ကောက်ရိုးမှို ကို အိတ်နဲ့စိုက်နည်း

ကောက်ရိုးမှို ကို အိတ်နဲ့စိုက်နည်း ပါ ထိုင်းလူမျိုးတွေ ကတော့ စီးပွားဖြစ် မှိုကို ရုံဆောက်ပြီး စင်နဲ့ စီးပွားဖြစ်စိုက် ပျိုးကြပါတယ်။ ကောက်ရိုးမှိုကို အိတ်နဲ့စိုက်ရာမှာ လိုအပ်တဲ့ ကုန်ကြမ်း ပစ္စည်း တွေကတော့
၁ – ပီနံ အိတ် အဟောင်း
၂- ကောက်ရိုး အထုံးသေး တစ်ထုံး

၃- ထုံး နဲ့ ဖွဲနု
၄- နွှားချေးခြောက် တစ်တင်းခန့်
၅- ကောက်ရိုးမှို မျိုးထုပ်တစ်ထုပ်

၆- ဗေဒါ အနည်းငယ်
၇- EM ဖျော်ရည်တို့ဖြစ်ပါတယ်

ဦးစွာ ပထမ အရေးကြီးဆုံး အချက်တစ်ခု ဖြစ်တဲ့ မှိုမျိုး ထုပ်ကို ရွှေးချယ် ဝယ်ယူ ရာမှာ မှိုမျိုးထုတ်မှာ ဘက်တီးယား မှို တက်နေတဲ့ အစိမ်းရောင် အကွက်တွေဝင်နေတဲ့ အထုပ်တွေစိုထိုင်း စမရှိ ပဲ ခြောက် နေတဲ့ အထုပ်တွေ ရေများ ပြီး အထဲမှာ မဲ နေတဲ့ အထုပ် တွေကို ရှောင် ပြီး အဖြူရောင် မှိုမြှင် များတဲ့ မျိုးထုပ်ကို ရွှေးခြယ် ဝယ်ယူ ပေးပါ ( group ထဲ က အချို့က မှိုကို မျိုးစေ့ နဲ့ စိုက်တယ် ထင်နေလို့ပါ မှို ကို
မျိုးစေ့ နဲ့စိုက်တာ မဟုတ်ပါဘူး ဒါပေမဲ့မှိုမှာ သဘာဝ အရမျိုးစေ့ရှိပါတယ် အရှင်းမရှိဘူး လို့ မဆိုလိုပါ အလွန်သေးငယ်ပါတယ်)

ဒုတိယ အရေးကြီးတဲ့ အချက်က မှိုဖြစ်တည် ဖို့ အောက်ခံ ပြုလုပ်တဲ့ အချက်ပါဦးစွာ ရေငါးဂါလံထဲကို EM စားပွဲတင်ဇွန်း ၃ဇွန်းလောက်ထည့်မွှေပြီး ကောက်ရိုးကို တစ်ညသိပ် ရေစိပ်ပေးပါ နှောက်နေ့မနက်မှာ ကောက်ရိုးကို ထုံးအနည်းငယ် ဖွဲနု လက်တစ်ဆုပ် နှစ်ဆုပ်လောက် နဲ့ ရောမွှေ ပြီးပလပ်စတစ်စနဲ့နာရီ အနည်းငယ်နှပ်ပေး ထားပါ နှပ်ထားတဲ့အချိန်မှာ ဗေဒါကို အမြစ်ပါအပါ နှစ်လက်မ အနေလောက် စင်းပေးထားပါ တစ်တိယအဆင့်တွင်နွှားချေး ခြောက်ကိုရေဖြန်းပေးရပါမယ် ရေကိုအိုင်နေအောင် မဖြန်းပါနှင့် ပြီးနှောက် မှိုမျိုးထုတ်အား ဖောက်ကာ ထုံး အနည်းငယ် နှင့် ဖွဲနုအနည်းငယ်ဖြင့်

ရောကာခြေပေးရပါမည် နှောက်ဆုံးတွင် ပီနံအိတ်ထဲ ကောက်ရိုး ခံကာ ကောက်ရိုး ပေါ်သို့ နွှားချေး သုံးလက်မခန့်ခံပေးပါ နွှားချေးကိုဖွ မထည့်ပါနှင့် ဖိထည့်ပေးပါ နွှားချေး ပေါ်သို့ ဗေဒါ များကို မျက်နှာပြင်ပြည့် ခင်းပေး ပါ ဗေဒါပေါ် သို့ ခြေထားသောမှိုမျိုးများ ကို ခပ်ပါးပါး ခင်းပေးပြီး ရေကို ခပ်နည်းနည်း ဖြန်းပေးပါ ထို့နှောက် နွှားချေး ခပ်ပါးပါးအုပ်ကာ ဗေဒါ တစ်ဆင့်ဖြူးပြီး ဗေဒါ ပေါ် တွင် မှိုမျိုး များအား ထပ်မံ ဖြူးပေး ရပါမည် ရေကိုခပ်ပါးပါး ဖြန်းပေးပါ ပြီးနှေက်ပီနံ အိတ်ဝ ကို ကြိုးဖြင့်စည်းကာ အလင်းရောင် တိုက်ရိုက်မရရှိသော နေရာတွင် ထားပေးပါဆယ့်သုံးရက်ခန့်ကြာလျှင် မှိုများစတင်ခူးဆွတ် နိုင်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*