#ဂျိုင်းမွှေးနဲ့ အရမ်းချစ်စရာကောင်းတဲ့ မိန်းကလေးများ

ဂျိုင်းမွှေးသည် ယောကျာ်း မိန်းမ တို့တွင်ပေါက်လေ့ရှိသည်။ သို့သော်လည်း တစ်ချို့သောသူများတွင်ပေါက်လေ့မရှိ။ လူတစ်ယောက်ရဲ့ အမျိုးအရိုးနှင့် ဟော်မုန်းပေါ်တွင်မူတည်ပြီး လုံးဝမပေါက်သောသူ၊ အနည်ငယ်သာပေါက်သူနှင့် အများအပြားပေါက်သူများအဖြစ် ကွဲပြားကြပါသည်။ မြန်မာနှင့် ကမ္ဘာ့နေရာဒေသအများအပြားတွင် မိန်းကလေးများ ဂျိုင်းမွှေးပေါက်လျှင် ရွံရှာစက်စုပ်ဖွယ် ရှက်စရာအဖြစ် အများစု သတ်မှတ်မြင်တတ်ကြပါသည်။

လူတစ်ယောက်နှင့် တစ်ယောက် အကြိုက်ချင်းမတူကြသဖြင့် တစ်ချို့သော ယောက်ကျား မိန်းမများ ဂျိုင်းမွှေးပေါက်သူကို သဘောကျနှစ်သက်သူများလည်း ရှိပါသည်။ မည်သို့ပင်ဖြစ်ပါစေ ယောကျ်ားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ခန္ဓာကိုယ်တည်ဆောက်ပုံနှင့် ဟော်မုန်းဓာတ်ကြောင့် ဂျိုင်းမွှေးပေါက်ခြင်းသည် ရှက်စရာလည်းမဟုတ်၊ သိမ်ငယ်စရာလည်းမဟုတ်ပါ။ မိမိအနေဖြင့် ဂျိုင်းမွှေးပေါက်သည်ကို မနှစ်သက်လျှင် ခေတ်မှီနည်းပညာလေဆာရောင်ခြည်ဖြင့် ဂျိုင်းမွှေးရှင်းလင်းခြင်း၊ ဆေးဖြင့်ရှင်းခြင်း၊ ဘလိတ်ဓားဖြင့်ရိတ်ခြင်း၊ နှုတ်ပြစ်ခြင်းများပြုလုပ်နိုင်ပါသည်။ ဂျိုင်းအသာအရေ ပျက်စီးညိုမဲမသွားစေရန် အရာရာစဉ်းစားချင့်ချိန်ဖို့လည်း လိုပါသည်။ ဘယ်အရာမဆို အစွန်းရောက်သွားလျှင် မကောင်းပါ။

တစ်ခုပြောပြချင်သည်မှာ ဂျိုင်းမွှေးပေါက်ခြင်းသည် ဘုရားပေးသော ဆု ဟုပင် ပြောလိုက ပြောနိုင်သည်။ အကြောင်းမှာ ဂျိုင်းမွှေးပေါက်သောသူသည် မကြိုက်လျှင် ရှင်းလင်းဖယ်ရှားထားနိုင်ပေမယ့် မပေါက်သောသူများမှာ အတုတပ်လို့မရခြင်းပင်ဖြစ်သည်။ ဆံပင်တု၊ နှုတ်ခမ်းမွှေးတုများရှိသော်လည်း ဂျိုင်းမွှေးတုမှာ ယနေ့အချိန်ထိ ဘယ်နိုင်ငံ ဘယ်စက်ရုံမှ မထုတ်လုပ်ကြခြင်းပင်ဖြစ်ပါသည်။ ယခုတစ်ခါတော့ ဂျိုင်းမွှေးဖြင့် လှပနေကြတဲ့ မိန်းမချောလေးများရဲ့ ပုံနှင့် ဗွီယိုဖိုင်လေးကို တင်ပေးလိုက်ပါတယ်။https://www.facebook.com/100093347352033/videos/1013297453384236

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *