နေပြည်တော် မြေပြင် အခြေအနေ

အောက်ဆုံးတွင် ရုပ်သံဖိုင်ပါသည်

Breaking News- နေပြည်တော်၊ စစ်ရုံးချုပ်နှင့် အေလာလေတပ်ကို ဒရုန်းများဖြင့် တိုက်ခိုက်မှု လေတပ်လေယာဉ်ပြေးလမ်းထိခိုက်ပျက်စီး၊ လေတပ်နှင့်လေဆိပ်တွင် Jammer များ တပ်ဆင်ထားသော်လည်း ဒရုန်းများက ဖြတ်ကျော်ဝင်ရောက်ခဲ့

■ လေတပ်သင်္ကြန်မဏ္ဍပ်ဆောက်လုပ်မှု ရပ်ဆိုင်းလိုက်ပြီး စစ်ရုံးရှိ ခန်းမဆောင်တစ်ခု၏ခေါင်မိုး ဒရုန်းဗုံးထိမှန်

ရန်ကုန်၊ ဧပြီ ၄

နေပြည်တော်၊ စစ်ရုံးချုပ်နှင့် အေလာလေတပ်ကို ဒရုန်းများဖြင့် ယနေ့ တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး လေတပ်လေ ယာဉ်ပြေးလမ်းထိခိုက်ပျက်စီးခဲ့ကြောင်း၊ လေတပ်နှင့်လေဆိပ်တွင် Jammer များ တပ်ဆင်ထားသော်လည်း ဒရုန်းများက ဖြတ်ကျော်ဝင်ရောက်ခဲ့ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကမူ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ၏ စစ်ရုံးချုပ်(ကက-ကြည်း) တည်ရှိရာ နေပြည်တော်နှင့် အေလာလေတပ်များကို ဒရုန်းများဖြင့် တပြိုင်နက် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများ ရှိကြောင်း ၊အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲများနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ၏ Kloud Drone တပ်ခွဲက စစ်ရုံးချုပ်ကိုလည်းကောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) အထူးတပ်ဖွဲများနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ၏ Leather Weapon တပ်ခွဲက အေလာလေတပ်ကို လည်းကောင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

ရန်ကုန်ခေတ်သစ်၏ စစ်ရေးသတင်းအရင်းအမြစ်များ၏ အဆိုအရ နေပြည်တော်၊ အေလာ လေတပ်ထဲသို အသေခံဒရုန်း ၆ စီး ကျရောက်ခဲ့ပြီး လေယာဉ်ပြေးလမ်း ထိခိုက်ခဲ့သဖြင့် လေယာဉ်အတက်အဆင်း ယာယီ ရပ်ဆိုင်းခဲ့ကြောင်း ၊ ပြေးလမ်း၏ ထိပ်ဘက်အခြမ်းသို ဒရုန်းဗုံးများ ကျရောက်သဖြင့် ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

ထိုပြင် နေပြည်တော်လေတပ်က သင်္ကြန်မဏ္ဍပ်အကြီးစား ဆောက်လုပ်နေမှုကို လက်ရှိတွင် ဒရုန်းဗုံးများ ကျရောက်မှု ကြောင့် ရပ်ဆိုင်းလိုက်ကြောင်း၊ နေပြည်တော်လေတပ်နှင့် လေဆိပ်တွင် Jammer များ ထားရှိခဲ့သော် လည်း ယခုကဲ့သို အသေခံဒရုန်းများကို တားဆီးနိုင်ခြင်းမရှိဘဲ ဝင်ရောက်ဗုံးကျဲခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ နေပြည်တော်စစ်ရုံးရှိ ခန်းမဆောင် တစ်ခု၏ ခေါင်မိုးလည်း ဒရုန်းဗုံးထိမှန်သဖြင့် ပျက်စီးမှုရှိကြောင်း သိရှိရသည်။

နေပြည်တော် မြေပြင် အခြေအနေ

ဧပြီလ (၄) ရက်နေ့ ဒီကနေ့ မနက် (၉) နာရီခန့် အချိန်က စစ်ရှုးကောင်စီရဲ့ နေပြည်တော် စစ်ရုံးချုပ်နဲ့ အေလာ လေတပ်ကို ကာမီကာဇေ ဒရုန်း (၂၉) စီးဖြင့် တိုက်ခိုက်ခံခဲ့ရတာကြောင့် နေပြည်တော် စစ်ရုံးနဲ့ ဧလာ လေဆိပ်ကို သွားတဲ့ လမ်းတလျောက်မှာ စစ်ရှုးကောင်စီက စစ်ကားတွေနဲ့ ဝရုန်းသုန်းကား ကင်းပတ်နေပြီး တွေ့သမျှ အရပ်သား ပြည်သူတွေရဲ့ ကားတွေ ဆိုင်ကယ်တွေကို တားဆီးကာ ကြမ်းကြမ်းတမ်းတမ်း စစ်ဆေးနေကြောင်း ဒေသခံ ပြည်သူတစ်ဦးက သတင်းပေးပိုလာပါတယ်။

နေပြည်တော် ဘောမရပ်ကွက်မှာလဲ ဘဝဂ်ညံအောင် ဘဝပျက်နေကြပြီလို ထပ်မံ ကြားသိရပါတယ်..။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *