အသက် ( ၁၃ ) နှစ်နဲ့ ကိုယ်ဝန် ( ၅ ) လရှိခဲ့တဲ့ ( ၇ ) တန်းကျောင်းသူလေး ( မိုက်လိုက်တာသမီးလေးရယ် )
မနေ့က ကျမဆေးခန်းကို ultrasound ကြည့်ဖို့ သားအမိနှစ်ယောက် လာပါတယ် သူတို့သားအမိ ဝင်လာတုန်းကတော့ ရင်သားတဖက်မရှိတဲ့ မိခင်ကိုလှမ်းကြည့်ရင်း လူနာလို့ထင်မိတာပါ။
နောက်တော့မှ ကျမသမီးလေး ရာသီမလာတာ 3 လလောက်ရှိပြီ ဗိုက်မှာလည်း အလုံးပေါ်နေလို့ဆိုမှ ကလေးဗိုက်ကို စပ်းသပ်ကြည့်လိုက်တော့ ဗိုက်ထဲမှာကိုယ်ဝန်က 5 လပြည့်ခါနီးပါပြီ။
ကလေးရဲ့အသက်ကို သေချာသိချင်လို့ မွေးနေ့မေးလိုက်မှ 13နှစ်နဲ့ တစ်လဗိုက်ထဲက ကိုယ်ဝန်က 5လ ရှင်းရှင်းပြောရရင် အမွှေးတောင် သေချာမပေါက်သေးတဲ့ မျက်နှာအေးအေးလေးနဲ့ ကလေးကိုကြည့်ပြီး ကျမဘယ်ကနေ စပြောရမလည်းတောင် တွေးမရတော့ပါ
မတတ်နိုင် အမေကိုရှင်းပြတော့ပြီး သမီးရည်းစားရှိသလား ချော့မေးတော့ ရည်းစားတော့မရှိ အပျိုမဟုတ်တဲ့ အဆောင်နေသူငယ်ချင်းဆီက ဘောင်းဘီယူဝတ်မိသည် ဟုပြောသည်။
လုံးဝမဖြစ်နိုင်ဘူး အမှန်အတိုင်းပြောဖို့ နည်းနည်းလေးမာန်လိုက်တော့မှ တတန်းထဲနေ သူငယ်ချင်းနှင့်ဟု ဝန်ခံလာလေသည်။ fb ပေါ်မှာ ဟိုတလောကေ ခတ်စားနေတဲ့
ရေကူးကန်ထဲ ကိုယ်ဝန်ခုနှစ်ယောက်ရတဲ့မဟုတ်တဲ့ post ကိုဖတ်ပြီးအမေကို ဘောင်းဘီကိစ္စနှင့်ဖြီးတော့ အူကြောင်ကြောင်အမေကသို့လောသို့လောဖြစ်သည်…။
ဒီအမေနှင့် လွှတ်ထားလို့မပြီး ငါဝင်ပါမှဖြစ်မည်ဆိုပြီး ဆက်မေးမှ ကျမဖင်ထိုင်ရက်ကျမတတ် တတန်းတည်း ကျောင်းသားသူငယ်ချင်း အချင်းချင်း အဆင့်လောက်တွေနှင့် အတူနေကြသည်တဲ့
သူတို့ကိုယ်ပိုင်ကျောင်းရဲ့ ညဖက်စာ ကြည့်ချိန်တွေမှာ ညဖက်အတန်းလွတ်တွေ ထဲသွားကြသော အဲသလိုကလေးတွေ တော်တော်များနေ ပုံရသည်။
သူပြောတဲ့ဘောင်းဘီယူဝတ်တဲ့ သူငယ်ချင်းကလည်း ရည်းစားမဟုတ်ပဲ အတူနေကြသည်တဲ့ .ေနာက်တတွဲကတော့ ရည်းစားပေါ့ 7 တန်းတွေနော်တခန်းထဲ အတူတူချိန်းနေကြသည်တဲ့ 3တွဲ ကဲကလေးမို့ တခါတလေမှား သလားလို့ ကြိမ်ရေမေးတော့ ကြိမ်ရေမနည်းတော့ပါ။
လေးစားစွာဖြင့် -ပေသီး
Zawgyi
Credit
Leave a Reply