နေပြည်တော် စစ်ရုံးချုပ်ကို ဒရုန်း ၁၆ စီးနဲ့ ဝင်ကြုံးပြီဟေ့ …

Breaking News

နေပြည်တော်စစ်ရုံးချုပ်ကို ကာမီကာဇေဒရုန်း (၁၆) စီး ၊ အေလာလေတပ်ကို (၁၃)စီးဖြင့် တိုက်ခိုက်ခဲ့လို့ သတင်းထွက်ပေါ်

ဧပြီ ၄ ၊ ၂၀၂၄

အကြမ်းဖက်စစ်ခေါင်းဆောင်များ အခြေစိုက်ရာ နေပြည်တော် စစ်ရုံးချုပ်နဲ့ အေလာ လေတပ်စခန်းနေရာတွေကို ဒီနေ့ ဧပြီလ (၄) ရက်နေ့ မနက်ခင်းမှာ ကာမီကာဇေ ဒရုန်း Drone များဖြင့် တိုက်ခိုက်ခဲ့တယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာနေပါတယ်။

လက်ရှိမှာ စစ်ရုံးချုပ်တစ်ခုလုံးအဆက်သွယ်လိုင်းတွေ ပြတ်နေတာကြောင့် ထိခိုက်မှုအခြေအနေမသိရသေးပေမယ့် အေလာလေတပ်နေရာ မီးလောင်နေတာကိုတော့ တွေ့မြင်ရတယ်လို့လည်း သတင်းအရင်းအမြစ်များအရ သိရပါတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ နီးစပ်မှုရှိတဲ့ PDF Insight က ဖော်ပြလာပါတယ်။

ဒါ့အပြင် CDM ဗိုလ်ကြီး ညီသုတကလည်း နေပြည်တော် စစ်ရုံးချုပ်ကို ဒရုန်း ၁၆ စီး နဲ့ ဝင်တိုက်တဲ့ သတင်းဖတ်ပြီးပြီလား။ အခြေအနေတွေက အတော်လေးအသာစီးရလာပြီဟု သူရဲ့ လူမှုကွန်ရက်မှာ ထုတ်ဖော်ရေးသားလာပါတယ်။

နေပြည်တော် စစ်ရုံးချုပ် နဲ့ အေလာ လေတပ် စခန်းကို ဒရုန်းတွေ နဲ့ တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန MOD ပြောရေး ဆိုခွင့်ရှိသူ ကိုအာမိတ်ကတော့ လတ်တလောမှာ သူကိုယ်တိုင်လည်း သေချာမသိသေးကြောင်း မောင်းသတင်းဌာနကို ပြောပါတယ်။

ဒီဖြစ်စဉ်ကို အသေးစိတ်အချက်အလက်များရရှိနိုင်ဖို့ကို မောင်းသတင်းဌာနအနေနဲ့ ထပ်မံစုံစမ်းနေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့တုန်းကလည်း နေပြည်တော်မှာရှိတဲ့ စစ်ကောင်စီရဲ့ အေလာလေတပ်စခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အဲဒီဒေသမှာလှုပ်ရှားနေတဲ့ PDF တပ်ဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ကျားသံလုံးစစ်ကြောင်းက တိုက်ခိုက်ခဲ့ပါသေးတယ်။

ပုံစာ- နေပြည်တော်ရှိ အေလာလေတပ်စခန်းအား ၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က ကျားသံလုံးစစ်ကြောင်း ပြောက်ကျားတပ်ဖွဲ့နှင့် Lethal Prop (Shar Htoo Waw Team -1) အဖွဲ့မှ ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *