ကောက်ရိုး၊ နှမ်းရိုးဖြင့် မြေဆွေးပြုလုပ်နည်း
အခုအချိန်ဟာဖြင့် အစစ အရာရာ စျေးနှုန်းများမြင့်တက်နေတဲ့အချိန်ဖြစ်ပြီး တောင်သူလုပ်ငန်းအတွက် ဓာတ်မြေဩဇာ စျေးတွေဟာလည်း အဆမတန်မြင့်တက်နေတဲ့အတွက် တောင်သူအများစုမှာ ဝယ်ယူအသုံးမပြုနိုင်ကြပါဘူး။ ဓာတ်မြေဩဇာရဲ့ အာနိသင်ဟာလည်း ၃လမှ ၆လ လောက်သာ အာနိသင်ရှိပြီး နောက်ပိုင်းမှာ မြေဆီလွှာတွေပျက်စီးကုန်ပါတယ်။ ယခုတင်ပြပေးမယ့် သဘာဝြမေဩဇာကတော့ ငွေကုန်သက်သာခြင်း၊ သီးနှံများတွင် ဓာတုဓာတ်ကြွင်းများမပါဝင်ခြင်း၊ မြေဆီလွှာကိုတိုးတက်ကောင်းမွန်လာစေခြင်းတို့ဖြစ်ပါတယ်။ အားနည်းချက်အနေနဲ့တော့ ဓာတုမြေဆီတွေလို အကျိုးသက်ရောက်မှု့မမြန်ပါဘူး။ ဒါပေမယ့် အကျိုးသက်ရောက်မှု့အချိန်ကြာမြင့်ပြီး မြေဆီလွှာကို တဖြည်းဖြည်းခြင်းကောင်းမွန်လာတာဖြစ်ပါတယ်။
– စည်းပိုင်းပြတ်ထဲသို့ ရေဂါလံ (၂၀) ထည့်ပါ။ – အသင့်သုံး အီးအမ် (EM) ဖျော်ရည် နို့ဆီခွက် (၃) ခွက်နှင့် တင်လဲရည် (၃) ခွက် လောင်းထည့်၍တုတ်ဖြင့်မွှေပါ။ ( နို့ဆီခွက် (၃) ခွက်= ၁ လီတာ)- အရိပ်အောက်တွင် လယ်ယာစွန့်ပစ် ပစ္စည်းများဖြစ်တဲ့ ( ကောက်ရိုး၊ နှမ်းရိုး များကို) အလျား ( ၆ ပေ) အနံ ( ၃ ပေ) ၊ ထု ( ၆ လက်မ) ရှိအောင် တစ်လွှာပုံပါ။ – လယ်ယာထွက်စွန့်ပစ်ပစ္စည်းများ တစ်လွှာချင်းပေါ်တွင် ရေရောစပ်ပြီး အီးအမ် (EM) ဖျော်ရည် ( ၃) ဂါလံကို ဖျန်းပေးရပါမည်။
– နွားချေးနှင့်ဖွဲနုရောပြီး ( ၈) ပြီ ထပ်၍ ဖြူးပါ။ – ယင်းကဲ့သို့ အလွှာခြောက်လွှာထိ ထပ်၍ ပုံပါ။ – အပေါ်မှ ပလပ်စတစ်ဖြင့် လုံအောင်ဖုံးပါ။ ( သို့မဟုတ်) စွန့်ပစ်ပစ္စည်း တခုခုဖြင့် လုံအောင်ဖုံးပါ။ ( သို့မဟုတ်) စွန့်ပစ်ပစ္စည်းတစ်ခုခုဖြင့် လုံအောင်ထူထူဖုံးပါ။ – ( ၄-၅) ရက်ကြာလျှင် မြေဆွေးပုံးအတွင်း လက်ဖြင့် စမ်းကြည့်၍ တအားပူလျှင် အထပ်အောက်လှန်ပေးပါ။ ခြောက်နေလျှင်ရေဖျန်းပေးပါ။
– အဖြူရောင်မမှုမျှင်များ တွေ့လျှင် ဆွေးမြေ့နေကြောင်း သိရှိနိုင်ပါသည်။ – (၇- ၁၀) ၇က်အကြာ တစ်ဝက်တစ်ပျက် ဆွေးမြေ့နေသည့် အခြေအနေတွင်ပင် စတင် အသုံးပြုနိုင်သည်။
– တစ်ဧကအတွက် ( ၈ပုံ= ၂ တန်) မှ ( ၂၀ ပုံ= ၅ တန်) သုံးပါ။ – စိုက်ထယ်ရေးပြင်ချိန်တွင် ဖြန့်ထည့်၍ အသုံးပြုနိုင်ပါသည်။ – နှစ်ရှည်ပင်၊ ဟင်းသီးဟင်းရွက်နှင့် ဥယျဉ်ခြံ သီးနှံပင်များတွင် အစိုဓာတ်ရှိချိန်တွင် အပင်ခြေတွင်ထည့်၍ မြေဖုံးပြီး သုံးပါ။ References- စိုက်ပျိုးရေးဦးစီးဌာန
