3.9.2023 မိုးလေဝသအခြေအနေ သတင်း

ချစ်ရတဲ့ မြန်မာပြည်သူပြည်သားအပေါင်း မင်္ဂလာပါရှင်။ မြန်မာနိုင်ငံရဲ့ အနောက်တောင်ဘက်မှာရှိတဲ့ ဘင်္ဂလားပင်လယ်အော်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်ဟာဆိုရင်တော့ ဆိုင်ကလုန်းမုန်တိုင်း အဖြစ်ကို မရောက်နိုင်တော့မှာ ၆၀% သေချာသွားပါပြီ။ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ကို မရောက်ရှိနိုင်ပေမယ့် လေဖိအားနည်းရပ်ဝန်း လေစိုင်ဝဲကြီးအဖြစ် ဆက်လက်ရပ်တည်နေပြီး စက်တင်ဘာလ ၅ရက်နေမှာ လေစိုင်ဝဲရဲ့ အားအကောင်းဆုံးအခြေအနေကို ရောက်ရှိမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အရှေ့ဘက်မှာရှိတဲ့ တောင်တရုတ်ပင်လယ်အတွင်းမှာလည်း တိုင်ဖွန်းမုန်တိုင်း ဟိုင်ကူရီ ဖြစ်ပေါ်တိုက်ခတ်နေပါတယ်။ တိုင်ဖွန်းမုန်တိုင်း ဟိုင်ကူရီရဲ့ အရှိန်နဲ့ ဘင်္ဂလာပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းချိုင့်ဝှမ်းတို့ရဲ့ အကျိုးသက်ရောက်မှု့ကြောင့် နောက်ထပ် ၅ရက်အတွင်း မြန်မာနိုင်ငံမှာ မိုးများနေအုံးမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံတောင်ပိုင်းမှာ ထုံးစံအတိုင်းမိုးများနေမှာဖြစ်ပြီး မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့ပိုင်းတွေမှာ အသင့်အတင့်လောက်သာ ရွာပါမယ်။ ရခိုင်နဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းတွေမှာ မိုးများပါမည်။
ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် နဲ့ ပဲခူးတိုင်းမှာတော့ မိုးရေချိန် မီလီမီတာ ရာဂဏန်းအထက်ရွာနိုင်ပြီး မိုးများနေပါမယ်။

ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာတော့ အနောက်တောင်ဘက်နဲ့ အရှေ့ဘက်ကဝင်လာတဲ့ တိမ်တိုက်များအခြေအနေပေါ်မူတည်ပြီး မိုးအသင့်အတင့်လောက်သာရွာနိုင်ပါမယ်။

ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတွေမှာ မိုးများမှာဖြစ်ပါတယ်။
စက်တင်ဘာလ ၃ရက်၊ ယနေ့အတွက်တော့ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းမှာ နေရာအနှံ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ ချစ်တဲ့ မြန်မာပြည်သူပြည်သားအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာကြပါစေရှင့်

ခ်စ္ရတဲ့ ျမန္မာျပည္သူျပည္သားအေပါင္း မဂၤလာပါရွင္။ ျမန္မာႏိုင္ငံရဲ႕ အေနာက္ေတာင္ဘက္မွာရွိတဲ့ ဘဂၤလားပင္လယ္ေအာ္အတြင္းမွာ ျဖစ္ေပၚေနတဲ့ ေလဖိအားနည္းရပ္ဝန္ဟာဆိုရင္ေတာ့ ဆိုင္ကလုန္းမုန္တိုင္း အျဖစ္ကို မေရာက္ႏိုင္ေတာ့မွာ ၆၀% ေသခ်ာသြားပါၿပီ။ ဆိုင္ကလုန္းမုန္တိုင္းအျဖစ္ကို မေရာက္ရွိႏိုင္ေပမယ့္ ေလဖိအားနည္းရပ္ဝန္း ေလစိုင္ဝဲႀကီးအျဖစ္ ဆက္လက္ရပ္တည္ေနၿပီး စက္တင္ဘာလ ၅ရက္ေနမွာ ေလစိုင္ဝဲရဲ႕ အားအေကာင္းဆုံးအေျခအေနကို ေရာက္ရွိမွာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံရဲ႕ အေရွ႕ဘက္မွာရွိတဲ့ ေတာင္တ႐ုတ္ပင္လယ္အတြင္းမွာလည္း တိုင္ဖြန္းမုန္တိုင္း ဟိုင္ကူရီ ျဖစ္ေပၚတိုက္ခတ္ေနပါတယ္။ တိုင္ဖြန္းမုန္တိုင္း ဟိုင္ကူရီရဲ႕ အရွိန္နဲ႔ ဘဂၤလာပင္လယ္ေအာ္မွာျဖစ္ေပၚေနတဲ့ ေလဖိအားနည္းခ်ိဳင့္ဝွမ္းတို႔ရဲ႕ အက်ိဳးသက္ေရာက္မႈ႕ေၾကာင့္ ေနာက္ထပ္ ၅ရက္အတြင္း ျမန္မာႏိုင္ငံမွာ မိုးမ်ားေနအုံးမွာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံေတာင္ပိုင္းမွာ ထုံးစံအတိုင္းမိုးမ်ားေနမွာျဖစ္ၿပီး ျမန္မာႏိုင္ငံ ေျမာက္ပိုင္းႏွင့္ အေရွ႕ပိုင္းေတြမွာ အသင့္အတင့္ေလာက္သာ ႐ြာပါမယ္။ ရခိုင္နဲ႔ ျမန္မာႏိုင္ငံ အလယ္ပိုင္းေတြမွာ မိုးမ်ားပါမည္။
ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္း၊ တနသၤာရီတိုင္း၊ မြန္ျပည္နယ္၊ ကရင္ျပည္နယ္ နဲ႔ ပဲခူးတိုင္းမွာေတာ့ မိုးေရခ်ိန္ မီလီမီတာ ရာဂဏန္းအထက္႐ြာႏိုင္ၿပီး မိုးမ်ားေနပါမယ္။

ရွမ္းျပည္နယ္၊ ကယားျပည္နယ္၊ ကခ်င္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ေတြမွာေတာ့ အေနာက္ေတာင္ဘက္နဲ႔ အေရွ႕ဘက္ကဝင္လာတဲ့ တိမ္တိုက္မ်ားအေျခအေနေပၚမူတည္ၿပီး မိုးအသင့္အတင့္ေလာက္သာ႐ြာႏိုင္ပါမယ္။

ရခိုင္ျပည္နယ္၊ မေကြးတိုင္း၊ စစ္ကိုင္းတိုင္းနဲ႔ မႏၲေလးတိုင္းေတြမွာ မိုးမ်ားမွာျဖစ္ပါတယ္။
စက္တင္ဘာလ ၃ရက္၊ ယေန႔အတြက္ေတာ့ မေကြးတိုင္းႏွင့္ စစ္ကိုင္းတိုင္းမွာ ေနရာအႏွံ မိုးထစ္ခ်ဳန္း႐ြာႏိုင္ပါတယ္။ ခ်စ္တဲ့ ျမန္မာျပည္သူျပည္သားအေပါင္း ကိုယ္စိတ္ႏွစ္ျဖာက်န္းမာ ခ်မ္းသာၾကပါေစရွင့္

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *