နည်းနည်းတော့ကြမ်းလိမ့်မယ်။ လင်ရှိတဲ့ မယားတွေ မယားရှိတဲ့ ဖွန်ရူးတွေ သေချာဖတ်ပါ

နည်းနည်းတော့ကြမ်းလိမ့်မယ်။ လင်ရှိတဲ့ မယားတွေ မယားရှိတဲ့ ဖွန်ရူးတွေ သေချာဖတ်ပါ


တိုက်ဆိုင်လို့ မခံနိုင်ရင် ဘလော့သွားကြပါ…

မယားရှိ ယောက်င်္ကျားတွေ၊ လင်ရှိတဲ့ မယားတွေအသေချာ ဖတ်ကြည့်သွားကြပါ …

လင်ရှိတဲ့ မယားတွေမယားရှိတဲ့ ဖွန်ရူးတွေ သေချာဖတ်ပါ။ ဒူးနဲ့မျက်ရည်သုတ်ရတဲ့ ဘဝမရောက်ခင် ပြင်သင့်တာကိုပြင်ပါ …

သက္ခာ အကြောက်တရား မရှိရင်ဆက်လုပ်ချင်ရာလုပ်ကြပါ။ သူတော်စဉ်ယောင်ယောင် လူကြီးလူကောင်းယောင်ယောင်နဲ့ ကြောင်သူတော် ကြွက်သခိုးမလုပ်ကြပါနဲ့ …

 

Online သုံးပြီး အရွံဆုံးက လင်ရှာမယားရှာ လင်ရူးဖွန်ရူး တွေပဲ။ အိမ်ကညီမ အမနဲ့ဇနီမယားကို လူများတွေကြည့်မှာကို ကြောက်တဲ့လူ သဝန်တိုတတ်တဲ့လူ သူများသားမယားကိုကြတော့ ဘာလို့အချောင်နှိက်ချင်နေကြတာလဲ …

တိုက်ဆိုင်လို့ စိတ်ဆိုးရင် တစ်ခါတည်း Block သွားပါ အမှန်တရားက အမှန်တရားပါပဲ …

“အိမ်ထောင်ရှင်နှင့် On Line ” အန္တရာယ်

ခေတ် ကာလ ပြောင်းလာသည်နှင့်အမျှ(ပြစ်မူ့)ကျူးလွန်မှု့များသည် ပို၍ပို၍ လွယ်ကူလှပါတယ် …

ရှေးယခင်ချစ်သူရည်းစားထားဖို့ခက်ခဲကောင်း.ခက်ခဲပါလိမ့်မယ်။ ယခုခေတ် ကာလတွင် ” Online Chatting”ပြုခြင်း စသည်များပေါများလာပါတယ်။ ဖုံးနှင့်လက်ညိုးထိရုံဖြင့် ရည်းစားဖြစ်သွားကြပါတယ် …

အိမ်တွင်းပုန်းများ သိက္ခာရှင်အမျိုးသမီးများ ယောက်ျားတယောက်နှင့် ပြင်ပ၌စကားပြောဖို့ ကြောက်ရွံ့သူများပင် အမျိုးသားများစွာဖြင့်” chat box” မှာ သာယာနေကြပါတယ် …

” Facebook,Bee-Talk,WeChat “စသည့်နေရာများ၌ အပျိုအအို အိမ်ထောင်သည် လူငယ်လူကြီးများစွာဖြင့် ပြည့်နှက်နေပါတယ် …

အပျိုလူပျိူကဏ္ဍထက် အိမ်ထောင်သည်ယောက်ျား မိန်းမများလည်း ” online”မိတ်ဆွေများထားရှိကြပါတယ် …

အချို့အချို့လည်း စည်းရှိကြတယ်။ ထိုသူတို့ အသုံးပြုခြင်းဟာ ဘာသာရေး၊လူမှုရေး၊ သတင်းဆိုင်ရာဗဟုသုတများအတွက် သာဖြစ်ပါတယ် …

သို့သော်အချို့အိမ်ထောင်သည်အမျိုးသမီးများသည်ခင်ပွန်းသည်အိမ်မှာမရှိခိုက်”online” ပေါ်မှယောက်ျားကလေးများဖြင့်ပြောဆိုရင်းနှီး ကျွမ်းဝင်ကြပါတယ် …

မိမိပုံ” ph number” စသည့် ကိုယ်ရေးအချက်များပင်ပေးပို့၍ပျော်ရွှင်နေတတ်ကြပါတယ် …။

အချို့ယောက်ျားများသည် ဘာလာလာ “down “မည်ဆိုသလို လင်မရှိမယားမှန်းသိသိရဲ့ ”သူတောင်ရောသေးတာဘဲ ကိုယ်လဲ” Q “မှာပေါ့”စသဖြင့် တဆင့်တဆင့် ရှေ့သို့တိုးလာကြပါတယ် …

ဤကဲ့သို့ပင် အချို့အိမ်ထောင်ရှင်ယောက်ျားများသည်လည်း ” online” ပေါ်မှမိန်းကလေးများအားအပြင်၌ချိန်းဆိုခြင်း ချစ်ကြိုက်ပါသည်ဟုပြောဆိုခြင်းစည်းသစ္စာဖောက်မှု့များ ကျူးလွန်လာကြပါတယ် …

အချို့မိန်းကလေးများသည် ချစ်မိသည့်အခါ အိမ်ထောင်သည်ဖြစ်နေပါစေ ရယူလိုကြသည်

အိမ်ထောင်ရှိအမျိုးသားသည် လူပျိုယောက်ျားလေးထက် အမျိုးသမီးအပေါ်သာယာမှု့ပိုပေးတတ်သောကြောင့် နောက်ဆုံးလွန်ကြူးမိကြသည့် အခါကြီးမားသောပြဿ နာရပ်များပေါ်ပေါက်ကြရသည်

ဘာမှမဟုတ်ပါဘူး!ဒီလောက်လည်းမဆိုးရွားလောက်ပါ!အပျော်ဘဲဆိုသည့်” Hi” တလုံးမှစတင်ကာ အိမ်ထောင်ကွဲမှု့များအထိ ဖြစ်လာတတ်ပါတယ် …

စာတကြောင်း ” call ” လေးတခုကြောင့် သွားလာဟူသည်များဖြစ်လာတတ်ပါတယ် …

ကာမပိုင်ဇနီးခင်ပွန်းမဆိုနှင့် ချစ်သူရည်းစားများသည်ပင် မိမိချစ်သူသူစိမ်းသူနှင့် ပြောဆိုဆက်ဆံနေသည်ကို”နှလုံးသားရှိသူ အဘယ်သူလိုလားအံ့နည်း”

ဤကဲ့သို့ ကိစ္စရပ်များ ပြသနာများဝမ်းနည်းဖွယ်ဖြစ်ရပ် များသည် တစစနှင့်အင်မတန်များပြားလာလျက်ရှိပါတယ် …

ထိန်းသိမ်းကြပါ။ အိမ်ထောင်သည်များသည်မိမိခင်ပွန်း/ဇနီး အပေါ်သစ္စာရှိပါ။ ” Online” အသုံးပြုသူများအနေနှင့် သူစိမ်းအမျိုးသား/သမီး များနှင့် အရေးတစုံတရာမှလွဲ၍ ပြောဆိုဆက်ဆံမှု့မှ ရှောင်ပါ။”မိမိ”စိတ်ကိုထိန်းသိမ်းပါ …

ဤကဲ့သို့ပင် လူပျိုအပျိုများသည်လည်း စည်းထားပါ။ကိုယ်ချင်းစာကျပါ”ငါသာ ထိုယောက်ျား/မိန်းမ၏ အမျိုးသား/အမျိုးသမီး ဖြစ်လျှင် ဘယ်လိုနေမလဲ …

ခရက်ဒစ်

Be the first to comment

Leave a Reply

Your email address will not be published.


*