ဆံပင်အတိုလေးရယ် မြန်မာဝတ်စုံလေးရယ်နဲ့ ချစ်ဖို့ကောင်းလွန်းနေခဲ့တဲ့ ဝေလာရီ
ပရိသတ်ကြီးရေ ဝေလာရီကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ ဝေလာရီကတော့ ချစ်ဖို့ကောင်းလှတဲ့ရုပ်ရည်အပြင် စိတ်ထားလေးကည်းကောင်းပြီး ဖော်ရွေစွာဆက်ဆံတတ်တာကြောင့် ပရိသတ်တွေက သဘောကျနေကြတာလည်းဖြစ်ပါတယ်။
ဝေလာရီကတော့ အမြဲလိုလို ပြုံရွှင်နေပြီး မျက်နှာလေးမှာကိုက အကြည်ဓာတ်တွေပြည့်နေတာကြောင့် မြင်တဲ့သူတိုင်းက အချစ်ပိုနေခဲ့ရပါသေးတယ်။ အရင်က ဆံပင်အရှည်လေးနဲ့လည်း နန်းဆန်ဆန်လှနေသလို လတ်တလော ဆံပင်အတိုလေး ညှပ်လိုက်ချိန်မှာလည်း ကလေးလေးတစ်ယောက်လိုကို နုပျိုပြီး လှပနေခဲ့တာကြောင့် ပရိသတ်တွေကတောင် ဝေလာရီရဲ့ အလှကို ချီးကျူးနေခဲ့ကြပါသေးတယ်။
ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ ဝေလာရီကတော့ မနေ့က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဆံပင်အတိုလေးနဲ့ မြန်မာဝတ်စုံလေးဝတ်ပြီး ချစ်ဖို့ကောင်းလှတဲ့ သူ့ရဲ့ ပုံလေးတွေကို မျှဝေဖော်ပြလာခဲ့ပါတယ်။ ပရိသတ်ကြီးရေ ဝေလာရီကတော့ ဘယ်လိုနေနေကို အကြည်ဓာတ်လေးနဲ့ လှနေတာပဲနော်။
Source – Wai Lar Ri – ဝေလာရီ
-Zawgyi Font ဖြင့် ဖတ်ရန်-
Leave a Reply