ကြီးတိုင်းမကောင်းဘူး လို့ ပြောလာတဲ့ အမျိုးသမီး

ကျနော်တို့ ရပ်ကွက်ထဲက အမျိုးသမီးတစ်ယောက်နဲ့ အိမ်ထောင်ကျပြီး ပြောင်းလာတဲ့ မိတ်ဆွေတစ်ယောက် ရှိတယ်။ သူက တိုင်းရင်းသားဆိုတော့ မြန်မာစကားကို သိပ်ပြီးလိပ်ပတ်လည်အောင် နားမလည်သေးဘူး။

ကျနော်နဲ့က အိမ်နီးချင်းဆိုတော့ သူ သိပ်နားမလည်တဲ့ မြန်မာစကားဆို ကျနော့် လာ လာ မေးလေ့ရှိတယ်။ တခါက…ကျနော်တို့က ရပ်ကွက်အသင်း ဥက္ကဌကို ‘ဥက္ကဌ’ လို့ မခေါ်ဘဲ ‘ဥက္ကဌကြီး’ လို့ ခေါ်တာကို သူစိတ်ထဲ သိပ်မရှင်းဘူး။ ဒါနဲ့ ကျနော့်လာမေးတယ်… … “သူက ဥက္ကဌ မဟုတ်ဘူးလား၊ ဘာလို့ ဥက္ကဌကြီး ဥက္ကဌကြီးလို့ ခေါ်ရတာလဲ” “ဒို့မြန်မာတွေက လေးစားတယ် ချစ်ခင်တယ် တန်ဖိုးထားတယ် ဆိုရင် နောက်က ‘ကြီး’ ထည့်ပြီး ခေါ်ကြတယ်ကွ” “ဟုတ်လား” “အေး… သမ္မတကို သမ္မတလို့ခေါ်ရင် ရိုင်းတယ်၊ သမ္မတကြီး လို့ခေါ်ရတယ်၊ ကျောင်းအုပ်ဆရာကို ကျောင်းအုပ်လို့ ခေါ်ရင် ရိုင်းတယ်၊

ကျောင်းအုပ်ဆရာကြီး လို့ ခေါ်ရတယ်၊စခန်းမှူးကို စခန်းမှူးကြီး၊ နာယကကို နာယကကြီး စသဖြင့် ခေါ်ကြတယ်” “အော်…” “ငါတို့သူငယ်ချင်းတွေတောင် အချင်းချင်းခေါ်ကြတယ်မလား… မိုးကြီးတို့ ရဲကြီးတို့ ထွဋ်ကြီးတို့၊ ဒါ ချစ်လို့ ‘ကြီး’ ထည့် ခေါ်ကြတာ” “အော်… ဒလိုလား ကိုစိုးကြီးရ” အမယ်… ကိုစိုးကြီး တဲ့၊ ချက်ချင်းကို အသုံးချသွားတာပါလား၊

အဲ…ဒလိုနဲ့ နေလိုက်တာ ညနေပိုင်းလောက်ကျတော့ သူတို့အိမ်ဖက်က ရန်ဖြစ်သံတွေ ကြားရရော၊အိမ်နီးချင်းဆိုတော့ ပြေးဆွဲဖြန်ဖြေရတာပေါ့။ ဘာဖြစ်တာလဲ မေးကြည့်တော့… … “ဒီလို ကိုစိုးကြီးရ၊ ခုနက ဆိုင်မှာစျေးသွားဝယ်တုံး ကျနော့်အမျိုးတွေနဲ့ တွေ့လို့ကျနော့်မိန်းမနဲ့ မိတ်ဆက်ပေးတာကိုဗျာ စိတ်ဆိုးပြီး ကျနော့်ကို ပြသနာရှာနေတာ” အဲ့ဒီမှာ သူ့မိန်းမက ငိုရင်း ဝင်ပြောတယ်… … “နင်က ‘ဒါ ကျနော့်မယားကြီးလေ ကျနော့်မယားကြီးလေ’ နဲ့ ပြောရအောင် နင့်မှာ ဘယ်မယင်ငယ်(မယားငယ်) ရှိနေလဲသေနာရဲ့ အခုရှင်း ရှင်း”

သူက ကျနော့်ကို မျက်နှာငယ်လေးနဲ့ကြည့်ရင်းမေးတယ်… … “ကိုစိုးကြီး… ကျနော်က ကိုစိုးကြီး သင်ပေးထားသလိုပဲလေ၊ သူ့ကို ချစ်လို့တန်ဖိုးထားလို့ မယားလို့ မပြောဘဲ မယားကြီးလို့ ပြောတာကို သူ ဘာလို့ ဒီလောက်ထိ စိတ်ဆိုးနေတာလဲဗျ”… တဲ့။ ဟိုက်ချ…!! 😮 အဲ့လိုလည်းပြောရော သူ့မိန်းမက ကိုယ့်လှမ်းကြည့်ပြီး ပြောတယ်… “အော်… လက်စသတ်တော့ဘိုစိုးလက်ချက်ကိုး” ငရုတ်ကျည်ပွေ့စာ မမိခင် အသာလှည့်ပြေးခဲ့ရတယ်။

က်ေနာ္တို႔ ရပ္ကြက္ထဲက အမ်ိဳးသမီးတစ္ေယာက္နဲ႔ အိမ္ေထာင္က်ၿပီး ေျပာင္းလာတဲ့ မိတ္ေဆြတစ္ေယာက္ ရွိတယ္။ သူက တိုင္းရင္းသားဆိုေတာ့ ျမန္မာစကားကို သိပ္ၿပီးလိပ္ပတ္လည္ေအာင္ နားမလည္ေသးဘူး။

က်ေနာ္နဲ႔က အိမ္နီးခ်င္းဆိုေတာ့ သူ သိပ္နားမလည္တဲ့ ျမန္မာစကားဆို က်ေနာ့္ လာ လာ ေမးေလ့ရွိတယ္။ တခါက…က်ေနာ္တို႔က ရပ္ကြက္အသင္း ဥကၠဌကို ‘ဥကၠဌ’ လို႔ မေခၚဘဲ ‘ဥကၠဌႀကီး’ လို႔ ေခၚတာကို သူစိတ္ထဲ သိပ္မရွင္းဘူး။ ဒါနဲ႔ က်ေနာ့္လာေမးတယ္… … “သူက ဥကၠဌ မဟုတ္ဘူးလား၊ ဘာလို႔ ဥကၠဌႀကီး ဥကၠဌႀကီးလို႔ ေခၚရတာလဲ” “ဒို႔ျမန္မာေတြက ေလးစားတယ္ ခ်စ္ခင္တယ္ တန္ဖိုးထားတယ္ ဆိုရင္ ေနာက္က ‘ႀကီး’ ထည့္ၿပီး ေခၚၾကတယ္ကြ” “ဟုတ္လား” “ေအး… သမၼတကို သမၼတလို႔ေခၚရင္ ႐ိုင္းတယ္၊ သမၼတႀကီး လို႔ေခၚရတယ္၊ ေက်ာင္းအုပ္ဆရာကို ေက်ာင္းအုပ္လို႔ ေခၚရင္ ႐ိုင္းတယ္၊

ေက်ာင္းအုပ္ဆရာႀကီး လို႔ ေခၚရတယ္၊စခန္းမႉးကို စခန္းမႉးႀကီး၊ နာယကကို နာယကႀကီး စသျဖင့္ ေခၚၾကတယ္” “ေအာ္…” “ငါတို႔သူငယ္ခ်င္းေတြေတာင္ အခ်င္းခ်င္းေခၚၾကတယ္မလား… မိုးႀကီးတို႔ ရဲႀကီးတို႔ ထြဋ္ႀကီးတို႔၊ ဒါ ခ်စ္လို႔ ‘ႀကီး’ ထည့္ ေခၚၾကတာ” “ေအာ္… ဒလိုလား ကိုစိုးႀကီးရ” အမယ္… ကိုစိုးႀကီး တဲ့၊ ခ်က္ခ်င္းကို အသုံးခ်သြားတာပါလား၊

အဲ…ဒလိုနဲ႔ ေနလိုက္တာ ညေနပိုင္းေလာက္က်ေတာ့ သူတို႔အိမ္ဖက္က ရန္ျဖစ္သံေတြ ၾကားရေရာ၊အိမ္နီးခ်င္းဆိုေတာ့ ေျပးဆြဲျဖန္ေျဖရတာေပါ့။ ဘာျဖစ္တာလဲ ေမးၾကည့္ေတာ့… … “ဒီလို ကိုစိုးႀကီးရ၊ ခုနက ဆိုင္မွာေစ်းသြားဝယ္တုံး က်ေနာ့္အမ်ိဳးေတြနဲ႔ ေတြ႕လို႔က်ေနာ့္မိန္းမနဲ႔ မိတ္ဆက္ေပးတာကိုဗ်ာ စိတ္ဆိုးၿပီး က်ေနာ့္ကို ျပသနာရွာေနတာ” အဲ့ဒီမွာ သူ႔မိန္းမက ငိုရင္း ဝင္ေျပာတယ္… … “နင္က ‘ဒါ က်ေနာ့္မယားႀကီးေလ က်ေနာ့္မယားႀကီးေလ’ နဲ႔ ေျပာရေအာင္ နင့္မွာ ဘယ္မယင္ငယ္(မယားငယ္) ရွိေနလဲေသနာရဲ႕ အခုရွင္း ရွင္း”

သူက က်ေနာ့္ကို မ်က္ႏွာငယ္ေလးနဲ႔ၾကည့္ရင္းေမးတယ္… … “ကိုစိုးႀကီး… က်ေနာ္က ကိုစိုးႀကီး သင္ေပးထားသလိုပဲေလ၊ သူ႔ကို ခ်စ္လို႔တန္ဖိုးထားလို႔ မယားလို႔ မေျပာဘဲ မယားႀကီးလို႔ ေျပာတာကို သူ ဘာလို႔ ဒီေလာက္ထိ စိတ္ဆိုးေနတာလဲဗ်”… တဲ့။ ဟိုက္ခ်…!! 😮 အဲ့လိုလည္းေျပာေရာ သူ႔မိန္းမက ကိုယ့္လွမ္းၾကည့္ၿပီး ေျပာတယ္… “ေအာ္… လက္စသတ္ေတာ့ဘိုစိုးလက္ခ်က္ကိုး” င႐ုတ္က်ည္ေပြ႕စာ မမိခင္ အသာလွည့္ေျပးခဲ့ရတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*