ အေးမြတ်သူ တစ်ယောက် ဘယ်နှစ်ခါကြည့်ကြည့် မရိုးနိုင်လောက်အောင် လှရက်လွန်းနေလို့ ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။
Credit Cele Zone
Photo – Aye Myat Thu
-Zawgyi Font ဖြင့်ဖတ်ရန် –
Credit Cele Zone
Photo – Aye Myat Thu
Leave a Reply