ေကာက္႐ိုး၊ ႏွမ္း႐ိုးျဖင့္ ေျမေဆြးျပဳလုပ္နည္း
အခုအခ်ိန္ဟာျဖင့္ အစစ အရာရာ ေစ်းႏႈန္းမ်ားျမင့္တက္ေနတဲ့အခ်ိန္ျဖစ္ၿပီး ေတာင္သူလုပ္ငန္းအတြက္ ဓာတ္ေျမဩဇာ ေစ်းေတြဟာလည္း အဆမတန္ျမင့္တက္ေနတဲ့အတြက္ ေတာင္သူအမ်ားစုမွာ ဝယ္ယူအသုံးမျပဳႏိုင္ၾကပါဘူး။ ဓာတ္ေျမဩဇာရဲ႕ အာနိသင္ဟာလည္း ၃လမွ ၆လ ေလာက္သာ အာနိသင္ရွိၿပီး ေနာက္ပိုင္းမွာ ေျမဆီလႊာေတြပ်က္စီးကုန္ပါတယ္။ ယခုတင္ျပေပးမယ့္ သဘာဝျေမဩဇာကေတာ့ ေငြကုန္သက္သာျခင္း၊ သီးႏွံမ်ားတြင္ ဓာတုဓာတ္ႂကြင္းမ်ားမပါဝင္ျခင္း၊ ေျမဆီလႊာကိုတိုးတက္ေကာင္းမြန္လာေစျခင္းတို႔ျဖစ္ပါတယ္။ အားနည္းခ်က္အေနနဲ႔ေတာ့ ဓာတုေျမဆီေတြလို အက်ိဳးသက္ေရာက္မႈ႕မျမန္ပါဘူး။ ဒါေပမယ့္ အက်ိဳးသက္ေရာက္မႈ႕အခ်ိန္ၾကာျမင့္ၿပီး ေျမဆီလႊာကို တျဖည္းျဖည္းျခင္းေကာင္းမြန္လာတာျဖစ္ပါတယ္။
– စည္းပိုင္းျပတ္ထဲသို႔ ေရဂါလံ (၂၀) ထည့္ပါ။ – အသင့္သုံး အီးအမ္ (EM) ေဖ်ာ္ရည္ ႏို႔ဆီခြက္ (၃) ခြက္ႏွင့္ တင္လဲရည္ (၃) ခြက္ ေလာင္းထည့္၍တုတ္ျဖင့္ေမႊပါ။ ( ႏို႔ဆီခြက္ (၃) ခြက္= ၁ လီတာ)- အရိပ္ေအာက္တြင္ လယ္ယာစြန႔္ပစ္ ပစၥည္းမ်ားျဖစ္တဲ့ ( ေကာက္႐ိုး၊ ႏွမ္း႐ိုး မ်ားကို) အလ်ား ( ၆ ေပ) အနံ ( ၃ ေပ) ၊ ထု ( ၆ လက္မ) ရွိေအာင္ တစ္လႊာပုံပါ။ – လယ္ယာထြက္စြန႔္ပစ္ပစၥည္းမ်ား တစ္လႊာခ်င္းေပၚတြင္ ေရေရာစပ္ၿပီး အီးအမ္ (EM) ေဖ်ာ္ရည္ ( ၃) ဂါလံကို ဖ်န္းေပးရပါမည္။
– ႏြားေခ်းႏွင့္ဖြဲႏုေရာၿပီး ( ၈) ၿပီ ထပ္၍ ျဖဴးပါ။ – ယင္းကဲ့သို႔ အလႊာေျခာက္လႊာထိ ထပ္၍ ပုံပါ။ – အေပၚမွ ပလပ္စတစ္ျဖင့္ လုံေအာင္ဖုံးပါ။ ( သို႔မဟုတ္) စြန႔္ပစ္ပစၥည္း တခုခုျဖင့္ လုံေအာင္ဖုံးပါ။ ( သို႔မဟုတ္) စြန႔္ပစ္ပစၥည္းတစ္ခုခုျဖင့္ လုံေအာင္ထူထူဖုံးပါ။ – ( ၄-၅) ရက္ၾကာလွ်င္ ေျမေဆြးပုံးအတြင္း လက္ျဖင့္ စမ္းၾကည့္၍ တအားပူလွ်င္ အထပ္ေအာက္လွန္ေပးပါ။ ေျခာက္ေနလွ်င္ေရဖ်န္းေပးပါ။
– အျဖဴေရာင္မမႈမွ်င္မ်ား ေတြ႕လွ်င္ ေဆြးေျမ့ေနေၾကာင္း သိရွိႏိုင္ပါသည္။ – (၇- ၁၀) ရက္အၾကာ တစ္ဝက္တစ္ပ်က္ ေဆြးေျမ့ေနသည့္ အေျခအေနတြင္ပင္ စတင္ အသုံးျပဳႏိုင္သည္။
– တစ္ဧကအတြက္ ( ၈ပုံ= ၂ တန္) မွ ( ၂၀ ပုံ= ၅ တန္) သုံးပါ။ – စိုက္ထယ္ေရးျပင္ခ်ိန္တြင္ ျဖန႔္ထည့္၍ အသုံးျပဳႏိုင္ပါသည္။ – ႏွစ္ရွည္ပင္၊ ဟင္းသီးဟင္း႐ြက္ႏွင့္ ဥယ်ဥ္ၿခံ သီးႏွံပင္မ်ားတြင္ အစိုဓာတ္ရွိခ်ိန္တြင္ အပင္ေျခတြင္ထည့္၍ ေျမဖုံးၿပီး သုံးပါ။ References- စိုက္ပ်ိဳးေရးဦးစီးဌာန
Leave a Reply