ဒီနေ့ခေတ်ထိ အသုံးဝင်ဆဲဖြစ်တဲ့ ရှေးခေတ်က အလှအပလျှို့ဝှက်ချက်များ….

ဒီနေ့ခေတ်ထိ အသုံးဝင်ဆဲဖြစ်တဲ့ ရှေးခေတ်က အလှအပလျှို့ဝှက်ချက်များ….

အသားအရေအတွက် အသုံးဝင်တဲ့ ဒိန်ချဉ်…

ဒိန်ချဉ်ရဲ့ အသုံးဝင်ပုံကို ရှေးုတုန်းကတည်းက သိကြသည်။ ရှေးတုန်းက ချဉ်သွားတဲ့ နို့ခွက်ကို လက်နဲ့ သွန်ပြီး ဆေးကြောမိတဲ့အခါ နောက်နေ့မှာ ၎င်းလက်ဟာ နူးညံ့နေတာကို တွေ့ရင်း သူ့ရဲ့ အသားအရေအတွက် အသုံးဝင်ပုံကို သိလာခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။

ဂေါ်ဖီထုပ်အရွက်များ

ဒီ နည်းလမ်းကိုတော့ နို့တိုက်ကလေးမိခင်တွေ ရှေးနှစ်ပေါင်း ရာချီတည်းက အသုံးပြုလာကြတာပါ။ ရင်းသား နာကျင်ခြင်း၊ နီးရဲ ဖူးယောင်နေခြင်းများကို ဂေါ်ဖီရွက် အုပ်ပေးခြင်းဖြင့် ပျောက်ကင်းစေသည်။

ကြက်ဥ မက်စ် ( ကြက်ဥမျက်နှာဖုံး )

ကြက်ဥ မက်စ် လုပ်တဲ့နည်းများ စွာရှိသော်လည်း လိုရင်းကတော့ အတူတူပါပဲ။ ကြက်ဥမက်စ်က ဆံပင်တွေကို သန်မာစေ၊ အမြဲတမ်း တောက်ပစေတယ်။

ကြက်ဥမက်စ်လုပ်ပုံ တစ်နည်း အကြမ်းဖျဉ်း

၁။ ကြက်ဥတွေ ကို ခွဲလိုက်ပါပြီး အဆံတွေကို စုထားပါ။

၂။ ငှက်ပျော်သီး အနည်းငယ် ရောမွှေပါ။

၃။ သံလွင်ဆီ သို့မဟုတ် အုန်းဆီ သင့်တော်သလောက် ထည့်ပေးပါ။

၄။ သင့်ရဲ့ မျက်နှင့် ဆံပင်ကို သုတ်လိမ်းဖို့ အရင် သန့်စင်ဆေးကြောပါ။

၅။ မျက်နှာ ကို သုတ်လိမ်းပါ။

၆။ ၁၅ မိနစ်ခန့် ထားပေးပါ။

၇။ ပြည့်တဲ့အခါ ဆေးကြော ချလိုက်ပါ။ မျက်နှာကို ပြန်ခြောက်အောင် ထားပါ။

ရနံကုထုံး

နှိပ်တယ်ဆိုတာ အမျိုးသမီးတွေ အများစုရဲ့ ရှေးတည်းက နှစ်သက်မှုရှိတဲ့ အရာဖြစ်ပါတယ်။ နှိပ်ရာမှာ ရနံ့ပါ ထည့်လိုက်တော့ အိမ်မက် တစ်ခုလို ခံစားရစေပါတယ်။

ချိုးကန်

ရှေးဟောင်း ရောမ အမျိုးသမီးတွေဟာ နာရီပေါင်းများစွာ ကို သူတို့ရဲ့ ရေချိုးကန်ထဲမှာ ကုန်ဆုံးလေ့ ရှိကြပြီ စကားပြောရင်း ရေပူ ရေနွေး တစ်လှည့်စီ ပြောင်းရင်း ဇိမ်ခံလေ့ ရှိကြသည်။

သံလွင်ဆီ

သံလွင်ဆီ ကို ရှေးခေတ်တည်းက အသုံးပြုလာခဲ့ကြီး ရွှေ ဟုပင် ခေါ်ဆို ခဲ့ကြသည်။ ဘာကောင်းသလဲဆိုတော့ ခုခေတ် ထုတ်လုပ်နေကြတဲ့ အသားအရေ၊ ဆံပင်လိမ်းခရင်မ်၊ ခေါင်းချော်ရည် စတဲ့ အလှကုန် အများစုဟာ သံလွင်ဆီ ကို အခြေခံပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*