ဘာကြောင့် ယားယံတာလဲ၊ ယားရင်ကုတ်သင့်လား
လူတွေဟာ ယားရင် ကုတ်မိချင်ကြတာ ထုံးစံပါပဲ၊ ဆေးပညာအရ စူးစမ်းလေ့လာတဲ့အခါ ဒီလိုယားယံတာရဲ့ နောက်ကွယ်မှာ လူ့ ဦးနှောက်က အံသြစရာကောင်းလောက်အောင် ထူးထူးခြားခြားပါဝင်နေတာကို တွေ့ခဲ့ကြရပါတယ်။ လူ့အရေပြားမှာ ယားတာနဲ့ပတ်သက်လို့ သိလာရတဲ့ အချက်တွေ တိရစ္ဆာန်တွေ အပင်တွေနဲ့ ထိမိလို့ ယားတာက သူတို့ဆီကထွက်တဲ့ အဆိပ်တွေ အရေပြားမှာ ကျန်ခဲ့လို့ ဖြစ်ပါတယ်။ တိရစ္ဆာန်တွေ အပင်တွေက ထွက်တဲ့ အဆိပ်တွေနဲ့ ထိမိတဲ့အခါ လူ့ရဲ့ ကိုယ်ခံအားစနစ်က တုံ့ပြန်တဲ့ အနေနဲ့ ဟစ်စ်တမိန်းဆိုတဲ့ ဓါတ်တမျိုး ထုတ်လွှတ်ပါတယ်။ အဲဒီ ဟစ်စ်တမိန်းက နာဗ်အာရုံကြောတွေကို ဒီနေရာမှာ ယားနေပြီဆိုတာ ဦးနှောက်က သိလာအောင် သတိပေးပို့ စေတာဖြစ်ပါတယ်။
ယားတာကို သိစေတဲ့ အာရုံကြောကွန်ရက် သတ်သတ်ရှိ။ အရင်တုံးကတော့ ယားတာနဲ့ နာကျင်တာ နှစ်ခုစလုံးကို အာရုံကြောတခုထဲကပဲ ဦးနှောက်ကို သတင်းပို့တာလို့ ယူဆထားခဲ့ကြပါတယ်။ ၁၉၉၇ ခုနှစ်မှာကျမှ ယားတာကို ဦးနှောက်ကသိအောင် သတင်းပို့တဲ့ အထူးအာရုံကြောကွန်ရက်တွေရှိတယ်ဆိုတာကို လေ့လာတွေ့ရှိ ခဲ့ကြ ပါတယ်။ ဒါပေမယ့် ယားတာကို ဦးနှောက်က သိအောင် သတင်းပေးပို့တာက သိပ်နှေးပါတယ်။ လူ့အာရုံကြောတွေရဲ့ သတင်းပေးပို့တဲ့ နှုန်းက တခုနဲ့ တခု မတူကြပါဘူး။ ထိတယ်ဆိုတဲ့ ခံစားမှုကို ဦးနှောက်ကသိအောင် အာရုံကြောက တနာရီကို မိုင် ၂၀၀ နှုန်းနဲ့ သတင်းပေးပို့ပါတယ်။ ပူနေတဲ့ အိုးကို မတော်တဆကိုင်မိတာမျိုး နာကျင်မှုကိုတော့ တနာရီ မိုင် ၈၀ လောက်နဲ့ ပို့ပါတယ်။ ယားတာကို သတင်းပို့တာက တနာရီ ၂ မိုင်နှုန်းလောက်ပဲရှိပါတယ်။ ဆိုလိုတာက ထိတာ နာတာတွေကို အရင်သိပြီး ယားတာကို အသိနောက်ကျတယ်လို့ ဆိုလိုတာပါပဲ။
ယားတာဟာ သန်းတာမျိုးလို တဦးလုပ်ရင် နောက်တဦးက လိုက်လုပ်တတ်ပါတယ်။ သိပ္ပံပညာရှင်တွေက ကြွက်တွေကိုလေ့လာရာမှာ တကောင်ကုတ်ရင် ကျန်တဲ့ ကြွက်တွေ လိုက်ကုတ်တတ်တာကို တွေ့ရှိခဲ့ကြပါတယ်။ ဒီလို တယောက် ကုတ်ရင် နောက်တယောက်မှာပါ ကုတ်ချင်စိတ်ဖြစ်ရတာကလူ့ ဦးနှောက်မှာ ရှိတဲ့ ဆူပရာခိုင်ရာစမတစ် နျူးကလီးယပ်စ်လို့ခေါ် အစိတ်အပိုင်းလေးကြောင့်ဖြစ်ပါတယ်။ တယောက်ကုတ်ရင် နောက်တယောက် ကုတ်တာဟာ ဦးနှောက်မှာ ရှိတဲ့ ဆူပရာခိုင်ရာစမတစ် နျူးကလီးယပ်စ်ကြောင့်လို့သိကြပေမယ့် သူများကုတ်တာကို မြင်တာနဲ့ လိုက်ကုတ်ချင်စိတ်ပေါ်အောင် အဲဒီအစိတ်အပိုင်း ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကိုတော့ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင်တွေ လောလောဆယ် စူးစမ်းနေကြဆဲဖြစ်ပါတယ်။
ကုတ်တာဟာ လူ့ကို ယားယံစေတဲ့ ပစ္စည်းတွေကို ဖယ်ရှားဖို့ အကောင်းဆုံးနည်းလမ်းပါ။ ယားတာကို ကုတ်လို့ တော်တော်နဲ့ မပျောက်ပေမယ့် ကုတ်လိုက်ခြင်းအားဖြင့် ကိုယ့်ကို ဒုက္ခပေးနေတဲ့ အင်းဆက်ပိုးမွှားလေးတွေ နဲ့ ယားယံစေတဲ့ အပင်တွေ အရွက်တွေကို ဖယ်ရှားလိုက်သလို ဖြစ်ပါတယ်။ ဒါ့အပြင် သွေးကြောတွေကိုလည်းပိုကျယ်စေတာကြောင့် သွေးလည်ပတ်မှုများပြီး သွေးထဲမှာပါတဲ့ သွေးဖြူဥတွေနဲ့ သွေးကြည်ရည်တွေက ကိုယ်ခန္ဓာထဲကိုဝင်ရောက်လာတဲ့ အဆိပ်အတောက်တွေကို မြန်မြန်ဖယ်ရှားပေးပါတယ်။ ဒါကြောင့် ယားတဲ့နေရာမှာ အရေပြားနီလာပြီး အဖုအပိန့်တွေထွက်လာတာဖြစ်ပါတယ်။
ကုတ်နေရရင် ဇိမ်ကျတာဟာ ဦးနှောက်ကနေ ဆီရိုတိုနင်ဆိုတဲ့ ဓါတ်တမျိုးထွက်လာလို့ ဖြစ်ပါတယ်။ ဆီရိုတိုနင်ဆိုတာ နျူရိုထရမ်စမစ်တာလို့ခေါ်တဲ့ ဦးနှောက်တွင်း နာဗ်ဆဲတခုနဲ့တခုကြား သတင်းပေးပို့ တဲ့ ဓါတုပစ္စည်းတမျိုးဖြစ်ပြီး လူကို ကြည်နူးပျော်ရွင်မှု ဖြစ်စေတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ် ။ ကိုယ်ခန္ဓာမှာ ဆီရိုတိုနင်ပိုထွက်လာလေလေ ပိုပြီး ပျော်ရွင်ကြည်နူးလေ ဖြစ်ပါတယ်။ ဒီလိုစိတ်ကျေနပ်စရာ ခံစားချက်ကြောင့် ကုတ်မိရင် မရပ်ချင်ကြတာဖြစ်ပါတယ်။ ယားရင် ကုတ်လို့ အကောင်းဆုံးနေရာက ဘယ်နေရာလဲ သိကြလား၊ ကုတ်ရင်းစဉ်းစားကြည့်ကြပါ။ ၂၀၁၂ ခုနှစ်ထုတ် ဗြိတိန် အရေပြားရောဂါဆိုင်ရာ ဆေးပညာဂျာနယ်မှာ ဖေါ်ပြတဲ့ လေ့လာမှုတခုအရ ခြေကျင်းဝတ် ဟာ ယားရင်ကုတ်လို့ အကောင်းဆုံးနေရာလို့ ဆိုပါတယ်။ ခြေကျင်းဝတ်ဟာ အယားတတ်ဆုံးနေရာဖြစ်ပြီး ကုတ်လို့ရှိရင်လည်း ဇိမ်အရှိဆုံးနေရာဖြစ်လို့ ကုတ်မိရင် မရပ်ဘဲ အကြာဆုံးကုတ်ကြတဲ့ နေရာဖြစ်တယ်ဆိုတာ တွေ့ရှိခဲ့ကြပါတယ်။ ကဲ ဟုတ်မဟုတ် အခုပဲ ခြေကျင်းဝတ်လေးကို ကုတ်ပြီး စမ်းကြည့်ကြပါလား။
ကုတ်လေ ယားလေ၊ ယားလေကုတ်လေ၊ ဒီသံသရာကြီးက ရုန်းထွက်ဖို့ကြိုးစားပါ။ ကုတ်လေ အရေပြားကနေ စောစောက ပြောခဲ့တဲ့ ဟစ်စ်တမိန်းတွေ ပိုထွက်လေ၊ ဦးနှောက်ကို ယားနေပြီဆိုတဲ့ သတင်းတွေပိုပို့လေ၊ ပို ယားလေ ပိုကုတ်လေနဲ့ သံသရာလည်လို့ မဆုံးတော့ပါဘူး။ ကုတ်တာများရင် အရေပြားတွေပွန်းပဲ့ ရာက ပိုးဝင်ပြီး ယောင်ယမ်းလာနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ ယားလို့ကုတ်၊ ကုတ်လို့ယားသံသရာကြောင့် အထူးသဖြင့် eczema နှင်းခူနာနဲ့ psoriasis လို အရေပြားရောဂါရှိသူတွေမှာ ပိုဒုက္ခရောက်စေပါတယ်။ အယားပြေပျောက်အောင် အန်တီ ဟစ်စ်တမိန်း လို့ ခေါ်တဲ့ ဆေးတွေကို ဆရာဝန်တွေက ညွှန်းလေ့ရှိကြပါတယ်။ ဒီဆေးဟာ ယားစေတဲ့ ဟစ်စ်တမိန်းကို ချေဖျက်ပေးတာကြောင့် ဒီဆေး လိမ်းတာ သောက်တာဟာ ယားယံတာကို သက်သာစေနိုင်ပါတယ်။ ယားတာကြာရှည်လာရင် လူကို အားအင်ကုန်ခမ်းစေပြီး စိတ်ရောကိုယ်ပါ ကျန်းမာရေး ထိခိုက်စေနိုင်ပါတယ်။
မရပ်မနား ယားတာ ကြာရှည်လာတဲ့ လူတွေမှာ နာတာရှည် ရောဂါခံစားနေရတဲ့ လူနာတွေလို အားအင် ကုန်ခမ်း စိတ်ပင်ပန်း လူပင်ပန်းနဲ့ စိတ်ဓါတ်ကျတာတွေ ခံစားရနိုင်တာကို ဆေးသိပ္ပံပညာရှင်တွေ လေ့လာတွေ့ရှိခဲ့ကြပါတယ်။ အာခိုက် ဒါမက်တိုလော်ဂျီ အရေးပြားရောဂါဆိုင်ရာဂျာနယ်မှာ ဖေါ်ပြခဲ့တဲ့ လေ့လာမှုတခုမှာ သီတင်းပတ်နဲ့ချီ ဒါမှမဟုတ် လချီ နှစ်ချီ ယားတာကို ခံစားနေရသူတွေဟာ နာတာရှည် နာကျင်ကိုက်ခဲမှုကို ခံစားနေရသူတွေလိုပဲ စိတ်ရောကိုယ်ပါ ထိခိုက်တာကို တွေ့ရှိခဲ့ကြပါတယ်။ တကယ်တန်းဆိုရင် ရေရှည်ယားယံတာဟာ အရေပြားမှာဖြစ်တဲ့ နာကျင်တဲ့ ဝေဒနာတခုပဲဖြစ်တယ်လို့ လေ့လာခဲ့ကြတဲ့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ အဆက်မပြတ်ယားယံတာမျိုးဟာ အသည်းရောဂါနဲ့ လင်ဖိုးမားလို့ ခေါ်တဲ့ ကင်ဆာရောဂါမျိုးတို့နဲ့လည်း ဆက်စပ်နေတာကြောင့်ယားတာ တာရှည်လာရင် လျစ်လျူရှုမထားသင့်ဘဲ ဆရာဝန်တွေနဲ့ ပြသဖို့ လိုပါတယ်။
Zawgyi
လူေတြဟာ ယားရင္ ကုတ္မိခ်င္ၾကတာ ထုံးစံပါပဲ၊ ေဆးပညာအရ စူးစမ္းေလ့လာတဲ့အခါ ဒီလိုယားယံတာရဲ႕ ေနာက္ကြယ္မွာ လူ႔ ဦးေႏွာက္က အံၾသစရာေကာင္းေလာက္ေအာင္ ထူးထူးျခားျခားပါဝင္ေနတာကို ေတြ႕ခဲ့ၾကရပါတယ္။ လူ႔အေရျပားမွာ ယားတာနဲ႔ပတ္သက္လို႔ သိလာရတဲ့ အခ်က္ေတြ တိရစာၦန္ေတြ အပင္ေတြနဲ႔ ထိမိလို႔ ယားတာက သူတို႔ဆီကထြက္တဲ့ အဆိပ္ေတြ အေရျပားမွာ က်န္ခဲ့လို႔ ျဖစ္ပါတယ္။ တိရစာၦန္ေတြ အပင္ေတြက ထြက္တဲ့ အဆိပ္ေတြနဲ႔ ထိမိတဲ့အခါ လူ႔ရဲ႕ ကိုယ္ခံအားစနစ္က တုံ႔ျပန္တဲ့ အေနနဲ႔ ဟစ္စ္တမိန္းဆိုတဲ့ ဓါတ္တမ်ိဳး ထုတ္လႊတ္ပါတယ္။ အဲဒီ ဟစ္စ္တမိန္းက နာဗ္အာ႐ုံေၾကာေတြကို ဒီေနရာမွာ ယားေနၿပီဆိုတာ ဦးေႏွာက္က သိလာေအာင္ သတိေပးပို႔ ေစတာျဖစ္ပါတယ္။
ယားတာကို သိေစတဲ့ အာ႐ုံေၾကာကြန္ရက္ သတ္သတ္ရွိ။ အရင္တုံးကေတာ့ ယားတာနဲ႔ နာက်င္တာ ႏွစ္ခုစလုံးကို အာ႐ုံေၾကာတခုထဲကပဲ ဦးေႏွာက္ကို သတင္းပို႔တာလို႔ ယူဆထားခဲ့ၾကပါတယ္။ ၁၉၉၇ ခုႏွစ္မွာက်မွ ယားတာကို ဦးေႏွာက္ကသိေအာင္ သတင္းပို႔တဲ့ အထူးအာ႐ုံေၾကာကြန္ရက္ေတြရွိတယ္ဆိုတာကို ေလ့လာေတြ႕ရွိ ခဲ့ၾက ပါတယ္။ ဒါေပမယ့္ ယားတာကို ဦးေႏွာက္က သိေအာင္ သတင္းေပးပို႔တာက သိပ္ေႏွးပါတယ္။ လူ႔အာ႐ုံေၾကာေတြရဲ႕ သတင္းေပးပို႔တဲ့ ႏႈန္းက တခုနဲ႔ တခု မတူၾကပါဘူး။ ထိတယ္ဆိုတဲ့ ခံစားမႈကို ဦးေႏွာက္ကသိေအာင္ အာ႐ုံေၾကာက တနာရီကို မိုင္ ၂၀၀ ႏႈန္းနဲ႔ သတင္းေပးပို႔ပါတယ္။ ပူေနတဲ့ အိုးကို မေတာ္တဆကိုင္မိတာမ်ိဳး နာက်င္မႈကိုေတာ့ တနာရီ မိုင္ ၈၀ ေလာက္နဲ႔ ပို႔ပါတယ္။ ယားတာကို သတင္းပို႔တာက တနာရီ ၂ မိုင္ႏႈန္းေလာက္ပဲရွိပါတယ္။ ဆိုလိုတာက ထိတာ နာတာေတြကို အရင္သိၿပီး ယားတာကို အသိေနာက္က်တယ္လို႔ ဆိုလိုတာပါပဲ။
ယားတာဟာ သန္းတာမ်ိဳးလို တဦးလုပ္ရင္ ေနာက္တဦးက လိုက္လုပ္တတ္ပါတယ္။ သိပၸံပညာရွင္ေတြက ႂကြက္ေတြကိုေလ့လာရာမွာ တေကာင္ကုတ္ရင္ က်န္တဲ့ ႂကြက္ေတြ လိုက္ကုတ္တတ္တာကို ေတြ႕ရွိခဲ့ၾကပါတယ္။ ဒီလို တေယာက္ ကုတ္ရင္ ေနာက္တေယာက္မွာပါ ကုတ္ခ်င္စိတ္ျဖစ္ရတာကလူ႔ ဦးေႏွာက္မွာ ရွိတဲ့ ဆူပရာခိုင္ရာစမတစ္ န်ဴးကလီးယပ္စ္လို႔ေခၚ အစိတ္အပိုင္းေလးေၾကာင့္ျဖစ္ပါတယ္။ တေယာက္ကုတ္ရင္ ေနာက္တေယာက္ ကုတ္တာဟာ ဦးေႏွာက္မွာ ရွိတဲ့ ဆူပရာခိုင္ရာစမတစ္ န်ဴးကလီးယပ္စ္ေၾကာင့္လို႔သိၾကေပမယ့္ သူမ်ားကုတ္တာကို ျမင္တာနဲ႔ လိုက္ကုတ္ခ်င္စိတ္ေပၚေအာင္ အဲဒီအစိတ္အပိုင္း ဘယ္လိုအလုပ္လုပ္တယ္ဆိုတာကိုေတာ့ ဦးေႏွာက္နဲ႔ အာ႐ုံေၾကာဆိုင္ရာ သိပၸံပညာရွင္ေတြ ေလာေလာဆယ္ စူးစမ္းေနၾကဆဲျဖစ္ပါတယ္။
ကုတ္တာဟာ လူ႔ကို ယားယံေစတဲ့ ပစၥည္းေတြကို ဖယ္ရွားဖို႔ အေကာင္းဆုံးနည္းလမ္းပါ။ ယားတာကို ကုတ္လို႔ ေတာ္ေတာ္နဲ႔ မေပ်ာက္ေပမယ့္ ကုတ္လိုက္ျခင္းအားျဖင့္ ကိုယ့္ကို ဒုကၡေပးေနတဲ့ အင္းဆက္ပိုးမႊားေလးေတြ နဲ႔ ယားယံေစတဲ့ အပင္ေတြ အ႐ြက္ေတြကို ဖယ္ရွားလိုက္သလို ျဖစ္ပါတယ္။ ဒါ့အျပင္ ေသြးေၾကာေတြကိုလည္းပိုက်ယ္ေစတာေၾကာင့္ ေသြးလည္ပတ္မႈမ်ားၿပီး ေသြးထဲမွာပါတဲ့ ေသြးျဖဴဥေတြနဲ႔ ေသြးၾကည္ရည္ေတြက ကိုယ္ခႏၶာထဲကိုဝင္ေရာက္လာတဲ့ အဆိပ္အေတာက္ေတြကို ျမန္ျမန္ဖယ္ရွားေပးပါတယ္။ ဒါေၾကာင့္ ယားတဲ့ေနရာမွာ အေရျပားနီလာၿပီး အဖုအပိန္႔ေတြထြက္လာတာျဖစ္ပါတယ္။
ကုတ္ေနရရင္ ဇိမ္က်တာဟာ ဦးေႏွာက္ကေန ဆီ႐ိုတိုနင္ဆိုတဲ့ ဓါတ္တမ်ိဳးထြက္လာလို႔ ျဖစ္ပါတယ္။ ဆီ႐ိုတိုနင္ဆိုတာ န်ဴ႐ိုထရမ္စမစ္တာလို႔ေခၚတဲ့ ဦးေႏွာက္တြင္း နာဗ္ဆဲတခုနဲ႔တခုၾကား သတင္းေပးပို႔ တဲ့ ဓါတုပစၥည္းတမ်ိဳးျဖစ္ၿပီး လူကို ၾကည္ႏူးေပ်ာ္႐ြင္မႈ ျဖစ္ေစတယ္လို႔ သိပၸံပညာရွင္ေတြက ေျပာပါတယ္ ။ ကိုယ္ခႏၶာမွာ ဆီ႐ိုတိုနင္ပိုထြက္လာေလေလ ပိုၿပီး ေပ်ာ္႐ြင္ၾကည္ႏူးေလ ျဖစ္ပါတယ္။ ဒီလိုစိတ္ေက်နပ္စရာ ခံစားခ်က္ေၾကာင့္ ကုတ္မိရင္ မရပ္ခ်င္ၾကတာျဖစ္ပါတယ္။ ယားရင္ ကုတ္လို႔ အေကာင္းဆုံးေနရာက ဘယ္ေနရာလဲ သိၾကလား၊ ကုတ္ရင္းစဥ္းစားၾကည့္ၾကပါ။ ၂၀၁၂ ခုႏွစ္ထုတ္ ၿဗိတိန္ အေရျပားေရာဂါဆိုင္ရာ ေဆးပညာဂ်ာနယ္မွာ ေဖၚျပတဲ့ ေလ့လာမႈတခုအရ ေျခက်င္းဝတ္ ဟာ ယားရင္ကုတ္လို႔ အေကာင္းဆုံးေနရာလို႔ ဆိုပါတယ္။ ေျခက်င္းဝတ္ဟာ အယားတတ္ဆုံးေနရာျဖစ္ၿပီး ကုတ္လို႔ရွိရင္လည္း ဇိမ္အရွိဆုံးေနရာျဖစ္လို႔ ကုတ္မိရင္ မရပ္ဘဲ အၾကာဆုံးကုတ္ၾကတဲ့ ေနရာျဖစ္တယ္ဆိုတာ ေတြ႕ရွိခဲ့ၾကပါတယ္။ ကဲ ဟုတ္မဟုတ္ အခုပဲ ေျခက်င္းဝတ္ေလးကို ကုတ္ၿပီး စမ္းၾကည့္ၾကပါလား။
ကုတ္ေလ ယားေလ၊ ယားေလကုတ္ေလ၊ ဒီသံသရာႀကီးက ႐ုန္းထြက္ဖို႔ႀကိဳးစားပါ။ ကုတ္ေလ အေရျပားကေန ေစာေစာက ေျပာခဲ့တဲ့ ဟစ္စ္တမိန္းေတြ ပိုထြက္ေလ၊ ဦးေႏွာက္ကို ယားေနၿပီဆိုတဲ့ သတင္းေတြပိုပို႔ေလ၊ ပို ယားေလ ပိုကုတ္ေလနဲ႔ သံသရာလည္လို႔ မဆုံးေတာ့ပါဘူး။ ကုတ္တာမ်ားရင္ အေရျပားေတြပြန္းပဲ့ ရာက ပိုးဝင္ၿပီး ေယာင္ယမ္းလာႏိုင္တဲ့ အႏၲရာယ္ရွိပါတယ္။ ယားလို႔ကုတ္၊ ကုတ္လို႔ယားသံသရာေၾကာင့္ အထူးသျဖင့္ eczema ႏွင္းခူနာနဲ႔ psoriasis လို အေရျပားေရာဂါရွိသူေတြမွာ ပိုဒုကၡေရာက္ေစပါတယ္။ အယားေျပေပ်ာက္ေအာင္ အန္တီ ဟစ္စ္တမိန္း လို႔ ေခၚတဲ့ ေဆးေတြကို ဆရာဝန္ေတြက ၫႊန္းေလ့ရွိၾကပါတယ္။ ဒီေဆးဟာ ယားေစတဲ့ ဟစ္စ္တမိန္းကို ေခ်ဖ်က္ေပးတာေၾကာင့္ ဒီေဆး လိမ္းတာ ေသာက္တာဟာ ယားယံတာကို သက္သာေစႏိုင္ပါတယ္။ ယားတာၾကာရွည္လာရင္ လူကို အားအင္ကုန္ခမ္းေစၿပီး စိတ္ေရာကိုယ္ပါ က်န္းမာေရး ထိခိုက္ေစႏိုင္ပါတယ္။
မရပ္မနား ယားတာ ၾကာရွည္လာတဲ့ လူေတြမွာ နာတာရွည္ ေရာဂါခံစားေနရတဲ့ လူနာေတြလို အားအင္ ကုန္ခမ္း စိတ္ပင္ပန္း လူပင္ပန္းနဲ႔ စိတ္ဓါတ္က်တာေတြ ခံစားရႏိုင္တာကို ေဆးသိပၸံပညာရွင္ေတြ ေလ့လာေတြ႕ရွိခဲ့ၾကပါတယ္။ အာခိုက္ ဒါမက္တိုေလာ္ဂ်ီ အေရးျပားေရာဂါဆိုင္ရာဂ်ာနယ္မွာ ေဖၚျပခဲ့တဲ့ ေလ့လာမႈတခုမွာ သီတင္းပတ္နဲ႔ခ်ီ ဒါမွမဟုတ္ လခ်ီ ႏွစ္ခ်ီ ယားတာကို ခံစားေနရသူေတြဟာ နာတာရွည္ နာက်င္ကိုက္ခဲမႈကို ခံစားေနရသူေတြလိုပဲ စိတ္ေရာကိုယ္ပါ ထိခိုက္တာကို ေတြ႕ရွိခဲ့ၾကပါတယ္။ တကယ္တန္းဆိုရင္ ေရရွည္ယားယံတာဟာ အေရျပားမွာျဖစ္တဲ့ နာက်င္တဲ့ ေဝဒနာတခုပဲျဖစ္တယ္လို႔ ေလ့လာခဲ့ၾကတဲ့ သိပၸံပညာရွင္ေတြက ေျပာပါတယ္။ အဆက္မျပတ္ယားယံတာမ်ိဳးဟာ အသည္းေရာဂါနဲ႔ လင္ဖိုးမားလို႔ ေခၚတဲ့ ကင္ဆာေရာဂါမ်ိဳးတို႔နဲ႔လည္း ဆက္စပ္ေနတာေၾကာင့္ယားတာ တာရွည္လာရင္ လ်စ္လ်ဴရႈမထားသင့္ဘဲ ဆရာဝန္ေတြနဲ႔ ျပသဖို႔ လိုပါတယ္။
Leave a Reply