မြွေပွေးအကြောင်း သိကောင်းစရာ

မြွေပွေးအကြောင်း သိကောင်းစရာ

မြွေပွေး (Eastern Russell’s Viper) Daboia siamensis Viperidae မျိုးရင်း အဆိပ်ပြင်း(Highly venomous)

မြွေပွေးဟာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တောင်သူလယ်သမားတွေ အမြဲ ရင်ဆိုင်နေရတဲ့ အဆိပ်ပြင်း မြွေမျိုးစိတ် ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနေ့ ဒီပို့စ်မှာ မြွေပွေးအကြောင်း၊ သူ့ရဲ့ အမူအကျင့်တွင်၊ သူနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို သိစေဖို့ ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။ အဓိကအားဖြင့် သူတို့နဲ့ အမြဲတမ်းကြုံနေရမဲ့ တောင်သူလယ်သမားများကို အကျိုးပြုစေဖို့ ရည်ရွယ်ပါတယ်။
တွေ့ရှိနိုင်သောဒေသ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ တရုတ်နိုင်ငံတောင်ပိုင်း၊ ထိုင်ဝမ်တို့မှာ တွေ့နိုင်ပါတယ်။သူ့ရဲ့ မျိုးစိတ်နာမည် Siamensis ဆိုတာ SIAM (ထိုင်းနိုင်ငံ) ကို ရည်ညွှန်းထားတာ ဖြစ်ပါတယ်။

သွင်ပြင်လက္ခဏာ
သူ့ခန္ဓာကိုယ်ပေါ်က အကွက်တွေက သိသာထင်ရှားပါတယ်။ အကွက်တစ်ခုနဲ့တစ်ခု ဆက်နေတတ်ပါတယ်။ အကွက်ကြီးတွေရဲ့ အတန်းကြားမှာ အကွက်သေးတွေပါဝင်ပါတယ်။ ကြီးမားတုတ်ခိုင်တဲ့ ခန္ဓာကိုယ် ရှိပြီး အမြီး တိုတောင်းပါတယ်။ နှာခေါင်းလည်း တိုပါတယ်။
အလေ့အထ သူ ထိတ်လန့်တဲ့အခါ၊ ရန်သူ အနားမှာ ရောက်လာတဲ့အခါ ခန္ဓာကိုယ်ကို အင်္ဂလိပ်အက္ခရာ “S” ပုံစံ လုပ်လိုက်ပြီး ခေါင်းကို ကြွထားလိုက်ကာ ကျယ်လောင်တဲ့ ရှူးရှူးရှားရှား ဟောက်သံ ပေးတတ်ပါတယ်။ ရန်သူကို လျှင်မြန်စွာ အားအင် အပြည့်သုံးပြီး ကိုက်တတ်ပါတယ်။ သူကိုက်တဲ့အခါ သူ့ခန္ဓာကိုယ် ကြွတက်သွားတဲ့အထိ ကိုက်နိုင်ပါတယ်။ တစ်ချက်တည်း ပေါက်တာ ရှိသလို ကိုက်ပြီး မလွှတ်ဘဲ ခဲထားတတ်တာလည်း ရှိပါတယ်။ အစွယ်ရှည်လျှားပြီး ခေါက်ထားနိုင်တဲ့ အစွယ်ဖြစ်ပါတယ်။ သာမန်အားဖြင့် ညမှာ ကျက်စားတဲ့ မြွေတွေ ဖြစ်ပေမဲ့ အေးတဲ့ရာသီတွေမှာ နေ့ဘက်မှာ ပို Active ဖြစ်ပါတယ်။ သာမန်အချိန်မှာ လေးလေးကွေးကွေး သွားလေ့ ရှိတတ်ပေမဲ့ ထိတ်လန့်စရာကြုံရတဲ့ အချိန်မှာတော့ ရန်လိုလေ့ရှိပါတယ်။ အကောင်ပေါက်ကလေးတွေက ပိုပြီး စွာတတ်တယ်။

ကျက်စားပုံ ကုန်းမြေပေါ်မှာ ကျက်စားတဲ့ မြွေမျိုး ဖြစ်ပြီး မြက်ခင်းနဲ့ ချုံပုတ်တွေ၊ လယ်ကွင်းတွေ၊ တောသိပ်မထူတဲ့ သစ်တောတွေထဲမှာ နေတတ်ပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်း မြေပြန့်လွင်ပြင်ဒေသနဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ ပိုမို တွေ့ရှိနိုင်ပါတယ်။ လူတွေနေထိုင်တဲ့နေရာတွေကိုလည်း သူတို့ရဲ့ အစာ(ကြွက်)တွေအတွက် ရောက်လာတတ်ကြပါတယ်။သူတို့က နေဆာလှုံနေရတာကို ပိုကြိုက်ပြီး ဂူပေါက်တွေ၊ မြေပက်ကြားအက်တွေနဲ့ အမှိုက်ပုံတွေအောက်မှာ နားနေတတ်ပါတယ်။

အစာ
ကြွက်က သူတို့ရဲ့ အဓိက အစားအစာ ဖြစ်ပါတယ်။ ဒါပေမဲ့ လယ်ဂဏန်းတွေ၊ တွားသွားသတ္တဝါငယ်တွေ စသည်တို့ကို စားသုံးပါတယ်။ ပေါက်ဖွားပုံ – Viperidae မျိုးရင်းမှာ အကောင်လိုက်ပေါက်ဖွားတဲ့မြွေမျိုးစိတ်တွေ ရှိတာဖြစ်လို့ မြွေပွေးကလည်း အကောင်လိုက် ပေါက်ဖွားပြီး တစ်ခါပေါက်ရင် အကောင် ၂၀ မှ ၄၀ အထိ ပေါက်ပါတယ်။ အဆိပ် – Haemotoxin ဖြစ်လို့ သွေးကို အဓိကတိုက်ခိုက်ပါတယ်။ ကျောက်ကပ်ပျက်စီးခြင်းက မြွေပွေးအဆိပ်ရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာပါ။ သွေးကြောတွေ ပိတ်ဆို့နိုင်ပါတယ်။ ကိုက်ခံရတဲ့နေရာတဝိုက်က ကြွက်သားတွေကို ပျက်စီးစေပါတယ်။
ကိုက်ခံရလျှင်ဖြစ်နိုင်သည့်လက္ခဏာများ – ကိုက်ခံရသည့်နေရာမှာ ချက်ချင်း ပြင်းထန်စွာ နာကျင်၍ ရောင်ရမ်းခြင်း၊ ကိုက်ခံရတဲ့ခြေလက်တစ်ချောင်းလုံး ရောင်ရမ်းခြင်း၊ သွားဖုံးတွင် သွေးယိုစိမ့်ခြင်း။ ဆီးထဲတွင် သွေးပါခြင်း။ သလိပ်ထဲတွင် သွေးရောင်ပါခြင်း။ သွေးပေါင်ချိန်ကျခြင်း။ နှလုံးခုန်နှုန်းကျခြင်း။ စကားပြောရခက်ခဲခြင်း။ ရင်ဘတ်အောင့်ခြင်း။ အသက်ရှူမဝခြင်း။ ခြေလက်မသယ်နိုင်ခြင်း။ ပြန်ကောင်းသည့်တိုင် ကိုက်ခံရသည့်နေရာသည် အတော်ကြာကြာအထိ နာကျင်နေခြင်း (ကြွက်သားပျက်စီးမှုအပေါ်မူတည်) တို့ ဖြစ်နိုင်ပါတယ်။

