“ဆန်ထောင်းတဲ့မောင်းစင်မှာ အရိုးကြေတဲ့ အထိအထောင်းခံခဲ့ရတဲ့ မင်းသမီးကြီး တောင်ညိုထိပ်ခေါင်တင်”
မြင်းကွန်း မြင်းခုံတိုင်အရေးအခင်းဟာ ကုန်းဘောင်ခေတ်မှာ အဆိုးရွား အရက်စက်ဆုံး နန်းလုတဲ့ ဖြစ်ရပ်ကြီး ဖြစ်တာ အားလုံးသိပြီးသား ဖြစ်ပါတယ်။
နန်းလုပွဲတွေ ရှိကြပေမယ့် ကနောင်ကိုယ်တော်လို ခေါင်းပြတ်ပြီး သေရတဲ့သူမရှိပါဘူး။
ဒီအရေးအခင်းကြောင့် အိမ်ရှေ့စံကနောင် ကိုယ်တော်ကြီး အပါအဝင် မင်းတုန်းမင်းရဲ့ မြောက်ဆောင်တော်မိဖုရား ပဘာဒေဝီက ဖွားမြင်တဲ့ မလွန်မြို့စားမင်းသားနဲ့ပြင်စည်မြို့စားမင်းသား၊ တောင်ဆောင်တော်မိဖုရားက ဖွားမြင်တဲ့ စကုမြို့စားမင်းသား သုံးပါးလည်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။
တကယ်ဆိုရင် မြင်းကွန်းမင်းသားဟာ အိမ်ရှေ့ကိုယ်တော်ကြီးရဲ့ တူတော်ရင်းဖြစ်သလို သားမက်တော်လည်း ဖြစ်ပါတယ်။
ဘာလို့လည်းဆိုတော့ အိမ့်ရှေ့မင်းရဲ့ မြောက်ဆောင်တော် သခင်ကျေးကနေ ဖွားမြင်တဲ့ တောင်ညိုထိပ်ခေါင်တင်နဲ့ မင်းတုန်းမင်းရဲ့ တောင်ရွှေရေးဆောင်မိဖုရားက ဖွားမြင်တဲ့ မြင်းကွန်းမင်းသားကြီးတို့ကို ပေးစားထားလို့ ဖြစ်ပါတယ်။
မြင်းကွန်းမင်းသားဟာ မင်းတုန်းမင်းရဲ့ တခြားသားတော်ကြီးများနှင့်မတူပဲ သားအရင်းတွေထက် ညီတော်ကနောင်မင်းကို အိမ်ရှေ့စံ ပေးထားတဲ့ အတွက် ဖခင်ကိုရော ဦးကြီးတော်ကို ရော မကျေမချမ်းဖြစ်နေတာ ကြာလှပါပြီ။
ဘုရင့်သားဟာ ဘုရင်ဖြစ်ရမယ်ဆိုတဲ့ မူကို စွဲကိုင်ပြီး လုပ်ကြံမှုကြီးကို ကြံစည်လုပ်ဆောင်ခဲ့တယ်။တောင်ညိုထိပ်ခေါင်တင်ရဲ့ အကိုတော်ရင်း ကနောင်ကိုယ်တော်ကြီးရဲ့ သားတော်အကြီးဆုံး ပတိမ်းမင်းသားကြီးနဲ့လည်း တစောင်းစေးနဲ့မျက်ချေး ဖြစ်နေခဲ့တာလည်း ကြာခဲ့ပြီ။
နှစ်ယောက်လုံးက ဘုရင်နေရာ မျက်စောင်းထိုးနေတဲ့သူတွေမို့ ကြည့်မရကြတာ ဖြစ်တယ်။ ပတိမ်းမင်းသားရဲ့နှမတော်ရင်း တောင်ညိုထိပ်ခေါင်တင်ဟာ သူ့လင်တော်မောင် မူပျက်နေတာကို အနီးကပ်နေရတဲ့ သူမို့ ရိပ်စားမိတာ ကြာပေမယ့် ဘာအတွက်လည်းဆိုတာ စုံစမ်းလို့မရခဲ့ဘူး။
မြင်းကွန်းမင်းသား လက်စွဲတော်တွေကို ခေါ်ယူပြီး အစ်အောက်မေးမြန်းသော်လည်း ဘာမှ မသိခဲ့ရတာမို့ သူ့မောင်တော်ကို မျက်ခြေမပျက် စောင့်ကြည့်နေခဲ့တာကြာပြီ ဖြစ်တယ်။
ဦးပုည အခါပေးတဲ့ ရက်မှာ ကနောင်မင်းနဲ့မင်းတုန်းမင်းကို လုပ်ကြံသတ်ဖြတ်ဖို့ နောက်ပါတွေကို အရက်တိုက်ကြွေးပြီး ရဲဆေးတင်ကာ အစီစဥ်ချနေတုန်း တောင်ညိုမင်းသမီးက ဒီအကြောင်းကို ကြားသိသွားတယ်။
ကြားသိသွားတာနဲ့ တပြိုင်နက် မိမိခမည်းတော် အိမ်ရှေ့မင်းကို သွားရောက်လျှောက်ထားဖို့ စံအိမ်တော်ကနေ နောက်ပါ အစေအပါးတောင် မခေါ်ပဲ အရေးတကြီး ထွက်တော်မူတယ်။ ဒါကိုသိမြင်လိုက်တဲ့ မြင်းကွန်းမင်းသားက ကြင်ယာတော်မင်းသမီးကို အရင်ဦးအောင် ဖမ်းစီးစေတယ်။ စံအိမ်တော်တံခါးဝ အရောက်မှာ ဖမ်းမိခဲ့တယ်။
ဖမ်းမိပြီး မြင်းကွန်းကိုယ်တော်က စစ်ဆေးမေးမြန်းတဲ့အခါ ဦးကြီးတော် မင်းတုန်းမင်းတရားနဲ့ ခမည်းတော် အိမ်ရှေ့ဘုရားတို့ အသက်ကို မပြစ်မှားထိုက်လို့ လက်မတင်ကလေး ကြိုတင်အသိပေးရန် သွားမယ့် အကြောင်း အမှန်အတိုင်း ဖြေခဲ့တယ်။
မြင်းကွန်းကိုယ်တော်က ‘ကိစ္စကြီးကို ကိုယ့်လင်ဘက်ကို မထောက် သစ္စာဖောက်မ နင့်အဖေကိုသွားမပြောခင် ငါက နှုတ်ပိတ်လိုက်ရမှာပ’ လို့ဆိုပြီး တောင်ညိုမင်းသမီးကို ရိုက်ပုတ်ညှင်းဆဲပြီး စံအိမ်တော်ဝင်း အနောက်ဘက် ဆန်းထောင်းတဲ့မောင်းစင်မှာအရိုးအသားညက်ညက်ကြေတဲ့အထိ ထောင်းပစ်စေခဲ့ပါတယ်။
တောင်ညိုမင်းသမီးကို ရက်ရက်စက်စက် မောင်းနဲ့ထောင်းသတ်ပြီးမှ ဦးပုညအခါပေးတဲ့ နေ့နှစ်ချက်တီးမှာ ပုန်ကုန်ခြားနားရန် ထွက်လာခဲ့တာ ဖြစ်ပါတယ်။ကိုယ့် အဖေရင်းနဲ့ ဦးကြီးတော် အသတ်ခံရမှာစိုးလို့ သွားရောက်လျှောက်ထား သတိပေးလိုတဲ့ တောင်ညိုမင်းသမီးဟာ ရက်စက်စွာ အသတ်ခံရတာကို ရာဇဝင်မှာ လုံးဝဖျောက်ထားခဲ့ပြီး မှတ်တမ်းတင်ထားခြင်းလည်းမရှိပါ။
တောင်ညိုမင်းသမီးဟာ ဒီအရေးအခင်းသာ အောင်မြင်သွားခဲ့ရင် မိဖုရားခေါင်ကြီးအနေနဲ့ နန်းမတော်ရာထူးရမှာ ဖြစ်သော်လည်း မိဘကို သတ်ပြီးမှ ရတဲ့နေရာကို မလိုချင်တာရယ် သူကိုယ်တိုင်ကိုက မြင်းကွန်းမင်းသားနဲ့ စိတ်ထားခြင်း မတူတဲ့အတွက်ကြောင့် ဒီအရေးအခင်း ဖြစ်မလာအောင် ကြိုးပမ်းရာကနေ အသက်ပေးခဲ့ရခြင်း ဖြစ်တယ်။
မြင်းကွန်းမင်းသား ထွက်ပြေးပြီးနောက်မှာ တောင်ညိုမင်းသမီးနာမည်ဟာ ပျောက်ချင်းမလှ ပျောက်သွားခဲ့ပြီး အိမ်တော်ထဲ နီးစပ်သူများထဲကနေသာ မောင်းစင်မှာ အထောင်းခံပြီး သေရကြောင်း သတင်းဆိုးသာ နန်းတော်ထဲ ပျံ့နှံ့ခဲ့တယ်။
ရာဇဝင်ဆရာတွေကလည်း အတိအကျ မှတ်တမ်းမတင်ထားတဲ့ အတွက်ကြောင့် ကြင်ယာတော်မင်းသမီးကြီး အကြောင်းကို သိရှိသူအလွန်တရာ နည်းပါးနေလို့ ဖော်ထုတ်ရေးသားလိုက်ရပါတယ်။(တောင်ညိုမင်းသမီးပုံ ရှာလို့မရတဲ့အတွက် ရှိတဲ့ပုံလေးပဲ သုံးလိုက်ပါတယ်)
ကိုးကား
ဒဂုန်ခင်ခင်လေး ရတနာပုံနိဒါန်းနဲ့နိဂုံး
မောင်သန်းဆွေ(ထားဝယ်) ကုန်းဘောင်ရှင်းတမ်း
“ဆန္ေထာင္းတဲ့ေမာင္းစင္မွာ အ႐ိုးေၾကတဲ့ အထိအေထာင္းခံခဲ့ရတဲ့ မင္းသမီးႀကီး ေတာင္ညိဳထိပ္ေခါင္တင္”
ျမင္းကြန္း ျမင္းခုံတိုင္အေရးအခင္းဟာ ကုန္းေဘာင္ေခတ္မွာ အဆိုး႐ြား အရက္စက္ဆုံး နန္းလုတဲ့ ျဖစ္ရပ္ႀကီး ျဖစ္တာ အားလုံးသိၿပီးသား ျဖစ္ပါတယ္။
နန္းလုပြဲေတြ ရွိၾကေပမယ့္ ကေနာင္ကိုယ္ေတာ္လို ေခါင္းျပတ္ၿပီး ေသရတဲ့သူမရွိပါဘူး။
ဒီအေရးအခင္းေၾကာင့္ အိမ္ေရွ႕စံကေနာင္ ကိုယ္ေတာ္ႀကီး အပါအဝင္ မင္းတုန္းမင္းရဲ႕ ေျမာက္ေဆာင္ေတာ္မိဖုရား ပဘာေဒဝီက ဖြားျမင္တဲ့ မလြန္ၿမိဳ႕စားမင္းသားနဲ႔ျပင္စည္ၿမိဳ႕စားမင္းသား၊ ေတာင္ေဆာင္ေတာ္မိဖုရားက ဖြားျမင္တဲ့ စကုၿမိဳ႕စားမင္းသား သုံးပါးလည္း လုပ္ႀကံသတ္ျဖတ္ခံခဲ့ရပါတယ္။
တကယ္ဆိုရင္ ျမင္းကြန္းမင္းသားဟာ အိမ္ေရွ႕ကိုယ္ေတာ္ႀကီးရဲ႕ တူေတာ္ရင္းျဖစ္သလို သားမက္ေတာ္လည္း ျဖစ္ပါတယ္။
