အရွယ်ရောက်ပြီးချိန်မှ စပြီး အမျိုးသမီးအများစုမှာ လိင်စိတ်အာသာဖြေတတ်ကြပါတယ်။ မိမိကိုယ်ကိုဖြစ်စေ၊ ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်ကိုဖြစ်စေ အင်္ဂါကိုပွတ်သတ်ထိုးသွင်းပြီး လိင်ဆန္ဒပြီးမြောက်အောင် ဆောက်ရွက်တာပဲဖြစ်ပါတယ်။ ဒါဆိုရင် တစ်ကိုယ်ရေ အာသာဖြေခြင်းကြောင့် ဖြစ်ပေါ်လာမယ့် ကောင်းကျိုး၊ ဆိုးကျိုးတွေကို သိထားဖို့လိုပါတယ်။ ဘယ်အရာမဆို အစွန်ေးရောက်သွားရင်တော့ မကောင်းပါ။ လွန်ဘေး တန်ဆေး ဆိုတာလို တစ်ကိုယ်ရေအာသာဖြေခြင်းကနေ မိမိအတွက် ကျန်းမာရေနဲ့ လိုက်ရောညီထွေအောင် မိမိဆန္ဒလည်း ပြည့်မြောက်အောင် နေထိုင်ကျင့်ကြံဖို့လိုပါတယ်။
၁။ လိင်ဆက်ဆံခြင်းကရနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို တစ်ကိုယ်ရေအာသာဖြေ ခြင်းကနေ မရနိုင်ပါဘူး။ တစ်ကိုယ်ရေအာသာဖြေတဲ့အခါ လိင်စိတ်ပြီးမြောက်သွားတာ မှန်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ ပါတနာနဲ့ ထိုးသွင်းခြင်းဖြင့် လိင်ဆက်ဆံတဲ့အခါ ရနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးတွေကို မရနိုင်ပါဘူး။ လိင်ဆက်ဆံနေချိန်မှာ နှလုံးခုန်နှုန်းမြန်စေတယ်။ သွေးလည်ပတ်မှု အားကောင်းစေတယ်။ ဆီးကျိတ်ကင်ဆာ မဖြစ်ဖို့ ပိုပြီး ကာကွယ်ပေးနိုင်တယ်။ နာကျင်မှုတွေ ရှိမယ်။ ပင်ပန်းမှုတွေ ရှိမယ်။ အားကစားလုပ်နေရလို့ ဖြစ်တဲ့အတွက် အမောခံပြီး သက်လုံကောင်းစေတယ်။ ဒီလိုအရာတွေကိုတော့ တစ်ကိုယ်ရေအာသာဖြေပြီး လိင်စိတ်ဆန္ဒ ပြီးမြောက်ခြင်းဖြင့် မရနိုင်ပါဘူး။
၂။ တစ်ကိုယ်ရေအာသာဖြေ ခြင်းဟာ လုံးဝဘေးကင်းတဲ့ အရာတော့ မဟုတ်ပါဘူး။ အကာအကွယ်မဲ့ လိင်ဆက်ဆံတာနဲ့ ယှဉ်မယ်ဆိုရင်တော့ ဘေးကင်းစိတ်ချရတယ်ဆိုပေမယ့် ရာနှုန်းပြည့် အန္တရာယ်ကင်းတာတော့ မဟုတ်ပါဘူး။ မကြာခဏ အာသာဖြေတဲ့အခါ အရေပြားပွန်းပဲ့တာ၊ ထိခိုက်မိတာ ဖြစ်နိုင်တယ်။ မိန်းမအင်္ဂါထဲကို အရာဝတ္ထုတွေ ထိုးသွင်းခြင်းအားဖြင့် ယောနိလမ်းကြောင်း ပေါက်ပြဲပြီး ပိုဝင်ကာအနာဖြစ်နိုင်ပါတယ်။
၃။ တစ်ကိုယ်ရေအာသာဖြေဖို့ သတ်မှတ်ထားတဲ့ အကြိမ်ရေ မရှိပါဘူး။ သုတေသီတွေ လေ့လာချက်အရ အမျိုးသားတွေအတွက် တစ်ကိုယ်ရေအာသာဖြေဖို့ တိတိကျကျ သတ်မှတ်ထားတာမျိုး မရှိပါဘူး။ တချို့အမျိုးသားတွေဟာ တစ်နေ့ကို အကြိမ်ပေါင်းများစွာ အာသာဖြေကြတယ်။ တချို့တွေကတော့ တစ်ပတ်ကို တစ်ကြိမ်၊ ၂ကြိမ်လောက်သာ အာသာဖြေကြတယ်။ အကြိမ်ရေကန့်သတ်ထားခြင်းမရှိလို့ ပြဿနာ မရှိဘူးဆိုပေမယ့် အာသာဖြေခြင်းကြောင့် ကိုယ့်ရဲ့ နေ့စဉ်ဘဝ၊ လုပ်ငန်းခွင်၊ လူမှုရေးကို ထိခိုက်နေပြီဆိုရင်တော့ လိင်စိတ်ရောဂါကုထုံးပညာရှင်တွေနဲ့ သေချာတိုင်ပင်သင့်ပါတယ်။
၄။ တစ်ကိုယ်ရေအာသာဖြေ ခြင်းကြောင့် အိမ်ထောင်ရေးအပေါ် ကြီးမားတဲ့ ပြောင်းလဲမှုမျိုး မဖြစ်စေပါဘူး။ တစ်ကိုယ်ရေအာသာဖြေပြီး လိင်စိတ်ပြီးမြောက်သွားတဲ့အခါ တင်းနေတဲ့ စိတ်တွေ ပြေလျော့သွားတယ်။ အလုပ်မသွားခင်ဆိုရင် ခေါင်းကြည်ပြီး စိတ်ပေါ့သွားတယ်။ အိပ်ရတာ ပိုလွယ်ကူလျင်မြန်သွားပါတယ်။
Leave a Reply