မြွေဆိပ်ဖြေဆေး Antivenom – မြန်မာနိုင်ငံမှာ မြွေပွေး(Eastern Russell’s Viper) နဲ့ မြွေဟောက်(Monocled cobra) အတွက် monovalent antivenom (၂)မျိုး ထုတ်လုပ်လျက်ရှိပါတယ်။ မြို့နယ်ဆေးရုံတိုင်းနီးပါးမှာ ရရှိနိုင်ပါတယ်။ အခြားမြွေတွေအတွက်တော့ အိန္ဒိယနိုင်ငံထုတ် polyvalent antivenom ကို အများစု အသုံးပြုတယ်လို့ သိရပါတယ်။
* monovalent antivenom က မြွေအမျိုးအစားတိတိကျကျသိမှ သုံးလို့ရပြီး ထိရောက်မှု ကောင်းသလို ထိုးရတဲ့ ပမာဏလည်း နည်းနည်းပဲ ထိုးရပါတယ်။ polyvalent antivenom ကိုတော့ မြွေအမျိုးအစား တိတိကျကျ မသိတဲ့အခါမှာ သုံးပြီး ထိုးရတဲ့ပမာဏလည်းများပါတယ်။

ရှေးဦးသူနာပြုစုနည်း ပြုလုပ်ရန်- မြွေကိုက်ဒဏ်ရာကို အဝတ်သန့်သန့်နဲ့ဖိအုပ်၊ ကိုက်ခံရတဲ့အစိတ်အပိုင်းကို မလှုပ်ရှားနိုင်အောင် တုတ်တစ်ချောင်းနဲ့ ကြပ်စည်း၊ ဆေးရုံကိုအမြန်ဆုံးပို့ရမှာသာ ဖြစ်ပါတယ်။ နှလုံးရပ်တန့်သွားရင် CPR လုပ်ပေးနိုင်ပါတယ်၊ အသက်ရှူရပ်တန့်သွားရင် အသက်ရှူကူညီခြင်း (Mouth to Mouth)လုပ်ပေးနိုင်ပါတယ်။ လူနာရဲ့ လက်ဝတ်ရတနာတွေကို ချွတ်ပေးထားရပါမယ်။ ကိုက်တဲ့မြွေကို သတ်ဖို့မကြိုးစားပါနဲ့။ ဘာမြွေဆိုတာ သိရင်ထားလိုက်ပါ။ ဓာတ်ပုံရိုက်နိုင်ရင် ရိုက်ထားပါ။ မြွေကိုသတ်ဖို့ကြိုးစားရင်းထပ်အကိုက်ခံရနိုင်ပါတယ်။ လေဝင်လေထွက်ကောင်းကောင်းထားပါ။ အားပေးစကားပြောပါ။ မထိတ်လန့်ပါစေနဲ့။

ရှောင်ကျဥ်ရန် – ဒါဏ်ရာကို ဓားနဲ့မခွဲပါနဲ့။ ရေဆေး၊ရေခဲကပ်၊ရေနွေးအိတ်ကပ်တာမလုပ်ပါနဲ့။ ကြိုးမစည်းပါနဲ့။ လူနာကိုလှုပ်လှုပ်ရှားရှားမလုပ်ခိုင်းပါနဲ့(အဆိပ်ပိုပျံ့နိုင်ပါတယ်) အရက်နဲ့ အခြားဆေးဝါးတွေ မပေးပါနဲ့။ ကော်ဖီတို့ အားဖြည့်အချိုရည်တို့လို ကဖိန်းဓာတ်ပါတာတွေ မတိုက်ပါနဲ့။ အစားအစာအများကြီးမကျွေးပါနဲ့။ အော့အန်ရင် အန်ဖတ်ဆို့ပြီး အသက်ရှူပိတ်နိုင်ပါတယ်။ ဒဏ်ရာကို ဘာပစ္စည်းနဲ့မှ မအုံပါနဲ့(ဆေးမြစ်၊ ဆေးဥတွေအပါအဝင်) ဂါထာမန္တာန်တွေကို အားမကိုးပါနဲ့။ အဆိပ်ကိုပါးစပ်နဲ့စုပ်မထုတ်ပါနဲ့။ မီးစနဲ့ မထိုးပါနဲ့။ အထူးသဖြင့် မြွေကိုက်ရင် ရောက်လာတတ်တဲ့ ဆရာကြီးအထာနဲ့ လူတွေရဲ့စကားကို နားမယောင်ပါနဲ့။

အဓိက အချက်..ဆေးရုံကို မြန်နိုင်သမျှအမြန်ဆုံးပို့ပါ- ကာကွယ်နည်း…ညဘက်သွားရင် ဓာတ်မီးနဲ့သွားပါ။ ကြက်ပေါင်ဖိနပ် ကြက်ပေါင်လက်အိတ် ဝတ်ပါ။ တုတ်ရှည်တစ်ချောင်းနဲ့ ခြောက်လှန့်ပြီးမှသွားပါ။ မြက်ခင်းတွေထဲမနင်းဘဲ တတ်နိုင်သမျှမြေပြောင်ကနေသွားပါ။ ထင်းပုံ အမှိုက်ပုံတွေ ကိုင်တွယ်မယ်ဆိုရင် တုတ်ရှည်နဲ့ အသံပေးခြောက်လှန့်ပါ။ အိမ်ထဲမဝင်အောင် အပေါက်တွေ ပိတ်ထားပါ။ ကြွက်တွင်းပေါက်တွေ ပိတ်ပါ။ ကြွက်မလာအောင် စားကြွင်းစားကျန်တွေ မပစ်ပါနဲ့။ အိမ်ဝန်းကျင်က အမှိုက်၊ မြက်တွေရှင်းပါ။

Zawgyi

ေႁမြေပြး (Eastern Russell’s Viper) Daboia siamensis Viperidae မ်ိဳးရင္း အဆိပ္ျပင္း(Highly venomous)

ေႁမြေပြးဟာ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာ ေတာင္သူလယ္သမားေတြ အၿမဲ ရင္ဆိုင္ေနရတဲ့ အဆိပ္ျပင္း ေႁမြမ်ိဳးစိတ္ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ဒီေန႔ ဒီပို႔စ္မွာ ေႁမြေပြးအေၾကာင္း၊ သူ႔ရဲ႕ အမူအက်င့္တြင္၊ သူနဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြကို သိေစဖို႔ ဗဟုသုတအေနနဲ႔ ေဖာ္ျပေပးလိုက္ပါတယ္။ အဓိကအားျဖင့္ သူတို႔နဲ႔ အၿမဲတမ္းႀကဳံေနရမဲ့ ေတာင္သူလယ္သမားမ်ားကို အက်ိဳးျပဳေစဖို႔ ရည္႐ြယ္ပါတယ္။
ေတြ႕ရွိႏိုင္ေသာေဒသ အေရွ႕ေတာင္အာရွႏိုင္ငံေတြနဲ႔ တ႐ုတ္ႏိုင္ငံေတာင္ပိုင္း၊ ထိုင္ဝမ္တို႔မွာ ေတြ႕ႏိုင္ပါတယ္။သူ႔ရဲ႕ မ်ိဳးစိတ္နာမည္ Siamensis ဆိုတာ SIAM (ထိုင္းႏိုင္ငံ) ကို ရည္ၫႊန္းထားတာ ျဖစ္ပါတယ္။

သြင္ျပင္လကၡဏာ
သူ႔ခႏၶာကိုယ္ေပၚက အကြက္ေတြက သိသာထင္ရွားပါတယ္။ အကြက္တစ္ခုနဲ႔တစ္ခု ဆက္ေနတတ္ပါတယ္။ အကြက္ႀကီးေတြရဲ႕ အတန္းၾကားမွာ အကြက္ေသးေတြပါဝင္ပါတယ္။ ႀကီးမားတုတ္ခိုင္တဲ့ ခႏၶာကိုယ္ ရွိၿပီး အၿမီး တိုေတာင္းပါတယ္။ ႏွာေခါင္းလည္း တိုပါတယ္။
အေလ့အထ သူ ထိတ္လန႔္တဲ့အခါ၊ ရန္သူ အနားမွာ ေရာက္လာတဲ့အခါ ခႏၶာကိုယ္ကို အဂၤလိပ္အကၡရာ “S” ပုံစံ လုပ္လိုက္ၿပီး ေခါင္းကို ႂကြထားလိုက္ကာ က်ယ္ေလာင္တဲ့ ရႉးရႉးရွားရွား ေဟာက္သံ ေပးတတ္ပါတယ္။ ရန္သူကို လွ်င္ျမန္စြာ အားအင္ အျပည့္သုံးၿပီး ကိုက္တတ္ပါတယ္။ သူကိုက္တဲ့အခါ သူ႔ခႏၶာကိုယ္ ႂကြတက္သြားတဲ့အထိ ကိုက္ႏိုင္ပါတယ္။ တစ္ခ်က္တည္း ေပါက္တာ ရွိသလို ကိုက္ၿပီး မလႊတ္ဘဲ ခဲထားတတ္တာလည္း ရွိပါတယ္။ အစြယ္ရွည္လွ်ားၿပီး ေခါက္ထားႏိုင္တဲ့ အစြယ္ျဖစ္ပါတယ္။ သာမန္အားျဖင့္ ညမွာ က်က္စားတဲ့ ေႁမြေတြ ျဖစ္ေပမဲ့ ေအးတဲ့ရာသီေတြမွာ ေန႔ဘက္မွာ ပို Active ျဖစ္ပါတယ္။ သာမန္အခ်ိန္မွာ ေလးေလးေကြးေကြး သြားေလ့ ရွိတတ္ေပမဲ့ ထိတ္လန႔္စရာႀကဳံရတဲ့ အခ်ိန္မွာေတာ့ ရန္လိုေလ့ရွိပါတယ္။ အေကာင္ေပါက္ကေလးေတြက ပိုၿပီး စြာတတ္တယ္။

က်က္စားပုံ ကုန္းေျမေပၚမွာ က်က္စားတဲ့ ေႁမြမ်ိဳး ျဖစ္ၿပီး ျမက္ခင္းနဲ႔ ခ်ဳံပုတ္ေတြ၊ လယ္ကြင္းေတြ၊ ေတာသိပ္မထူတဲ့ သစ္ေတာေတြထဲမွာ ေနတတ္ပါတယ္။ ျမန္မာႏိုင္ငံအလယ္ပိုင္း ေျမျပန႔္လြင္ျပင္ေဒသနဲ႔ ဧရာဝတီ ျမစ္ဝကြၽန္းေပၚေဒသေတြမွာ ပိုမို ေတြ႕ရွိႏိုင္ပါတယ္။ လူေတြေနထိုင္တဲ့ေနရာေတြကိုလည္း သူတို႔ရဲ႕ အစာ(ႂကြက္)ေတြအတြက္ ေရာက္လာတတ္ၾကပါတယ္။သူတို႔က ေနဆာလႈံေနရတာကို ပိုႀကိဳက္ၿပီး ဂူေပါက္ေတြ၊ ေျမပက္ၾကားအက္ေတြနဲ႔ အမႈိက္ပုံေတြေအာက္မွာ နားေနတတ္ပါတယ္။

အစာ
ႂကြက္က သူတို႔ရဲ႕ အဓိက အစားအစာ ျဖစ္ပါတယ္။ ဒါေပမဲ့ လယ္ဂဏန္းေတြ၊ တြားသြားသတၱဝါငယ္ေတြ စသည္တို႔ကို စားသုံးပါတယ္။ ေပါက္ဖြားပုံ – Viperidae မ်ိဳးရင္းမွာ အေကာင္လိုက္ေပါက္ဖြားတဲ့ေႁမြမ်ိဳးစိတ္ေတြ ရွိတာျဖစ္လို႔ ေႁမြေပြးကလည္း အေကာင္လိုက္ ေပါက္ဖြားၿပီး တစ္ခါေပါက္ရင္ အေကာင္ ၂၀ မွ ၄၀ အထိ ေပါက္ပါတယ္။ အဆိပ္ – Haemotoxin ျဖစ္လို႔ ေသြးကို အဓိကတိုက္ခိုက္ပါတယ္။ ေက်ာက္ကပ္ပ်က္စီးျခင္းက ေႁမြေပြးအဆိပ္ရဲ႕ ျဖစ္ေလ့ျဖစ္ထရွိတဲ့ လကၡဏာပါ။ ေသြးေၾကာေတြ ပိတ္ဆို႔ႏိုင္ပါတယ္။ ကိုက္ခံရတဲ့ေနရာတဝိုက္က ႂကြက္သားေတြကို ပ်က္စီးေစပါတယ္။
ကိုက္ခံရလွ်င္ျဖစ္ႏိုင္သည့္လကၡဏာမ်ား – ကိုက္ခံရသည့္ေနရာမွာ ခ်က္ခ်င္း ျပင္းထန္စြာ နာက်င္၍ ေရာင္ရမ္းျခင္း၊ ကိုက္ခံရတဲ့ေျခလက္တစ္ေခ်ာင္းလုံး ေရာင္ရမ္းျခင္း၊ သြားဖုံးတြင္ ေသြးယိုစိမ့္ျခင္း။ ဆီးထဲတြင္ ေသြးပါျခင္း။ သလိပ္ထဲတြင္ ေသြးေရာင္ပါျခင္း။ ေသြးေပါင္ခ်ိန္က်ျခင္း။ ႏွလုံးခုန္ႏႈန္းက်ျခင္း။ စကားေျပာရခက္ခဲျခင္း။ ရင္ဘတ္ေအာင့္ျခင္း။ အသက္ရႉမဝျခင္း။ ေျခလက္မသယ္ႏိုင္ျခင္း။ ျပန္ေကာင္းသည့္တိုင္ ကိုက္ခံရသည့္ေနရာသည္ အေတာ္ၾကာၾကာအထိ နာက်င္ေနျခင္း (ႂကြက္သားပ်က္စီးမႈအေပၚမူတည္) တို႔ ျဖစ္ႏိုင္ပါတယ္။

ေႁမြဆိပ္ေျဖေဆး Antivenom – ျမန္မာႏိုင္ငံမွာ ေႁမြေပြး(Eastern Russell’s Viper) နဲ႔ ေႁမြေဟာက္(Monocled cobra) အတြက္ monovalent antivenom (၂)မ်ိဳး ထုတ္လုပ္လ်က္ရွိပါတယ္။ ၿမိဳ႕နယ္ေဆး႐ုံတိုင္းနီးပါးမွာ ရရွိႏိုင္ပါတယ္။ အျခားေႁမြေတြအတြက္ေတာ့ အိႏၵိယႏိုင္ငံထုတ္ polyvalent antivenom ကို အမ်ားစု အသုံးျပဳတယ္လို႔ သိရပါတယ္။
* monovalent antivenom က ေႁမြအမ်ိဳးအစားတိတိက်က်သိမွ သုံးလို႔ရၿပီး ထိေရာက္မႈ ေကာင္းသလို ထိုးရတဲ့ ပမာဏလည္း နည္းနည္းပဲ ထိုးရပါတယ္။ polyvalent antivenom ကိုေတာ့ ေႁမြအမ်ိဳးအစား တိတိက်က် မသိတဲ့အခါမွာ သုံးၿပီး ထိုးရတဲ့ပမာဏလည္းမ်ားပါတယ္။

ေရွးဦးသူနာျပဳစုနည္း ျပဳလုပ္ရန္- ေႁမြကိုက္ဒဏ္ရာကို အဝတ္သန္႔သန္႔နဲ႔ဖိအုပ္၊ ကိုက္ခံရတဲ့အစိတ္အပိုင္းကို မလႈပ္ရွားႏိုင္ေအာင္ တုတ္တစ္ေခ်ာင္းနဲ႔ ၾကပ္စည္း၊ ေဆး႐ုံကိုအျမန္ဆုံးပို႔ရမွာသာ ျဖစ္ပါတယ္။ ႏွလုံးရပ္တန္႔သြားရင္ CPR လုပ္ေပးႏိုင္ပါတယ္၊ အသက္ရႉရပ္တန္႔သြားရင္ အသက္ရႉကူညီျခင္း (Mouth to Mouth)လုပ္ေပးႏိုင္ပါတယ္။ လူနာရဲ႕ လက္ဝတ္ရတနာေတြကို ခြၽတ္ေပးထားရပါမယ္။ ကိုက္တဲ့ေႁမြကို သတ္ဖို႔မႀကိဳးစားပါနဲ႔။ ဘာေႁမြဆိုတာ သိရင္ထားလိုက္ပါ။ ဓာတ္ပုံ႐ိုက္ႏိုင္ရင္ ႐ိုက္ထားပါ။ ေႁမြကိုသတ္ဖို႔ႀကိဳးစားရင္းထပ္အကိုက္ခံရႏိုင္ပါတယ္။ ေလဝင္ေလထြက္ေကာင္းေကာင္းထားပါ။ အားေပးစကားေျပာပါ။ မထိတ္လန္႔ပါေစနဲ႔။

