ဒီအပင်ကိုရှာနေတာ ၃ နှစ် ၃ မိုး ရှိပါပေါ့…ဇီးပင်ပေါ်မှာသာ ပေါက်တဲ့ရွှေနွယ်ရိုး ပင်လေး ထခုန်မိပါသေး

ဒီအပင်ကိုရှာနေတာ ၃ နှစ် ၃ မိုး ရှိပါပေါ့…ဇီးပင်ပေါ်မှာသာ ပေါက်တဲ့ရွှေနွယ်ရိုး ပင်လေး ထခုန်မိပါသေး

ဇီးပင်ပေါ်မှာသာ ပေါက်တဲ့ရွှေနွယ်ရိုး ပင်လေး ထခုန်မိပါသေး။ အပင်ကို ၃ ခွက် ၁ ခွက်တင်ကျိူသောက်ရင်ဗိုက်ကြီးပူ ပြီးရေတွေ စုတ်ထုတ်နေရတဲ့တနေ့ တသိန်းလောက်ကုန်ပြီး ဆရာဝန်တွေလက်လျှော့နေရတဲ့ ရောဂါ ရေဖျဉ်းရောဂါ ပျောက်ပါတယ်။ ဆီးချိူ သွေးချိူ နဲ့ ကင်ဆာ ရောဂါ ပျောက်ပါတယ် အားလုံး ကျန်းမာ ချမ်းသာကြပါစေ…။၎င်းဆေးရွှေနွယ်သည် ချို၏ ။ ထက်မြက်၏။ သည်းခြေနှင့်စပ်လျဉ်းသော ရောဂါများကို နိုင်နင်း၏..။

#ရောဂါအလိုက်အသုံးပြုပုံ- အသည်းရောင်ခြင်း/ အသည်းကြီးခြင်း/အသည်းမာကြောကြမ်းတမ်းခြင်းတို့အတွက်၎င်းဆေးရွှေနွယ်ကို ပြုတ်၍ သောက်ခြင်း။ ဝမ်းဗိုက်ကို လိမ်းပေးခြင်း ပြုလုပ်မူ အထက်ပါရောဂါများ ပျောက်ကင်း၏။ အသည်းအားနည်း/အားပျော့ခြင်းအတွက် ၎င်းရွှေနွယ်ကို ပြုတ်၍ ၎င်းပြုတ်ရည်သက်သက်ကို၎င်း ။ အခြားဆေးဘက်များနှင့်၎င်းသောက်မူ အသည်းကို များစွာအားပေး၏။

# သွေးဖောက်ပြန်ရောဂါ- ၎င်းဆေးရွှေနွယ် ၅-ကျပ် ။ တွင်းနက်ကတိုးမြစ် ၅-ကျပ် ။ ရေ ၆၀-ကျပ်သားနှင့် ထက်ဝက်ခန်းအောင် ကျို၍ ၎င်းဆေးတွင် ပျားရည်သင့်တော်ရုံစပ်၍ တခွက်စာ ကြွေဇွန်းကြီး ၃-ဇွန်းမျှ တနေ့ ၃-ကြိမ်သောက်ပါမူ သွေးဖောက်ပြန်သောရောဂါများ ပျောက်ကင်း၏။

# ဝမ်းရောင် ဝမ်းကြောတင်းရောဂါ- ဝမ်းရောင် ဝမ်းကြောတင်း အစာမကြေ လေချဉ်တက်ခြင်းဖြစ်မူ ၎င်းဆေးရွှေနွယ်ကို ကျက်ကျက်ကျို၍ ဝမ်းဗိုက်ကို လိမ်းပေးမူ ဖော်ပြပါရောဂါများနှင့်တကွ ဝမ်းဗိုက်နာကျင်ခြင်းများ ပျောက်ကင်း၏။

# မကျက်နိုင်သောအနာဟောင်းများ- ဆေးရွှေနွယ်မှုန့် ချင်းခြောက်မှုန့် ၂-မျိုး ဆတူပြုပြီးလျှင် ထောပတ်နှင့်ဖျော်၍ အနာအို အနာဟောင်းများသို့ လိမ်းပေးမူ အသားနုများတက်၍ အနာများအကျက်မြန်လိမ့်မည်။

# ယားနာမျိုးစုံ- ၎င်းဆေးရွှေနွယ်ကို ညက်စွာကြိတ်၍ ရေနှင့်မပျစ်မကျဲ ဖျော်၍ ယားနာများကို လိမ်းပေးမူ မြန်စွာပျောက်ကင်း၏။

# အရေပြားလိမ်းဆေး- အရေပြားရောဂါများ အခြားအတွင်းဆေးများစားသော်၎င်း။ မစားသော်၎င်း အဆိုပါရွှေနွယ်ကို ပြုတ်၍ ရေချိုးပေးခြင်း လူးပေးလိမ်းပေးခြင်း ပြုလုပ်ပါမူ များစွာအကျိုးရှိ၏။

# ရေငတ်ရောဂါ- အဖျားအားကြီး၍ ရေငတ်ခြင်း ကျောက် ဝက်သက်စသောရောဂါ ဝမ်းရောဂါဖြစ်၍၎င်း ရိုးရိုးရေငတ်ရောဂါများကို၎င်း ရွှေနွယ်ကို ပြုတ်၍ ရေသဘောသောက်မူ ရေငတ်ရောဂါများ ပျောက်ကင်း၏။

# သွေးဆိုးပွားရောဂါ- သွေးသားမစင်ကြယ်ခြင်း ယားယံခြင်းတို့အတွက် ရွှေနွယ်ကို ကျို၍သောက်မူ သွေးသားစင်ကြယ်စေ၏။

# ဝမ်းဗိုက်ထိုးကျင်ခြင်း- အောက်သို့ လေမစုန်ဘဲ ဝမ်းဗိုက်တင်းကြပ်နာကျင်မူ ရွှေနွယ်ကိုကျို၍ ဝမ်းဗိုက်တွင် လိမ်းပေး၍ အဝတ်နှင့်ပတ်ထားမူ အောက်သို့လေစုန်၍ ဝမ်းဗိုက်နာခြင်း ပျောက်ကင်း၏။

Credit to Original Writer- ဆရာ ကိုသက်နိုင်ဦးအား လေးစားလျှက်၊ မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်…။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *