4.9.2023 နေ့မှ 7.9.2023 နေ့အတွင်း မိုးလေဝသ အထူးသတင်း

4.9.2023 နေ့မှ 7.9.2023 နေ့အတွင်း မိုးလေဝသ အထူးသတင်း

မြန်မာနိုင်ငံ အနောက်တောင်ဘက်မှာရှိတဲ့ ဘင်္ဂလာပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေစိုင်ဝဲဟာ အားကောင်းလာခြင်းနှင့် မြန်မာနိုင်ငံ အရှေ့ဘက်မှာရှိတဲ့ ပစိဖိတ်သမုဒ္ဒအတွင်းမှာ ဖြစ်ပေါ်နေတဲ့ တိုင်ဖွန်းမုန်တိုင်းကြီးဟာလည်း တရုတ်ပြည်ကို စတင်ဝင်ရောက်လာတဲ့ အရှိန်များကြောင့် မြန်မာနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းခြင်း ရေကြီးခြင်း မြေပြိုခြင်းများ ဖြစ်ပေါ်လာနိုင်ပါတယ်။
လာမည့် ၃ ရက်အတွင်း မိုးများနိုင်သည့်ဒေသများ ရခိုင်ပြည်နယ် – ရမ်းဗြဲကျွန်း (ကျောက်ဖြူ)၊ မာန်အောင်ကျွန်း (အထက်ပြင်၊ ချင်းလှောင်ကွင်း၊ ဆားချက်၊ ကအီ၊ မိန်းမကွဲ)၊ ရဲကျွန်း(မြောက်)၊ တောင်ကုတ်၊ သံတွဲ၊ ငပလီ၊ ဂွ။

ဧရာဝတီတိုင်းအနောက်ဘက် -ကမ်းရိုးတန်းအပန်းဖြေကမ်းခြေများ၊ ဟိုင်းကြီးကျွန်း၊ မော်တင်စွန်း၊ အလယ်ပေါက်၊ လပွတ္တာ၊ ဓနိချောင်း၊ ဇီးဖြူဆိပ်၊ ချောင်းကြီး၊ ချောင်းစု၊ ရွဲ၊ ကွင်းသုံးဆင့်၊ ပြင်စလူ၊ အောင်လှိုင်၊ ရေကျော်ကြီး၊ အုန်းပင်။ ရန်ကုန်တိုင်း – တောင်ပိုင်းခရိုင် ကျောက်တန်း။ ပဲခူးတိုင်း – တောင်ဘက် မုတ္တမကွေ့ကမ်းရိုးတန်းဒေသများ။ မွန်ပြည်နယ်- တောင်စွန်း၊ ဒုံဝန်း၊ သထုံ၊ ဘီလူးကျွန်း-ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံ၊ ကမာဝက်၊ လမိုင်း၊ ရေး၊ ကလိန်အောင်။ ကရင်ပြည်နယ် – မအူ၊ ကြာအင်းဆိပ်ကြီး၊ ကွင်းကလေး၊ ကျိုက်ဒုံ၊ အဇင်း၊ သမိန်ဒွတ်၊ ကော့ဘိန်း၊ ကျုံဒိုး၊ ကော့ကရိတ်၊ အိန္ဒု၊ သာမည၊ ဒေါ်လန်း၊ ဘားအံ၊ ဗျက္ခ၊ ကြက်တူရွေး၊ ပိုင်ကျုံ၊ ထီလုံ၊ လှိုင်းဘွဲ့၊ ရွှေဂွန်း၊ ကမမောင်း။ တနင်္သာရီတိုင်း – ထားဝယ်၊ လောင်းလုံ၊ ပလောက်၊ အလယ်ချောင်း၊ မြိတ်၊ တောင်ရှည်၊ မြိတ်ကျွန်းစု၊ ဘုတ်ပြင်း၊ ကော့သောင်း။

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများဖြစ်တဲ့ မန္တလေးတိုင်း စစ်ကိုင်းတိုင်း နဲ့ မကွေးတိုင်း များမှာလည်း မိုးများမှာဖြစ်ပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်နဲ့ ဆက်ဆပ်နေတဲ့ မကွေးတိုင်းဒေသကြီးမှာဆိုရင်တော့ ရခိုင်းရိုးမက ဆင်းလာမယ့် တောင်ကျရေအရှိန်နဲ့အတူ မြင့်တက်နေတဲ့ မြစ်ရေပေါင်းပြီး ရေကြီးရေလျှံတာတွေ ပိုပြီးဖြစ်လာနိုင်ပါတယ်။ အားလုံး ကျန်းမာချမ်းသာ ဘေးကင်းကြပါစေ။

ဒေါက်တာမြဝတ်ရည်ဆိုလိုက်တာနဲ့ မသိသူ ခပ်ရှားရှားဖြစ်ပါလိမ့်မယ်။ စွာတယ်လို့ သိထားသလို မဟုတ်မခံ မိန်းကလေးတစ်ယောက်အဖြစ် အားလုံးသိပြီးဖြစ်ပါလိမ့်မယ်။ ၂၀၂၁ နိုင်ငံရေးအပြောင်းအလဲမှာ စစ်တပ်ကို ဆန့်ကျင်ခဲ့ပြီး မကြာမီရက်ပိုင်းကမှ နိုင်ငံခြားတိုင်းပြည်ကို ရောက်ရှိနေတာဖြစ်ပါတယ်။

2020 ခုနှစ်မှာ လက်ထပ်ခဲ့တာဖြစ်ပြီး လူအများအားကျရလောက်အောင် ချစ်ခဲ့ကြတဲ့ စုံတွဲတစ်တွဲဆိုလည်း မမှားပါဘူး။ ပရိသတ်တွေအနေနဲ့လည်း အခုလိုဖြစ်လာခဲ့တဲ့အပေါ်မှာ များစွာအံ့အားသင့်ခဲ့ရပါတယ်။ ဒေါက်တာမြဝတ်ရည်ဟာ ယခုအခါမှာတော့ ကလေးတစ်ယောက်မွေးဖွားထားပြီဖြစ်ပါတယ်။

ယောကျာ်းဘက်က အမျိုးတွေအားလုံးရဲ့ အနိုင်ကျင့်စော်ကားမှု့တွေကို ပေါက်ကွဲရင်ဖွင့်လာခဲ့တာဖြစ်ပြီး တစ်ဆက်ထဲမှာ ခင်ပွန်းဖြစ်သူမှလည်း သူမအပေါ် ချစ်ခင်ကြင်နာမှု့မရှိသလို သမီးအပေါ်မှာတောင် ကြင်နာတတ်သူမဟုတ်ကြောင်းကို ပြောပြလာခဲ့ပါတယ်။ ရုပ်သံဖိုင်ကို အောက်မှာတင်ပေးထားပါတယ်ခမျာ

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *