5.9.2023 နေ့ မိုးလေဝသ သတင်း

5.9.2023 နေ့ မိုးလေဝသ သတင်း

“ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အနောက်အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်တောင်ပိုင်းကမ်းလွန် – အင်ဒရာပရာဒေ့ရှ်ပြည်နယ်မြောက်ပိုင်းကမ်းခြေ တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက် ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက်(၂၄)နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်တောင်ပိုင်းနှင့် ချက်တစ်ဂတ်ပြည်နယ်တောင်ပိုင်းကို ဖြတ်ကျော်နိုင်သည် ဟုခန့်မှန်းရပါသည်”

လေဖိအားနည်းရပ်ဝန်းအရှိကြောင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ တနင်္သာရီနဲ့ မွန်ပြည်နယ်တို့မှာ မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးတွေမှာလည်း နေရာအနှံ့ မိုးရွာသွန်းနိုင်ပါတယ်။ အရင်က ရွားထားတဲ့မိုးရေကြောင်း မြစ်ချောင်းများ စိုးရိမ်ရေအမှတ်ရောက်နေကြပြီး ယခု လေဖိအားနည်းကြောင့် ရွာသွန်းမယ့်မိုးတွေကြောင့် မြစ်ရေရုတ်တရက်ကြီးနိုင်ပါတယ်။ အားလုံး ဘေးဘယာဝေးကွာကြပါစေ

“ဘဂၤလားပင္လယ္ေအာ္အ‌ေျခအေန။ ယေန႔ျမန္မာစံေတာ္ခ်ိန္ (၁၃:၃၀)နာရီအခ်ိန္တိုင္းထြာခ်က္မ်ားအရ ဘဂၤလားပင္လယ္ေအာ္အေနာက္ေျမာက္ပိုင္းႏွင့္ ယင္းႏွင့္ဆက္စပ္လ်က္ရွိေသာ အေနာက္အလယ္ပိုင္း၊ အိႏၵိယႏိုင္ငံ၊ ဩရိႆျပည္နယ္ေတာင္ပိုင္းကမ္းလြန္ – အင္ဒရာပရာေဒ့ရွ္ျပည္နယ္ေျမာက္ပိုင္းကမ္းေျခ တို႔တြင္ ျဖစ္ေပၚေနေသာ ေလဖိအားနည္းရပ္ဝန္း (Low Pressure Area)သည္ ဆက္လက္တည္ရွိေနပါသည္။ အဆိုပါ ေလဖိအားနည္းရပ္ဝန္းသည္ အေနာက္ ဘက္သို႔ ေ႐ြ႕လ်ားႏိုင္ၿပီး၊ ေနာက္(၂၄)နာရီအတြင္း အိႏၵိယႏိုင္ငံ၊ ဩရိႆျပည္နယ္ေတာင္ပိုင္းႏွင့္ ခ်က္တစ္ဂတ္ျပည္နယ္ေတာင္ပိုင္းကို ျဖတ္ေက်ာ္ႏိုင္သည္ ဟုခန႔္မွန္းရပါသည္”

ေလဖိအားနည္းရပ္ဝန္းအရွိေၾကာင့္ ျမန္မာႏိုင္ငံ ရခိုင္ျပည္နယ္၊ ဧရာဝတီတိုင္း၊ တနသၤာရီနဲ႔ မြန္ျပည္နယ္တို႔မွာ မိုးသည္းထန္စြာ႐ြာသြန္းႏိုင္ၿပီး မေကြးတိုင္း၊ စစ္ကိုင္းတိုင္းနဲ႔ မႏၲေလးတိုင္းေဒသႀကီးေတြမွာလည္း ေနရာအႏွံ႔ မိုး႐ြာသြန္းႏိုင္ပါတယ္။ အရင္က ႐ြားထားတဲ့မိုးေရေၾကာင္း ျမစ္ေခ်ာင္းမ်ား စိုးရိမ္ေရအမွတ္ေရာက္ေနၾကၿပီး ယခု ေလဖိအားနည္းေၾကာင့္ ႐ြာသြန္းမယ့္မိုးေတြေၾကာင့္ ျမစ္ေရ႐ုတ္တရက္ႀကီးႏိုင္ပါတယ္။ အားလုံး ေဘးဘယာေဝးကြာၾကပါေစ

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *