ချစ်သူ မမသင်ဇာ ကိုလွမ်းတဲ့ အကြောင်းတွေကို ရင်ဖွင့်လာတဲ့ ရဲရင့်မိုး
ပရိသတ်ကြီးရေ မင်းသမီးသင်ဇာဝင့်ကျော်ဟာဆိုရင် အနုပညာလောကမှာအောင်မြင်မှုတွေကို တစ်ခဲနက်ရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးချောတစ်လက်ဖြစ်ပါတယ်နော်။သူမရဲ့လှပကျစ်လစ်ပြီးဆွဲဆောင်မှုရှိတဲ့ အမိုက်စားခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတဲ့သင်ဇာဝင့်ကျော်ဟာအခုဆိုရင်တော့ ဖမ်းဆီးထိမ်းသိမ်းခံထားရတာပဲဖြစ်ပါတယ်။
ဒီနေ့မှာတော့ သူမရဲ့ချစ်သူလေးရဲရင့်မိုးဟာ ချစ်သူသင်ဇာဝင့်ကျော်ကို အရမ်းပဲလွမ်းဆွတ်သတိရကြောင်းကို စာလေးတစ်စောင်ရေးကာ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရင်ဖွင့်လာတာကိုတွေ့ရပါတယ်နော်။
ရဲရင့်မိုးက”လွမ်းလိုက်တာ အချစ်ကလေးရယ် ဘယ်သူတွေဘယ်လိုပဲမြင်ကြပါစေ ကိုကတော့မင်းကိုချစ်တယ်နော် အနားမှာအမြဲရှိနေချင်ပါတယ် မေ့ဖို့သတိတောင်မရပါဘူး နေ့တိုင်းလဲလွမ်းနေပါတယ် အရမ်းသတိရလာတဲ့အခါ ငိုချလိုက်တယ်
အချိန်တွေကို ဖြတ်သန်းရတာသိပ်ခက်တယ် အစားမှန်မှန်စားပီး ကျန်းမာရေးကောင်းအောင် နေပါ ဘုရားလဲပုံမှန်ရှိခိုးဦးနော်ကုသိုလ်လေးတွေ လုပ်ပီးနေ့တိုင်းမေတ္တာပို့ဆုတောင်းပေးနေပါတယ်စိတ်ထားကောင်းပီး လူတိုင်းအပေါ်စေတနာထားတတ်တဲ့ ချစ်သူလေး မိသားစု နဲ့ရော ချစ်တဲ့သူတွေနဲ့ရောအမြန်ဆုံးပြန်ဆုံနိုင်ပါစေ
ပြန်ဆုံရမဲ့ရက်လေးကိုလဲ အချိန်တိုင်းမျှော်နေမိတယ် 😪လွမ်းရတဲ့ရက်တွေများလာလေ ပြန်ဆုံရမဲ့ရက် တွေနီးလာလေလို့ပဲ စိတ်ထဲတွေးထားပါတယ် 😪”ဆိုပြီးရေးသားထားတာကိုတွေ့ရပါတယ်။ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်နော်။
Source:Ye Yint Moe’s fb
Credit ; World Info Post
Zawgyi
Source:Ye Yint Moe’s fb
Leave a Reply