
“မင်းက ဝက်သားဟင်း စော စား ခဲ့တာကိုး”(အရမ်းကောင်းလို့ လူတိုင်းဖတ်ကြည့်သင့်တဲ့ ပို့စ် လေးပါ)
အကြော်စုံကိုတစ်နေ့(၃)သိန်းဖိုးရောင်းရတာတို့၊ ကြက်ဒုတ်ထိုးရောင်းပြီးအိမ်ပိုင်တာတို့၊ငပိရည် ကြက်သားသုပ်ရောင်းပြီးတိုက်ဆောက်တာတို့၊ ကွမ်းယာရောင်းပြီးနိုင်ငံခြားမှာ သားသမီးကိုေ ကျာင်းထားတာတို့၊ဘေထုတ်ရောင်းပြီးကား ဝယ်တာတို့စတာတွေကို လိုင်းပေါ်မှ ချီးကျုးတာထက်ဝေဖန်တာကိုတွေ့ရလို့ ဒီလိုလေး တွေးမိပါတယ်။
၂၀၁၈ ခုနှစ်လောက်က ထင်တယ် express စီးရင်းနဲ့ ဒရိုင်ဘာက ဘေးမှာပါလာတဲ့ စပယ်ယာအသစ်ကို စကားပြောနေတာပေါ့… ကိုယ်က ရှေ့ဆုံးခုံဆိုတော့ သူတို့ပြောသမျှအကုန်ကြားနေရတာ။ ဒရိုင်ဘာကငြီးငြူနေတာ… ငါတစ်လ(၁၅)သိန်းကျော်ရတယ်။ အခုထိအဖတ်တင်တာ ဘာမှမရှိဘူးတဲ့။ ငါ့စပယ်ယာက တစ်လ(၁)သိန်းခွဲဘဲရတယ်။ အဲ့ဒါကို ပြီးခဲ့တဲ့လက ရွာမှာမြေကွက် ဝယ်ပြီးပြီတဲ့။ အဲ့ဒီကောင်ကွာ နဲနဲနောနော တွက်ကပ်တဲ့ကောင်မဟုတ်ဘူးတဲ့။ ဒီကောင်ကွာ ဘယ်တော့မှ လက်ဖက်ရည်ဆိုင် မထိုင်ဘူး။
အပြင် မုန့်ပဲသရေစာ ဘာမှမစားဘူး။ အမြန်လမ်းမှာကျွေးတဲ့ ထမင်းစားတယ်။ ဂိတ်ရောက်ရင် ကျွေးတာစားတယ်၊ ရယ်ဒီမိတ်ကော်ဖီတစ်ထုတ် (၂)ခါ ခွဲသောက်တယ်တဲ့။ အပြင်အဝတ်အစား မဝယ်ဘူးတဲ့။ ဒါက ကိုယ်တွေ့နားနဲ့ ကြားခဲ့တာ…။
နောက်စတိုရီတစ်ပုဒ်ကတော့ ကြားဖူးနားဝပါ။ ဘာလဲဆိုတော့ ရွာတစ်ရွာမှာ ဆင်းဆင်းရဲရဲ လယ်လုပ်သား မိသားစု(၂)စု ရှိတာပေါ့။ နှစ်တွေအတော်လေးကြာလာတော့ လယ်လုပ် သားမိသားစုတစ်စုက တိုက်နဲ့တာနဲ့ အိမ်ဆိုင် အကြီးကြီးနဲ့ ရုတ်တရက်ကြီးဖြစ်လာတာပေါ့။
အဲ့ဒါနဲ့ ဆင်းရဲမြဲ ဆင်းရဲဆဲ အိမ်က အရမ်းသိချင်လာတော့ အဲ့ဒီကုန်စုံဆိုင်ကြီးမှာ ဈေးဝယ်ရင်းနဲ့ ပိုင်ရှင်ကိုမေးတာပေါ့။ မင်းတို့နဲ့ ငါတို့နဲ့ အတူတူ နှစ်တွေဖြတ်သန်းလာတာ… မင်းတို့က ဘယ်လိုဖြစ်လို့ ဒီလိုတွေ ချမ်းသာလာတာတုန်း… ဘာအလုပ်တွေ လုပ်ခဲ့သတုန်းပေါ့။
အဲ့ဒီမှ ာသူဌေးက ဘယ်လိုဖြေလိုက်လဲဆိုတော့ “မင်းတို့က ဝက်သားဟင်း စော စားခဲ့ကြတာကိုးတဲ့”။ အဲ့ဒီမှာ သူဆင်းရဲ လယ်သမားက ဒါလဲ ဟုတ်ပေတာဘဲ။ ငါတို့နေ့တိုင်း ရသမျှငွေကြေးဥစ္စာကို အစားကောင်းအသောက်ကောင်းတွေ ဝယ်ခြမ်းစားသောက်နေတဲ့အချိန်မှာ သူတို့အိမ်က လယ်ကန်သင်းက ကန်ဇွန်းရွက်လေးခူး ကြော်၊ ငပိထောင်းလေးနဲ့နေခဲ့ကြတာဘဲလေတဲ့။ ဒါက ကြားဖူးနားဝ… ဘယ်ကစတယ်တော့မသိပေမယ့် “မင်းက ဝက်သားဟင်း စော စား ခဲ့တာကိုး” ဆိုတဲ့ စကားကို ကြိုက်လို့ မှတ်ထားတာ…။
နောက်ထပ်ရှိသေးတယ်။ အရင် အင်္ဂလိပ်ခေတ် ပြီးစအချိန် မြို့တစ်မြို့မှာပေါ့။ မြို့လယ်ခေါင်မှာ bal mar အိမ်တွေရှိတယ်။ အဲ့ဒီအိမ်တွေရဲ့ အောက်မှာ Kal larrတွေက တွန်းလှည်းဆိုင်လေးတွေ ဖွင့်ထားကြတယ်။ နိုင်ငံရေးအခြေအနေတွေမကောင်း ခေတ်ပျက်နေတဲ့အချိန် ဆိုတော့ bal marတွေက အိမ်ထဲမှာဘဲနေ… အိမ်အောက်ထက်မှာ တွန်းလှည်း ဆိုင် လာဖွင့်နေတဲ့ Kal larr တွေဆီက ဆန်လေး ယူလိုက်၊ ဆီလေး ယူလိုက်၊ တံမြက်စည်းလေး ယူလိုက်၊ ကွမ်းဆေးလိပ်လေး ယူလိုက်… ပြီးရင် အကြွေးမှတ်ထားအုန်းနော်ပေါ့။
ဒီလိုနဲ့ Bal Mar တွေကလဲ ရသလောက်အကြွေးယူ ပြီးရင်မှတ်ထားခိုင်း… တကယ့်ကိုပေါ့ပေါ့ဆဆနော်။ အဲ့လိုအချိန် Kal Larr တွေက “ပဲ”ဟင်းချက်၊ ခြေမကြားထဲ “ငရုတ်သီး”တောင့်ညှပ်ပြီး ရှိစုမဲ့စုနဲ့ ကြိတ်မှိတ်စားတာ။ အကြွေးတောင်းသမျှပေးတယ်။ ရသမျှလိပ်စုတယ်။ ဒီလိုနဲ့ နှစ်တွေကြာလာတော့ ဟိုက စားရင်းဇယားနဲ့လာတာ၊မပေးနိုင်ရင်အိမ်သိမ်းဘဲ။ဘာမှလာမပြောနဲ့တော့… တရားရင်ဆိုင်လဲရှုံးလေ လက်ထဲ တပြားတချပ်မှ မရှိကြတာ။ အဲ့ဒါနဲ့ အဲ့မြို့လယ်ခေါင်အိမ်တွေ အကုန်လုံးဟာ သူတို့ဆီပါသွားကြရောတဲ့။ ဒါက အိမ်က အဘွား ပြောပြတာ .။
ဆိုလိုချင်တာက သူတစ်ပါး အောင်မြင်ဖြစ်ထွန်းသွားတဲ့အခါ ရုတ်တရက်ကြီး ချမ်းသာလာတာလား၊ ဖြစ်ကို မဖြစ်နိုင်ဘူး၊ မဟုတ်တာ လုပ်စားလို့၊ ဖြတ်လမ်းနည်းနဲ့ လုပ်လို့ရလာတာလို့ ဝါးလုံးရှည်နဲ့ ပတ်ရမ်းလို့ မရဘူ..း။သူတို့ ဘယ်လို ဒုက္ခခံ၊ ဘယ်လို အငတ်ခံ၊ အခက်အခဲတွေကြား ဘယ်လိုဖြတ်သန်းခဲ့သလဲ။ လူ့စည်းစိမ်ကို တစ်ပါးသူတွေ ခံစားနေချိန်မှာ သူတို့မနက်(၄) နာရီထပြီး ဈေးပေါပေါပဲပဲ ကုန်စိမ်းတွေ လိုက်ကောက်၊ တစ်နေကုန် ချက်ပြုတ်ရောင်းချဆေးကြော၊ ညအိပ်ချိန် တစ်ချိန်လေးဘဲ ရှိခဲ့တာတွေကို နားလည်ပေးရမယ်၊ နားလည်နိုင်စွမ်းရှိရမယ်။
လူ့စည်းစိမ်ကိုလူတိုင်း ကြိုက်တယ်။ စားချင်တာလေးတွေဝယ်စား ၊ အလုပ်မယ်မယ်ရရ မရှိဘဲ ဖုန်းသုံး၊ တီဗီကြည့် စိတ်အလိုမှန်သမျှ လိုက်ချင်းတိုင်းလိုက်၊ တစ်ခုခုအားထည့်မယ်မကျန်သေးဘူး နားအုန်းမယ် နားချင်ပြီ။ အဲ့လိုတွေ လူတိုင်း မလုပ်ချင်ဘူးလား..။လုပ်ချင်ပါတယ် လုပ်လို့လည်းကောင်းပါတယ်။ ဒါပေမယ့် အဲ့လို လူ့စည်းစိမ်တွေကို မခံစားဘဲ ကြိုးစားနေတဲ့ သူတွေကိုတော့ အသိအမှတ်ပြုရမှာဖြစ်ပါတယ်။
ဘယ်အရာမှ အစွန်းရောက်တာ မကောင်းဘူးပေါ့။ သင့်တင့်မျှတအောင် မစားဘဲနဲ့ nutrition out ပြီး စုဆောင်းထားသမျှေ ဆးရုံမှာကုန်တယ်ဆိုတာလည်း မဟုတ်သေးဘူး။ ဒါပေမယ့် ကိုယ်မလိုချင်တဲ့ဘ၀ တစ်ခုကနေ ရုန်းထွက်နိုင်ဖို့ ဆိုရင်တော့ မလုပ်ချင်လည်းလုပ်၊ မတွက်ကပ်ချင်လဲ တွက်ကပ်ရတော့မယ့်အရာတွေ ရှိလာတတ်တယ်။ငွပေါ်ငွေဆင့်ပြီးရှာဖို့လည်း အရင်းအနှီးမရှိရင်တော့ ကပ်စေနည်းတဲ့နည်းလမ်းကို ရွေးချယ်တာ အသင့်တော်ဆုံးပါ ။ အာဟာရသင့်တင့်မျှတအောင်စားပြီး စုနိုင်ဆောင်းနိုင်ကြပါစေ ။
Leave a Reply