ေရွာင္က်ဥ္ရန္ – ဒါဏ္ရာကို ဓားနဲ႔မခြဲပါနဲ႔။ ေရေဆး၊ေရခဲကပ္၊ေရေႏြးအိတ္ကပ္တာမလုပ္ပါနဲ႔။ ႀကိဳးမစည္းပါနဲ႔။ လူနာကိုလႈပ္လႈပ္ရွားရွားမလုပ္ခိုင္းပါနဲ႔(အဆိပ္ပိုပ်ံ႕ႏိုင္ပါတယ္) အရက္နဲ႔ အျခားေဆးဝါးေတြ မေပးပါနဲ႔။ ေကာ္ဖီတို႔ အားျဖည့္အခ်ိဳရည္တို႔လို ကဖိန္းဓာတ္ပါတာေတြ မတိုက္ပါနဲ႔။ အစားအစာအမ်ားႀကီးမေကြၽးပါနဲ႔။ ေအာ့အန္ရင္ အန္ဖတ္ဆို႔ၿပီး အသက္ရႉပိတ္ႏိုင္ပါတယ္။ ဒဏ္ရာကို ဘာပစၥည္းနဲ႔မွ မအုံပါနဲ႔(ေဆးျမစ္၊ ေဆးဥေတြအပါအဝင္) ဂါထာမႏၲာန္ေတြကို အားမကိုးပါနဲ႔။ အဆိပ္ကိုပါးစပ္နဲ႔စုပ္မထုတ္ပါနဲ႔။ မီးစနဲ႔ မထိုးပါနဲ႔။ အထူးသျဖင့္ ေႁမြကိုက္ရင္ ေရာက္လာတတ္တဲ့ ဆရာႀကီးအထာနဲ႔ လူေတြရဲ႕စကားကို နားမေယာင္ပါနဲ႔။

အဓိက အခ်က္..ေဆး႐ုံကို ျမန္ႏိုင္သမွ်အျမန္ဆုံးပို႔ပါ- ကာကြယ္နည္း…ညဘက္သြားရင္ ဓာတ္မီးနဲ႔သြားပါ။ ၾကက္ေပါင္ဖိနပ္ ၾကက္ေပါင္လက္အိတ္ ဝတ္ပါ။ တုတ္ရွည္တစ္ေခ်ာင္းနဲ႔ ေျခာက္လွန္႔ၿပီးမွသြားပါ။ ျမက္ခင္းေတြထဲမနင္းဘဲ တတ္ႏိုင္သမွ်ေျမေျပာင္ကေနသြားပါ။ ထင္းပုံ အမႈိက္ပုံေတြ ကိုင္တြယ္မယ္ဆိုရင္ တုတ္ရွည္နဲ႔ အသံေပးေျခာက္လွန္႔ပါ။ အိမ္ထဲမဝင္ေအာင္ အေပါက္ေတြ ပိတ္ထားပါ။ ႂကြက္တြင္းေပါက္ေတြ ပိတ္ပါ။ ႂကြက္မလာေအာင္ စားႂကြင္းစားက်န္ေတြ မပစ္ပါနဲ႔။ အိမ္ဝန္းက်င္က အမႈိက္၊ ျမက္ေတြရွင္းပါ။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *