ခန္ဓာကိုယ်အလှဆုံးနဲ့ အကိတ်ဆုံး မြန်မာဆယ်လီမမများ

ခန္ဓာကိုယ်အလှဆုံးနဲ့ အကိတ်ဆုံး မြန်မာဆယ်လီမမများ


ပရိသတ်ကြီးအတွက် ခန္ဓာကိုယ်အလှဆုံးအကိတ်ဆုံးမြန်မာဆယ်လီတွေကိုဖော်ပြပေးလိုက်ပါတယ်။

သင်ဇာဝင့်ကျော်

အကိတ်ဆိုတဲ့အမည်နာမဟာ သင်ဇာအတွက်များတည်ရှိနေသလားမှတ်ရအောင် သင်ဇာဝင့်ကျော်ရဲ့ကိတ်မှုကြီးကတော့ တကယ့်ကိုအားရစရာကြီးပါပဲလို့ပြောရမှာပါ။ အသားအရည်ရဲ့ဝင်းလက်မှု၊ခန္ဓာကိုယ်ရဲ့လှနေမှုဆိုတာ သင်ဇာနဲ့မှကွက်တိလို့ကိုဆိုရမှာပါ။ သင်ဇာဟာ လွန်ခဲ့တဲ့နှစ်တွေတုန်းကတော့ ခန္ဓာကိုယ်ကြီးထွားထောင်မောင်းတာပဲရှိပြီး ဒီလောက်ကိတ်တာမဟုတ်ပါဘူး။ ဒါပေမယ့် နောက်ပိုင်းနှစ်တွေမှာ Gym တွေအရမ်းဆော့ပြီးကိုယ့်ကိုယ်ကိုယ်ဂရုစိုက်တာကြောင့် တော်တော်လေးကိုကိတ်ပြီး လှပတဲ့ခန္ဓာကိုယ်ဖြစ်လာတော့တာပါ။

 

အေးမြတ်သူ

ပရိသတ်တွေက မမြတ်လေးလို့ ချစ်စနိုးခေါ်ကြတဲ့ အေးမြတ်သူကတော့ မင်းသမီးစဖြစ်ခါစက ပိန်ပိန်လေးရယ်ပါ။ ပိန်ပါးလှပ်တဲ့ခန္ဓာကိုယ်လေးနဲ့ သရုပ်ဆောင်အရမ်းကောင်းတဲ့ မမြတ်လေးဟာ တစ်စထက်တစ်စနာမည်ကြီးလာသလို ခန္ဓာကိုယ်လည်းလှလာလိုက်တာဆိုတာ ပရိသတ်တွေမျက်မြင်ပါပဲ။ မြန်မာဝတ်စုံလေးနဲ့ဆိုအရမ်းကိုကြည့်လို့လှပြီးကျက်သရေရှိလှတဲ့မမြတ်လေးကို ချစ်တဲ့ပရိသတ်တွေက မြန်မာနိုင်ငံတနံတလျားမှာရှိနေပါတယ်။

 

ဝါဆိုမိုးဦး

မှတ်မှတ်ရရ ပရိသတ်တွေက ဝါဆိုရဲ့ ခန္ဓာကိုယ်အလှကိုသတိထားမိခဲ့ချိန်ဟာ သိပ်မကြာလှသေးတဲ့ နွေဥတုသုံးလေးခုအကျော်က သင်္ကြန်နေ့ရက်တစ်ရက်ပါပဲ။ သင်္ကြန်မှာရေတွေစိုပြီး စင်ပေါ်သီချင်းတက်ဆိုနေတဲ့ ဝါဆိုမိုးဦးဟာ Body Fit လေးဝတ်ထားပြီး ပန်းတစ်ပွင့်လို ငွားငွားစွင့်စွင့်လှနေခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ဝါဆိုမိုးဦးရဲ့ ခန္ဓာကိုယ်အလှကိုပရိသတ်တော်တော်များများသတိထားမိခဲ့ကြတာပါ။ ဝါဆို

 

