မီးဖိုချောင် ပန်းကန်ဆေးသည့် နေရာက အသံတိတ်လူသတ်သမား…
မီးဖိုချောင် ပန်းကန်ဆေးသည့်နေရာက အသံတိတ်လူသတ်သမား လွန်ခဲ့တဲ့ခြောက်နှစ်လောက်က ကျွန်တော့်မိတ်ဆွေတစ်ယောက်နဲ့ဆုံဖြစ်ပါတယ်။အိပ်ယာထဲကမထနိုင်သလိုအစားအသောက်ပါ မစားနိုင်တဲ့အတွက် လူတစ်ကိုယ်လုံးကအရိုးပေါ် အရေတင်နေပါပြီ သူခံစားနေရတဲ့ဝေဒနာကို မေးကြည့်တော့ချက်နားကစူးအောင့်ပြီးနာနေသလို ဝမ်းလဲချုပ်နေပါတယ်။ဆေးခန်းပြတော့လဲ ပိုးသတ်ဆေးနဲ့ အကိုက်အခဲပျောက်ဆေးတွေပဲပေးသတဲ့လေ။
ဖြစ်နိုင်ခြေကိုကျွန်တော်စဉ်းစားကြည့်ပါတယ် အစာအိမ်မှာအနာရှိသလား အူခေါက်သလားအူကင်ဆာလားပေါ့လေ။ စိတ်ထဲမှာမသင်္ကာလာတာနဲ့ မေမေ့တပည့်ခွဲစိတ်ဆရာဝန်ကြီးဆီကို အကြံဉာဏ်တောင်းခံခဲ့ပါတယ်။ဆရာဝန်ကြီးက လူနာကိုချက်ချင်းဆေးရုံကြီးကိုခေါ်လာဖို့နဲ့ သူကိုယ်တိုင်လာကြည့်မယ်လို့ပြောပါတယ်။ဓါတ်မှန်ရိုက်တော့လဲ ဘာမှမပေါ်ပါဘူး ဆရာဝန်တွေခေါင်းစားရတဲ့ပြသနာပါပဲ။
Operation လုပ်ဖို့ကလဲရောဂါ အတိအကျမသိရတဲ့အတွက် လုပ်ဖို့မလွယ်ပါ။အတိုချုံ့ပြောရရင်တော့ လူနာဟာခြောက်လအကြာမှာဆုံးပါးသွားတာပဲဖြစ်ပါတယ်။ ရင်ခွဲစစ်ဆေးချက်တွေအရအူမကြီးတစ်ခုလုံးပုပ်နေပါပြီ။ အူမကြီးကိုအသေအခြာစစ်ဆေးတော့မှ အူနံရံမှာစိုက်ဝင်နေတဲ့ Steel စလေးကိုတွေ့ရပါတယ်။အဲဒီ Steel စလေးက ပန်းကန်တွေဆေးရာမှာအသုံးပြုတဲ့ Steel အစလေးပါ အခန့်မသင့်ရင်အသက်တစ်ချောင်းဆုံးရှူံးတတ်တာကြောင့် အိုးတိုက်တဲ့သံစာဖတ်ကိုမသုံးစေချင်ပါဘူးခင်ဗျာ။
Leave a Reply