ခံတွင်းအနံနှင့်ဆက်စပ်သည့်ရောဂါအချို့
အာခံတွင်းရဲ့ အနံအသက် ဟာ မိမိရဲ့ ခန္ဓာကိုယ် အတွင်းပိုင်း ကလီစာ အတွင်းပိုင်း ရောဂါတို့နဲ့ ဆက်စပ်နေလေ့ ရှိတတ် ပါတယ်။ ကော်ဖီ အရက် သောက်ပြီးတဲ့ အခါတွေ ကြက်သွန်ဖြူ ကြက်သွန်နီတွေ စားပြီးတဲ့အခါတွေ မျိုးမှာ
ခံတွင်းနံ့နံ တတ်တာ ကိုတော့ လူတိုင်း သိပြီးဖြစ်မှာပါ။ ခံတွင်း သန့်ရှင်းမှူ မရှိတာကြောင့် ဒါဟာ ခဏတာ အနံဆိုး ထွက်လာခြင်းမျိုး သာ ဖြစ်ပါတယ် ။ကြာမြင့်စွာ ခံတွင်း အနံဆိုးဖြစ်စေတဲ့ အကြောင်းရင်း ကတော့ ခံတွင်းလြောက်တာ ကြောင့်ဖြစ် ပါတယ်။
မိမိရဲ့ အာခံတွင်းမှာလုံလောက်တဲ့ စိုစွတ်မှူမရှိရင် ဘက်တီးရီးယားပိုးတွေ ပိုမိုပေါက်ပွား နိုင်တာ ကြောင့် မနက် အိပ်ယာထမှာခံတွင်း အနံဆိုးကို ဖြစ်စေတာပါ။
ဓာတုဆေးဝါး မှီဝဲခြင်း ၇၅ ရာခိုင်နှူန်းက ခံတွင်းခြောက် တာကို အားပေ ပါတယ်။ စိတ်ကျ ရောဂါ ကုဆေး ဟစ္စတာ မင်းတားဆေး သွေးကျဆေးစတဲ့ ဆေးတွေရဲ့ ဘေးထွက် ဆိုးကျိုးဟာ အာခေါင်ခြောက်တာ ပဲဖြစ်ပါတယ် ဒီလို ဆေးဝါးတွေ သောက်ရမယ် ဆိုရင် ရေကို များများသောက်ပေး ရပါမယ်။
ခံတွင်းနံ ဆိုးရခြင်းနဲ့ဆက်စပ်နေတဲ့ ရောဂါတွေ ကတော့ လူတစ်ရာမှာဆယ် ရောက်ဖြစ် နိုင်ပါတယ်။အဆုတ် အမှေးရောင်ခြင်း နှာခေါင်းတွင်းလေ အိတ်ရောင်ခြင်း လည်ချောင်း နဲ့ အာသီးရောင်ခြင်း ကျောက်ကပ် ရောဂါ အသည်းရောဂါစားချဥ့်ပြန်ခြင်း ဆီးချိုသွေးချို ရောဂါ စတာတွေပဲ ဖြစ်ပါတယ်။
သင့်အာခံတွင်းထဲမှ အနံဟာ မည်သို့သော အနံများဖြစ်ပေါ် နေပါ သလည်း။
သစ်သီးနံ့ သင့်အာခံ တွင်းနံဟာ သစ်သီးနံ ဖြစ်နေတယ် ဆိုရင် သင်သွေးတွင်း သကြားဓာတ်ကို စစ်ဖို့ လိုပါပြီ။ ဆီးချို သွေးချိုရှိ သူတွေရဲ့ခံတွင်းနံဟာ သစ်သီးနံ ဖြစ်နေတတ်ပါ တယ် ။သွေးတွင်းသကြားဓာတ်ကို ခန္ဓာကိုယ်ဟာ စွမ်းအင် အဖြစ် အသုံးမပြုနိုင်တဲ့ အခါ သွေးတွင်း သကြားဓာတ်များ လာပြီး ဘေးထွက် ဆိုးကျိုးအနေနဲ့ ကီတုန်း ထွက်လာပြီး ကီတုန်းကြောင့် သစ်သီးနံကို ဖြစ်စေ တာ ပါ ။
ကလေးဒိုင်ဗာ ကဲ့သို့သော အနံ အာသီးမှာ ဘက်တီးရီးယားပိုးနဲ့ ဗိုင်းရပ်တွေကြောင့် အစိုင်အခဲ တစ်ခုလိုဖြစ်ပြီး ကလေးဒိုင်ဗာလို အနံမျိုး အာခံတွင်းက နေထွက် လာတာ ဖြစ်ပါ တယ်။ ဆရာဝန်နဲ့ စမ်းသပ်တိုင်ပင်ပြီး အာသီးက အစိုင်အခဲကို ဖယ်ရှားပစ်မယ် ဆိုရင် အဲ့သည်လို အနံဆိုးကို ဖယ်ရှားနိုင်မှာဖြစ် ပါ တယ် ။
ပရုပ်နံ နှာခေါင်းတွင်း လေအိတ်ထဲသို့ ပိုးဝင်ခြင်း နှာခေါင်းပိုက်သွင်းရခြင်းကြောင့်ဓာတ်မတည့်ဖြစ်ခြင်းတို့ကြောင့်လည်းဖြစ်စေပါတယ်။ နာတာရှည် နှာခေါင်းတွင်း လေအိတ်ပြဿနာကြောင့် ခံတွင်းထဲမှ ဘက်တီးရီးယားများသည် အချွဲထဲ ပါဝင်သည့် ပရိုတင်းကို ပြောင်းလဲ ပစ်ခြင်းပင် ဖြစ်ပါတယ် ။
အပုတ်နံ အဆုတ်ရောဂါကြောင့် ခံတွင်း၌ အပုတ်နံ ထွက်လာခြင်း ဖြစ်ပါတယ်။ အဆုတ် အတွင်း မှရောဂါသည်ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်ပိုးတို့ကြောင့် ဖြစ်နိုင်ပြီး အဆုတ် ကင်ဆာကြောင့် လည်းဖြစ် နိုင်ပါတယ်။ သင့်ခံတွင်းနံဟာ ပုတ်စော်လိုအနံမျိုးထွက်နေခဲ့ရင် အချိန်မဆွဲပဲ ဆရာဝန်နဲ့ပြဥင့် ပါ တယ် ။
သင့်ခံတွင်းကိုသန့်စင်ပါ
ခံတွင်း ကျန်းမာပြီး အနံဆိုးကင်းစေအောင်ပြုလုပ် ရမဲ့ နည်းတွေ ကတော့ တစ်နေ့နှစ်ကြိမ် ပုံမှန် သွားတိုက်ပါ ရေလုံလောက်စွာသောက်ပါ သွားကြား ပွတ်ကြိုး အသုံးပြုပါ၊ လျှာပွတ်တံသုံးပါ၊လက်ဘက်ရည်ကြမ်းသောက်ပါ အကျိုးပြု ဘက်တီးရီးယား ဖြည့်စွက်ပါ သွားဆရာဝန်နဲ့ ခြောက်လ တစ်ကြိမ်ေ ဆွးနွေးပါ ။အာခံတွင်းမှာ အနံကင်းပြီး စိတ်ချမ်းသာခြင်း များ ရ ရှိ မှာဖြစ် ပါ တယ် ။
Leave a Reply