ကတော့အခုအချိန်ထိလှဆဲပါပဲ။ ဝါဆိုရဲ့ ရှိုက်ဖိုကြီးငယ်အသွယ်သွယ်ကို ရင်ခုန်ကြတဲ့ပုရိသတွေဆိုတာ ဒုနဲ့ဒေးလို့ဆိုရမှာပါ။

လုလုအောင်

ကိုယ့်ကိုယ်ကိုယ်ခေးကြီး ခေးကြီးနဲ့ ခေါ်ပြီး ချစ်ဖို့ကောင်းတဲ့ လုလုအောင်ဟာ ခန္ဓာကိုယ်အရမ်းလှတာကြောင့်နာမည်ကြီးလာပြီး တစ်ရှိန်ထိုးအောင်မြင်လာသလို အခုဆိုရင်အနုပညာအလုပ်တွေပါ အရှိန်အဟုန်ကောင်းကောင်းနဲ့ လုပ်နေပြီဖြစ်ပါတယ်။ ယောက်ျားသားတွေရင်ထဲက လုမှလု ဖြစ်နေရတဲ့ လုလုအောင်ရဲ့ ခန္ဓာကိုယ်လှချက်ကြီးကတော့ ကြောက်စရာကောင်းအောင်လှတယ်လို့ကိုပြောရမှာပါပဲ။ ဘယ်လောက်လှလဲဆိုတာ ပရိသတ်တွေကိုယ်တိုင်သာကြည့်လိုက်ပါတော့။

 

မအေးသောင်း

မအေးသောင်းဆိုတဲ့အေးဝတ်ရည်သောင်းကတော့ မျိုးနဲ့ရိုးနဲ့ကို ခန္ဓာကိုယ်လှတာလို့ပြောရမှာပါ။ အေးဝတ်ရည်သောင်း၊နှင်းဝတ်ရည်သောင်း၊ဆောင်းဝတ်ရည်သောင်း ညီအစ်မတတွေအကုန်လုံးခန္ဓာကိုယ်လှကြတာ ပရိသတ်တွေသိပြီးသားဖြစ်မှာပါ။ မအေးသောင်းဟာ အသက်သုံးဆယ်ဝန်းကျင်ရောက်တော့မှတရှိန်ထိုးနာမည်ကြီးလာတာဖြစ်ပြီးအခုဆိုရင် ရုပ်ရှင်တွေဇာတ်လမ်းတွဲတွေဆက်တိုက်ရိုက်နေရပြီဖြစ်တဲ့ မင်းသမီးတစ်ဦးလည်းဖြစ်ပါတယ်။ မြန်မာဝတ်စုံဝတ်ထားတဲ့ မအေးသောင်းရဲ့အလှကို ကဗျာဆရာတွေကအလုအယက်ကို စာဖွဲ့နေကြဆဲပါပဲ။

 

စုလှိုင်ဝင်း

လတ်တလော Facebook မှာ ဂယက်ထနေတဲ့အကြောင်းအရာတွေထဲကတစ်ခုကတော့ စုလှိုင်ဝင်းရဲ့တင်ပါးအတုအစစ်ခွဲတဲ့ကိစ္စပါပဲ။ စုလှိုင်ဝင်းရဲ့ဓာတ်ပုံတွေထဲမှာ စုလှိုင်ဝင်းဟာ သိသိသာသာကိုကိတ်နေပြီးလုံးဝန်းတဲ့တင်ပါးကိုပိုင်ဆိုင်ထားတာကိုမြင်ရမှာပါ။ ဒါပေမယ့်အချို့သောလူတွေကတော့ စုလှိုင်ဝင်းက တင်ပါးကို Photoshop နဲ့ကြီးထားတာလို့ငြင်းနေကြပါတယ်။ စုလှိုှု်င်ဝင်းကလည်းအရင်ကတော့ ပြန်ပြီးသက်သေပြတာတွေဘာတွေလုပ်ပေမယ့် နောက်ပိုင်းလွှတ်ထားလိုက်တယ်လို့သိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်စုလှိုင်ဝင်းကတော့ လောလောဆယ်ကိတ်တဲ့စာရင်းထဲပါနေဆဲပါပဲ။

နန်းမွေစံ

ဆရာဝန်မလေး နန်းမွေစံကတော့ ဆရာဝန်အလုပ်ကို စွန့်လွှတ်ပြီး အနုပညာလောကထဲကိုရောက်လာတာပဲ ဖြစ်ပါတယ်နော်။ နန်းမွေစံရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကတော့ ပြောစရာမလိုလောက်အောင်ကို ဆက်ဆီကျလွန်းနေပါတယ်။ ပုရိသတိုင်း လိုချင်တဲ့ ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ထားတဲ့ နန်းမွေစံကတော့ အချိန်အတိုအတွင်းမှာပဲ အောင်မြင်ကို ရရှိလာတာပဲဖြစ်ပါတယ်။

 

ဘေဘီမောင်

ဘေဘီမောင်ကတော့ စွဲမက်ဖွယ်ရာ အလှတရားအစစ်တွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေးဖြစ်သလို ပုရိသတွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားသူလည်း ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဘေဘီမောင်ဟာ အဆိုတော် သားဂန်းနဲ့ လက်ထပ်ပြီး သမီးလေးတစ်ယောက် ရရှိထားပြီး ဖြစ်ပါတယ်။ အလှူအတန်းတွေကိုလည်း ရက်ရက်ရောရော လုပ်ကိုင်သူတစ်ဦးလည်း ဖြစ်ပါတယ်။

အိချောပို

မင်းသမီးချောလေး အိချောပိုကတော့ လက်ရှိအချိန်မှာ အောင်မြင်ကျော်ကြားတဲ့ မင်းသမီးတစ်ဦးလည်းဖြစ်ပါတယ်။ သူမရဲ့ စွဲလမ်းဖွယ်ရာ ခန္ဓာကိုယ် ကောက်ကြောင်းအလှတွေကတော့ လူတိုင်းကို စွဲဆောင်နိုင်တာပဲ ဖြစ်ပါတယ်။ စူစူဆိုပြီးတော့ ပုရိသတွေကြားမှာ ရေပန်းစားနေတာ ဖြစ်ပါတယ်။

မေပန်းချီ

 

ကိတ်တဲ့စာရင်းထဲမှာ မေပန်းချီမပါရင်အဲဒီစာရင်းဟာ ကိတ်တဲ့စာရင်းဘယ်ဟုတ်ပါတော့မလဲ။ မေပန်းချီကတော့ အစတုန်းက အဲ့လောက်မကိတ်လှပေမယ့် လူသိများလာတာကတော့ ကိတ်တာကအဓိကအကြောင်းအရင်းပဲလို့ဆိုရမှာပါ။ မေပန်းချီဟာ မော်ဒယ်တစ်ဦးဖြစ်ပြီး သရုပ်ဆောင်အလုပ်ပါလုပ်ကိုင်နေပြီဖြစ်ပါတယ်။ မေပန်းချီရဲ့ခန္ဓာကိုယ်လှပမှုကိုဖော်ပြရမယ်ဆိုရင်တော့ ဖြူဖြူဖွေးဖွေးရေဆေးငါးကြီးလိုလို့ကိုပြောရတော့မှာပါ။ မေပန်းချီကိုဟာ တစ်စတစ်စနဲ့လူသိများလာတဲ့တက်သစ်စသရုပ်ဆောင်တစ်ဦးဖြစ်ပြီး အားပေးနေတဲ့ပရိသတ်တွေကလည်းများပြားလာလျက်ရှိနေပါတယ်။

ပရိသတ်ကြီးရော အကိတ်ဆုံးအလှဆုံး ဆယ်လီတွေကိုကြိုက်ကြလား။ ဒီထဲမှာမပါတဲ့ အကိတ်ဆုံး ဆယ်လီတွေရှိရင်လည်း comment မှာ ပြောခဲ့ကြဦးနော်။

 

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *