အသာလုပ်ကြပါဗျာ …..

အွန်လိုင်းမှာ ဟုန်းဟုန်းထအောင်နာမည်ကြီးပြီး လူကြည့်များနေတဲ့ မင်္ဂလာပွဲ (ရုပ်သံ)

မင်္ဂလာမောင်နှံနှစ်ယောက်ရဲ့ ရုပ်သံဟာ ကြည့်ရတဲ့လူအဖို့ ကြက်သီးထ အူယားပီး ပျော်ရွှင်စေတဲ့အထိဖြစ်ရပါတယ်။ ကဲဗျာ အပျော်သဘော အချစ်မျက်စိလေးနဲ့ကြည့်ဖို့လည်း အထူးမေတ္တာရပ်ခံလိုပါတယ်နော်။ တစ်ကယ်တော့ လက်ထပ်မင်္ဂလာဆိုတာ မြတ်စွာဘုရားဟောကြားတဲ့ မင်္ဂလာတစ်ပါးဖြစ်ပါတယ်။

တစ်ဦးနဲ့တစ်ဦး မေတ္တာမျှပီး လူကြီးမိဘတို့ ခွင့်ပြုချက်နဲ့ ရာသက်ပန် အေးအတူပူမျှ လောကကိုရင်ဆိုင်ပီးအတူချစ်ချစ်ခင်ခင်နေကြဖို့ ကတိပြုကြတဲ့ပွဲဆိုလည်း မှားမည်မထင်ပါ။ သို့သော်လည်း အကြောင်းအမျိုးမျိုးနဲ့ ကွေ့ကွင်းကွဲကွာကြတာလည်းမနည်း။ ချစ်တိုင်းလည်း မညား၊ ညားတိုင်းလည်းမချစ်ဆိုတဲ့ စကားပုံကလည်း ရှိပါသေးတယ်။

တစ်ကယ်တော့ မချစ်မနှစ်သက်သူနဲ့ နေထိုင်ပေါင်းသင်းရခြင်းကလည်း ဆင်းရဲခြင်းဒုက္ခတစ်ခုဆိုတာ တရားတော်တွေထဲမှာ မှတ်သားဖူးပါတယ်။အခု ဒီဗွီယိုထဲက မင်္ဂလာစုံတွဲလေးကတော့ တစ်ဦးနဲ့တစ်ဦး အရမ်းချစ်ကြတဲ့ပုံဖြစ်ပါတယ်။

လူတစ်ဦးနဲ့ တစ်ဦး ချစ်တယ်ဆိုတာ အင်မတန်ကြည်နူးစရာကောင်းပါတယ်။ကဲ မိတ်ဆွေမှာ ချစ်သူရှိနေပီဆိုရင် ဒီလိုလေးမင်္ဂလာမဆောင်ချင်ဘူးလား။ Fa ဘွကြီးနဲ့ ဖီးလ်ရင်းနဲ့ပဲ နေဝင်မိုးချုပ်တော့မလား။ ကိုယ်ချစ်တဲ့သူနဲ့ တစ်ဘဝလုံး ရာသက်ပန်ချစ်ခင်ပျော်ရွှင်နိုင်ကြပါစေဗျာ။

ရုပ်သံကြည့်ရန် အောက်တွင်ဖော်ပြပေးလိုက်ပါတယ်







Author: admin

Leave a Reply

Your email address will not be published. Required fields are marked *