7.9.2023 မိုးလေဝသ အခြေအနေ

7.9.2023 မိုးလေဝသ အခြေအနေ

ဘင်္ဂလာပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့လေစိုင်ဝဲကြီးဟာ ဒီနေ့မှာတော့ အိန္ဒိယနိုင်ငံကို ဖြတ်ကျော်ဝင်ရောက်နေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံ အရှေ့ဖက် တောင်တရုတ်ပင်လယ်အတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်းမှာ အားလျော့ပျက်ပျယ်သွားပြီဖြစ်ပါတယ်။ သို့သော်လည်း မုန်တိုင်းအင်အားကြီးမားလွန်းတဲ့အတွက် မုန်းတိုင်းရဲ့အရှိန်တွေမှာ ယနေ့မြန်မာနိုင်ငံအပေါ်ကို အကျိုးသက်ရောက်နေအုံးမှာ ဖြစ်ပါတယ်။ ဘင်္ဂလားပင်လယ်အော်မှ လေစိုင်ဝဲရဲ့အရှိန် နဲ့ တရုတ်နိုင်ငံမှာတိုက်ခတ်သွားတဲ့ တိုင်ဖွန်းမုန်းတိုင်းရဲ့ အရှိန်တွေကြောင့် ယနေ့ ၇.၉.၂၀၂၃နေ့မှာလည်း မြန်မာနိုင်ငံအနှံ့ မိုးရွားသွန်းနေအုံးမှာဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ မိုးဆက်လက်ရွာသွန်းမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ တနင်္သာရီတိုင်းတွေမှာတ​ော့ မိုးသည်းထန်စွာ ရွာသွန်းမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ အရှေ့ဘက် တောင်တရုတ်ပင်လယ်၊ ဂျပန်ပင်လယ်အော်နဲ့ ပစိဖိတ်သမုဒ္ဒရာတို့မှာလည်း နောက်ထပ် မုန်းတိုင်းများ လေစိုင်ဝဲများ စက်တင်ဘာလအတွင်း ဖြစ်ပေါ်မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ အနှစ်ချုပ်ရမယ်ဆိုရင်တော့ စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံမှာ မိုးကောင်းနေအုံးမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံသားများအားလုံး ကျန်းမာချမ်းသာ ဘေးဘယာဝေးကွာကြပါစေ။




Be the first to comment

Leave a Reply

Your email address will not be published.


*