ဘာလို႔လည္းဆိုေတာ့ အိမ့္ေရွ႕မင္းရဲ႕ ေျမာက္ေဆာင္ေတာ္ သခင္ေက်းကေန ဖြားျမင္တဲ့ ေတာင္ညိဳထိပ္ေခါင္တင္နဲ႔ မင္းတုန္းမင္းရဲ႕ ေတာင္ေ႐ႊေရးေဆာင္မိဖုရားက ဖြားျမင္တဲ့ ျမင္းကြန္းမင္းသားႀကီးတို႔ကို ေပးစားထားလို႔ ျဖစ္ပါတယ္။
ျမင္းကြန္းမင္းသားဟာ မင္းတုန္းမင္းရဲ႕ တျခားသားေတာ္ႀကီးမ်ားႏွင့္မတူပဲ သားအရင္းေတြထက္ ညီေတာ္ကေနာင္မင္းကို အိမ္ေရွ႕စံ ေပးထားတဲ့ အတြက္ ဖခင္ကိုေရာ ဦးႀကီးေတာ္ကို ေရာ မေက်မခ်မ္းျဖစ္ေနတာ ၾကာလွပါၿပီ။
ဘုရင့္သားဟာ ဘုရင္ျဖစ္ရမယ္ဆိုတဲ့ မူကို စြဲကိုင္ၿပီး လုပ္ႀကံမႈႀကီးကို ႀကံစည္လုပ္ေဆာင္ခဲ့တယ္။ေတာင္ညိဳထိပ္ေခါင္တင္ရဲ႕ အကိုေတာ္ရင္း ကေနာင္ကိုယ္ေတာ္ႀကီးရဲ႕ သားေတာ္အႀကီးဆုံး ပတိမ္းမင္းသားႀကီးနဲ႔လည္း တေစာင္းေစးနဲ႔မ်က္ေခ်း ျဖစ္ေနခဲ့တာလည္း ၾကာခဲ့ၿပီ။
ႏွစ္ေယာက္လုံးက ဘုရင္ေနရာ မ်က္ေစာင္းထိုးေနတဲ့သူေတြမို႔ ၾကည့္မရၾကတာ ျဖစ္တယ္။ ပတိမ္းမင္းသားရဲ႕ႏွမေတာ္ရင္း ေတာင္ညိဳထိပ္ေခါင္တင္ဟာ သူ႔လင္ေတာ္ေမာင္ မူပ်က္ေနတာကို အနီးကပ္ေနရတဲ့ သူမို႔ ရိပ္စားမိတာ ၾကာေပမယ့္ ဘာအတြက္လည္းဆိုတာ စုံစမ္းလို႔မရခဲ့ဘူး။
ျမင္းကြန္းမင္းသား လက္စြဲေတာ္ေတြကို ေခၚယူၿပီး အစ္ေအာက္ေမးျမန္းေသာ္လည္း ဘာမွ မသိခဲ့ရတာမို႔ သူ႔ေမာင္ေတာ္ကို မ်က္ေျခမပ်က္ ေစာင့္ၾကည့္ေနခဲ့တာၾကာၿပီ ျဖစ္တယ္။
ဦးပုည အခါေပးတဲ့ ရက္မွာ ကေနာင္မင္းနဲ႔မင္းတုန္းမင္းကို လုပ္ႀကံသတ္ျဖတ္ဖို႔ ေနာက္ပါေတြကို အရက္တိုက္ေႂကြးၿပီး ရဲေဆးတင္ကာ အစီစဥ္ခ်ေနတုန္း ေတာင္ညိဳမင္းသမီးက ဒီအေၾကာင္းကို ၾကားသိသြားတယ္။
ၾကားသိသြားတာနဲ႔ တၿပိဳင္နက္ မိမိခမည္းေတာ္ အိမ္ေရွ႕မင္းကို သြားေရာက္ေလွ်ာက္ထားဖို႔ စံအိမ္ေတာ္ကေန ေနာက္ပါ အေစအပါးေတာင္ မေခၚပဲ အေရးတႀကီး ထြက္ေတာ္မူတယ္။ ဒါကိုသိျမင္လိုက္တဲ့ ျမင္းကြန္းမင္းသားက ၾကင္ယာေတာ္မင္းသမီးကို အရင္ဦးေအာင္ ဖမ္းစီးေစတယ္။ စံအိမ္ေတာ္တံခါးဝ အေရာက္မွာ ဖမ္းမိခဲ့တယ္။
ဖမ္းမိၿပီး ျမင္းကြန္းကိုယ္ေတာ္က စစ္ေဆးေမးျမန္းတဲ့အခါ ဦးႀကီးေတာ္ မင္းတုန္းမင္းတရားနဲ႔ ခမည္းေတာ္ အိမ္ေရွ႕ဘုရားတို႔ အသက္ကို မျပစ္မွားထိုက္လို႔ လက္မတင္ကေလး ႀကိဳတင္အသိေပးရန္ သြားမယ့္ အေၾကာင္း အမွန္အတိုင္း ေျဖခဲ့တယ္။
ျမင္းကြန္းကိုယ္ေတာ္က ‘ကိစၥႀကီးကို ကိုယ့္လင္ဘက္ကို မေထာက္ သစၥာေဖာက္မ နင့္အေဖကိုသြားမေျပာခင္ ငါက ႏႈတ္ပိတ္လိုက္ရမွာပ’ လို႔ဆိုၿပီး ေတာင္ညိဳမင္းသမီးကို ႐ိုက္ပုတ္ညႇင္းဆဲၿပီး စံအိမ္ေတာ္ဝင္း အေနာက္ဘက္ ဆန္းေထာင္းတဲ့ေမာင္းစင္မွာအ႐ိုးအသားညက္ညက္ေၾကတဲ့အထိ ေထာင္းပစ္ေစခဲ့ပါတယ္။
ေတာင္ညိဳမင္းသမီးကို ရက္ရက္စက္စက္ ေမာင္းနဲ႔ေထာင္းသတ္ၿပီးမွ ဦးပုညအခါေပးတဲ့ ေန႔ႏွစ္ခ်က္တီးမွာ ပုန္ကုန္ျခားနားရန္ ထြက္လာခဲ့တာ ျဖစ္ပါတယ္။ကိုယ့္ အေဖရင္းနဲ႔ ဦးႀကီးေတာ္ အသတ္ခံရမွာစိုးလို႔ သြားေရာက္ေလွ်ာက္ထား သတိေပးလိုတဲ့ ေတာင္ညိဳမင္းသမီးဟာ ရက္စက္စြာ အသတ္ခံရတာကို ရာဇဝင္မွာ လုံးဝေဖ်ာက္ထားခဲ့ၿပီး မွတ္တမ္းတင္ထားျခင္းလည္းမရွိပါ။
ေတာင္ညိဳမင္းသမီးဟာ ဒီအေရးအခင္းသာ ေအာင္ျမင္သြားခဲ့ရင္ မိဖုရားေခါင္ႀကီးအေနနဲ႔ နန္းမေတာ္ရာထူးရမွာ ျဖစ္ေသာ္လည္း မိဘကို သတ္ၿပီးမွ ရတဲ့ေနရာကို မလိုခ်င္တာရယ္ သူကိုယ္တိုင္ကိုက ျမင္းကြန္းမင္းသားနဲ႔ စိတ္ထားျခင္း မတူတဲ့အတြက္ေၾကာင့္ ဒီအေရးအခင္း ျဖစ္မလာေအာင္ ႀကိဳးပမ္းရာကေန အသက္ေပးခဲ့ရျခင္း ျဖစ္တယ္။
ျမင္းကြန္းမင္းသား ထြက္ေျပးၿပီးေနာက္မွာ ေတာင္ညိဳမင္းသမီးနာမည္ဟာ ေပ်ာက္ခ်င္းမလွ ေပ်ာက္သြားခဲ့ၿပီး အိမ္ေတာ္ထဲ နီးစပ္သူမ်ားထဲကေနသာ ေမာင္းစင္မွာ အေထာင္းခံၿပီး ေသရေၾကာင္း သတင္းဆိုးသာ နန္းေတာ္ထဲ ပ်ံ႕ႏွံ႔ခဲ့တယ္။
ရာဇဝင္ဆရာေတြကလည္း အတိအက် မွတ္တမ္းမတင္ထားတဲ့ အတြက္ေၾကာင့္ ၾကင္ယာေတာ္မင္းသမီးႀကီး အေၾကာင္းကို သိရွိသူအလြန္တရာ နည္းပါးေနလို႔ ေဖာ္ထုတ္ေရးသားလိုက္ရပါတယ္။(ေတာင္ညိဳမင္းသမီးပုံ ရွာလို႔မရတဲ့အတြက္ ရွိတဲ့ပုံေလးပဲ သုံးလိုက္ပါတယ္)
ကိုးကား
ဒဂုန္ခင္ခင္ေလး ရတနာပုံနိဒါန္းနဲ႔နိဂုံး
ေမာင္သန္းေဆြ(ထားဝယ္) ကုန္းေဘာင္ရွင္းတမ္း
Leave a Reply