Ethnic people have fulfilled their wishes

တိုင်းရင်းသား တို့ ဆန္ဒ ပြည့်ဝ ကုန်ကြပြီ
***************
မင်းအောင်လှိုင်၏ မဆင်မခြင် အာဏာသိမ်းခဲ့မှု ကြောင့် တိုင်းရင်းသား တို့ နှစ်ပေါင်း ၆၀ ကျော် တွန်းလှန်လာခဲ့မှု သည် ကုန်းတက် မှ ကုန်းဆင်း ရောက်လာသည့် အလား ယခုအခါ တခဏ နှင့်ပင် ရည်မှန်းချက် များ ပြည့်မြောက်လာကြပြီ ဖြစ်သည်။

လက်ရှိ စစ်မြေပြင် အနေအထားများ အရ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အဖို့ လေယာဉ် ပစ် လက်နက်များ ရှိထားလျှင်ပင် လိုချင်သည့် နယ်မြေများကို အလွယ်တကူ ထိန်းချုပ် ထားနိုင်ဖို့ သေချာ သလောက် ရှိနေပြီ ဖြစ်သည်။ ထိုအခြေ အနေများကလည်း အနှေး နှင့် အမြန် ဆိုသလို ရောက်လာတော့မည် သာ ဖြစ်သည်။

စစ်ကောင်စီ တပ်များသည် ယခုအခါ ၎င်းတို့အပေါ် ထိုးစစ်ကြီး ဆင်နွှဲလာသော ရှမ်းမြောက်၊ ရခိုင် နှင့် ကချင်၊ ကရင်နီ တွင် နာလန် မထူနိုင်အောင် အရေးနိမ့် လျက်ရှိနေသည်။ ညီနောင် သုံးဖေါ် အဖွဲ့သည် ၂၀၂၃ အောက်တိုဘာ ၂၇ တွင်၎င်း၊ ရက္ခိုင် တပ်တော်သည် နိုဝင်ဘာ ၁၃၊ ကရင်နီ တွင် နိုဝင်ဘာ ၁၁၊ ကချင် တွင် ၂၀၂၄ မတ် လ ၇ ရက်တွင် ၎င်း ထိုးစစ်များ တညီတညွတ်တည်း ထိုးစစ်များ ဆင်နွှဲလာခဲ့သည်။ အဆိုပါ ဒေသများ တွင် စစ်တပ် အဖို့ ခွက်ခွက်လန် ရှုံးနိမ့်‌ ‌‌ နေ၍ သမိုင်းတွင် မည်သို့မျှ ဖျက်မရတော့မည့် အမည်းစက်ကြီး ထင်ကျန် သွားခဲ့ပြီ ဖြစ်သည်။
ကချင် လွတ်လပ်ရေး တပ်တော် နှင့် တော်လှန်ရေး မဟာမိတ် တပ်များသည် ဆယ်တစ်ရက် အတွင်း မဟာဗျူဟာ ကျသော စစ်စခန်းကြီးများ အပါအဝင် စုစုပေါင်း စခန်း သုံးဆယ်ကို သိမ်းပိုက် နိုင်ခဲ့၍ စစ်ကောင်စီသည် တရက်လျှင် ပျမ်းမျှ စခန်း သုံးခု ခန့် လက်လွှတ် ဆုံးရှုံးသွားခဲ့ရသည်ဟု ဆိုရမည် ဖြစ်သည်။ မြစ်ကြီးနား မြောက်ဖက် ၁၂၅ မိုင် အကွာရှိ နာမည်ကျော် ဆွမ်ပရာဘွမ် မြို့အားလည်း မတ်လ ၁၆ ရက်နေ့တွင် သိမ်းယူ နိုင်ခဲ့သည်။

ရက္ခိုင်တပ်တော်သည်လည်း မြို့တော် စစ်တွေ အား ထီးထီးကြီး ကျန်‌နေရန် အနီးအနားရှိ ဘူးသီးတောင်၊ မောင်းတော မြို့များကို ထိုးစစ်ဆင် နေရာ တိုးတက်မှုများ ရရှိနေပြီ ဖြစ်သည်။ စစ်တွေလျှင် ယခုအခါ ရိုဟင်ဂျာများသာ ကျန်တော့သည်ဟု ဧရာဝတီ သတင်းက ဆိုသည်၊ ၎င်းတို့ အဖို့ မှတ်ပုံတင် လည်း မရှိ၊ ပြေးစရာ မြေမရှိသည့်အပြင် သွားလေရာ သို့ သေမင်းက ထပ်ချပ်မကွာ လိုက်နေသည်ဟု ငြည်းတွားနေကြသည်။
ရခိုင် တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ လေးလ ကျော်လာပြီ ဖြစ်၍ အစစ အရာရာ ဈေးများ အဆမတန် မြင်တက်နေပြီး လက်လုပ်လက်စားများ အဖို့ ပြေးရင်း လွှားရင်းက အငတ်ဘေး ကို တွန်းလှန် နေရသည့် အနေအထား ဖြစ်လာနေသည်ဟု သတင်းများက ဆိုသည်။

KNLA တပ်မဟာ (၆) နယ်မြေ အတွင်း ဖြစ်ပွားသော တိုက်ပွဲများကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄၈ ဦး ထိုင်းနယ်မြေထဲသို့ လက်နက်များ နှင့် အတူ ထွက်ပြေး ဝင်ရောက်လာ၍ ထိုင်း စစ်တပ် နှင့် ရဲအဖွဲ့မှ ထိမ်းသိမ်း လိုက်သည်ဟု သိရသည်။

စစ်မှုထမ်း ဥပဒေ အသက်ဝင်ရန် ကူညီဆောင်ရွက်နေသော အုပ်ချုပ်ရေးမှူးများကို ပြင်းပြင်းထန်ထန် အရေးယူမည်ဟု နိုင်ငံ တဝှမ်း ရှိ တော်လှန်ရေး တပ်ဖွဲ့များက နယ်မြေ အလိုက် ကြေညာချက်များ ထုတ်ပြန်လာကြသည်။ ယင်းနှင့် အတူ အချို့ ဒေသများတွင် ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေး မှုးများ အစုလိုက် အပြုံလိုက် နှုတ်ထွက်နေကြသည့် သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ ကြောင့် နယ်စပ်ဖြတ်ကျော်နှင့် ပြည်ပသို့ အလုံး အရင်းဖြင့် ထွက်ခွာနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG ယာယီသမ္မတဒူဝါလရှီးလက အစိုးရ အဖွဲ့ အစည်းအဝေး တွင် အသိပေး လာခဲ့သည်။

စစ်ကောင်စီ သည် ၎င်းတို့ လုံခြုံရေးကို စိတ်မချ ဖြစ်လာသည့် လက္ခဏာ အဖြစ် နေပြည်တော် နှင့် ပဲခူး ဒေသကြီး နယ်စပ် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ လယ်ဝေး မြို့တွင် အရပ်သား ပြည်သူများကို လက်နက် တပ်ဆင်ပေးခြင်း မရှိပဲ ညဖက် ကင်းစောင့်ရမည် ဟု အမိန့်ပေးလာခဲ့သည်။

ထိုသို့ တနိုင်ငံလုံး လှုပ်လှုပ်ရွရွ ဖြစ်လာနေချိန်တွင် စစ်တပ်သည် နိုင်ငံတည်ငြိမ်မှု ရှိနေကြောင်း ဝါဒ ဖြန့်ရမည့် တပ်မတော်နေ့ ဆိုသည်နှင့် သင်္ကြန်ကို မဖြစ်မနေ လုပ်သွားရန် စိုင်းပြင်းလျက် ရှိနေသည်၊

ကုလ လူ့အခွင့် အရေး သံတမန် တွန် အင်ဒရူး မှ စစ်ကောင်စီ သည် လူထု ကို ဆက်၍ အကြမ်းဖက် နိုင်ဖို့ ငွေ၊ လက်နက် နှင့် တရားဝင် ရပ်တည်ပိုင်ခွင့် ဆိုသည့် အကြောင်းသုံးခု ရှိနေဖို့ လိုအပ်လာနေ၍ ယင်းတို့အား နိုင်ငံတကာ အသိုက်အဝန်း မှ လုံးဝ ဖြတ်တောက်ပစ်ရန် လိုအပ်သည်ဟု ဆိုသည်၊ ဥပမာ အ‌နေဖြင့် အာဆီယံသည် မင်းအောင်လှိုင် အား အစည်းအဝေး များသို့ အလာမခံသော်လည်း အခြား အဆင့်များ တက်ခွင့် ပြုနေသည်ကိုပါ ပိတ်ပင်ပစ်ရမည်ဟု RFA နှင့် အင်တာဗျုး တွင် ပြောသွားခဲ့သည်။

တနင်္လာနေ့ မနက် ပိုင်း ရခိုင်ပြည်နယ် မင်းပြားမြို့နယ် အတွင်းရှိ ကျေးရွာ တရွာအား အကြမ်းဖက် စစ်တပ် ၏ ဗုံးကြဲ တိုက်ခိုက်မှု ကြောင့် ရိုဟင်ဂျာ ၂၅ ဦး သေဆုံးပြီး နောက်ထပ် ၂၅ ဦး ခန့် ဒဏ်ရာ ရရှိသွားမှု အပေါ် ကုလ အတွင်းရေး မှုး ချုပ် မှ ပြင်းပြင်းထန်ထန် ပစ်တင် ရှုတ်ချလိုက်ပြီး အကြမ်းဖက်မှုများ တိုးမြှင့်လာနေမှု အပေါ် စိုးရိမ် မကင်း စရာ ဖြစ်လာနေပြီဟု နိုင်ငံတကာ အား ထုတ်ဖေါ် အသိပေး လာခဲ့သည်။

ကုလ သမဂ္ဂ အတွင်းရေးမှုး ချုပ်၏ မြန်မာပြည် အရေး နှင့် ပတ်သက်၍ စိုးရိမ်မကင်း ဖြစ်ရသည် ဆိုသော စကားအား နိုင်ငံတကာ သတင်းမီဒီယာများ မှ ဖေါ်ပြ နေကြ၍ မိမိတို့ အရေး အား လှုံ့ဆော် ပေးနေ သလို ဖြစ်နေသည်ကပင် အမြတ်ထွက်သည်ဟု ယူဆရမည် သာ ဖြစ်သည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

တိုင္းရင္းသား တို႔ ဆႏၵ ျပည့္ဝ ကုန္ၾကၿပီ
***************
မင္းေအာင္လႈိင္၏ မဆင္မျခင္ အာဏာသိမ္းခဲ့မႈ ေၾကာင့္ တိုင္းရင္းသား တို႔ ႏွစ္ေပါင္း ၆၀ ေက်ာ္ တြန္းလွန္လာခဲ့မႈ သည္ ကုန္းတက္ မွ ကုန္းဆင္း ေရာက္လာသည့္ အလား ယခုအခါ တခဏ ႏွင့္ပင္ ရည္မွန္းခ်က္ မ်ား ျပည့္ေျမာက္လာၾကၿပီ ျဖစ္သည္။

လက္ရွိ စစ္ေျမျပင္ အေနအထားမ်ား အရ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕မ်ား အဖို႔ ေလယာဥ္ ပစ္ လက္နက္မ်ား ရွိထားလွ်င္ပင္ လိုခ်င္သည့္ နယ္ေျမမ်ားကို အလြယ္တကူ ထိန္းခ်ဳပ္ ထားႏိုင္ဖို႔ ေသခ်ာ သေလာက္ ရွိေနၿပီ ျဖစ္သည္။ ထိုအေျခ အေနမ်ားကလည္း အေႏွး ႏွင့္ အျမန္ ဆိုသလို ေရာက္လာေတာ့မည္ သာ ျဖစ္သည္။

စစ္ေကာင္စီ တပ္မ်ားသည္ ယခုအခါ ၎တို႔အေပၚ ထိုးစစ္ႀကီး ဆင္ႏႊဲလာေသာ ရွမ္းေျမာက္၊ ရခိုင္ ႏွင့္ ကခ်င္၊ ကရင္နီ တြင္ နာလန္ မထူႏိုင္ေအာင္ အေရးနိမ့္ လ်က္ရွိေနသည္။ ညီေနာင္ သုံးေဖၚ အဖြဲ႕သည္ ၂၀၂၃ ေအာက္တိုဘာ ၂၇ တြင္၎၊ ရကၡိဳင္ တပ္ေတာ္သည္ ႏိုဝင္ဘာ ၁၃၊ ကရင္နီ တြင္ ႏိုဝင္ဘာ ၁၁၊ ကခ်င္ တြင္ ၂၀၂၄ မတ္ လ ၇ ရက္တြင္ ၎ ထိုးစစ္မ်ား တညီတၫြတ္တည္း ထိုးစစ္မ်ား ဆင္ႏႊဲလာခဲ့သည္။ အဆိုပါ ေဒသမ်ား တြင္ စစ္တပ္ အဖို႔ ခြက္ခြက္လန္ ရႈံးနိမ့္‌ ‌‌ ေန၍ သမိုင္းတြင္ မည္သို႔မွ် ဖ်က္မရေတာ့မည့္ အမည္းစက္ႀကီး ထင္က်န္ သြားခဲ့ၿပီ ျဖစ္သည္။
ကခ်င္ လြတ္လပ္ေရး တပ္ေတာ္ ႏွင့္ ေတာ္လွန္ေရး မဟာမိတ္ တပ္မ်ားသည္ ဆယ္တစ္ရက္ အတြင္း မဟာဗ်ဴဟာ က်ေသာ စစ္စခန္းႀကီးမ်ား အပါအဝင္ စုစုေပါင္း စခန္း သုံးဆယ္ကို သိမ္းပိုက္ ႏိုင္ခဲ့၍ စစ္ေကာင္စီသည္ တရက္လွ်င္ ပ်မ္းမွ် စခန္း သုံးခု ခန႔္ လက္လႊတ္ ဆုံးရႈံးသြားခဲ့ရသည္ဟု ဆိုရမည္ ျဖစ္သည္။ ျမစ္ႀကီးနား ေျမာက္ဖက္ ၁၂၅ မိုင္ အကြာရွိ နာမည္ေက်ာ္ ဆြမ္ပရာဘြမ္ ၿမိဳ႕အားလည္း မတ္လ ၁၆ ရက္ေန႔တြင္ သိမ္းယူ ႏိုင္ခဲ့သည္။

ရကၡိဳင္တပ္ေတာ္သည္လည္း ၿမိဳ႕ေတာ္ စစ္ေတြ အား ထီးထီးႀကီး က်န္‌ေနရန္ အနီးအနားရွိ ဘူးသီးေတာင္၊ ေမာင္းေတာ ၿမိဳ႕မ်ားကို ထိုးစစ္ဆင္ ေနရာ တိုးတက္မႈမ်ား ရရွိေနၿပီ ျဖစ္သည္။ စစ္ေတြလွ်င္ ယခုအခါ ႐ိုဟင္ဂ်ာမ်ားသာ က်န္ေတာ့သည္ဟု ဧရာဝတီ သတင္းက ဆိုသည္၊ ၎တို႔ အဖို႔ မွတ္ပုံတင္ လည္း မရွိ၊ ေျပးစရာ ေျမမရွိသည့္အျပင္ သြားေလရာ သို႔ ေသမင္းက ထပ္ခ်ပ္မကြာ လိုက္ေနသည္ဟု ျငည္းတြားေနၾကသည္။
ရခိုင္ တြင္ တိုက္ပြဲမ်ား ျဖစ္ပြားေနသည္မွာ ေလးလ ေက်ာ္လာၿပီ ျဖစ္၍ အစစ အရာရာ ေဈးမ်ား အဆမတန္ ျမင္တက္ေနၿပီး လက္လုပ္လက္စားမ်ား အဖို႔ ေျပးရင္း လႊားရင္းက အငတ္ေဘး ကို တြန္းလွန္ ေနရသည့္ အေနအထား ျဖစ္လာေနသည္ဟု သတင္းမ်ားက ဆိုသည္။

KNLA တပ္မဟာ (၆) နယ္ေျမ အတြင္း ျဖစ္ပြားေသာ တိုက္ပြဲမ်ားေၾကာင့္ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ ၄၈ ဦး ထိုင္းနယ္ေျမထဲသို႔ လက္နက္မ်ား ႏွင့္ အတူ ထြက္ေျပး ဝင္ေရာက္လာ၍ ထိုင္း စစ္တပ္ ႏွင့္ ရဲအဖြဲ႕မွ ထိမ္းသိမ္း လိုက္သည္ဟု သိရသည္။

စစ္မႈထမ္း ဥပေဒ အသက္ဝင္ရန္ ကူညီေဆာင္႐ြက္ေနေသာ အုပ္ခ်ဳပ္ေရးမႉးမ်ားကို ျပင္းျပင္းထန္ထန္ အေရးယူမည္ဟု ႏိုင္ငံ တဝွမ္း ရွိ ေတာ္လွန္ေရး တပ္ဖြဲ႕မ်ားက နယ္ေျမ အလိုက္ ေၾကညာခ်က္မ်ား ထုတ္ျပန္လာၾကသည္။ ယင္းႏွင့္ အတူ အခ်ိဳ႕ ေဒသမ်ားတြင္ ေက်း႐ြာ၊ ရပ္ကြက္ အုပ္ခ်ဳပ္ေရး မႈးမ်ား အစုလိုက္ အၿပဳံလိုက္ ႏႈတ္ထြက္ေနၾကသည့္ သတင္းမ်ားလည္း ထြက္ေပၚလာခဲ့သည္။

အၾကမ္းဖက္စစ္ေကာင္စီ၏ စစ္မႈထမ္းဥပေဒ ေၾကာင့္ နယ္စပ္ျဖတ္ေက်ာ္ႏွင့္ ျပည္ပသို႔ အလုံး အရင္းျဖင့္ ထြက္ခြာေနေၾကာင္း အမ်ိဳးသားညီၫြတ္ေရးအစိုးရ- NUG ယာယီသမၼတဒူဝါလရွီးလက အစိုးရ အဖြဲ႕ အစည္းအေဝး တြင္ အသိေပး လာခဲ့သည္။

စစ္ေကာင္စီ သည္ ၎တို႔ လုံၿခဳံေရးကို စိတ္မခ် ျဖစ္လာသည့္ လကၡဏာ အျဖစ္ ေနျပည္ေတာ္ ႏွင့္ ပဲခူး ေဒသႀကီး နယ္စပ္ ရန္ကုန္-မႏၲေလး လမ္းေဟာင္းေပၚရွိ လယ္ေဝး ၿမိဳ႕တြင္ အရပ္သား ျပည္သူမ်ားကို လက္နက္ တပ္ဆင္ေပးျခင္း မရွိပဲ ညဖက္ ကင္းေစာင့္ရမည္ ဟု အမိန႔္ေပးလာခဲ့သည္။

ထိုသို႔ တႏိုင္ငံလုံး လႈပ္လႈပ္႐ြ႐ြ ျဖစ္လာေနခ်ိန္တြင္ စစ္တပ္သည္ ႏိုင္ငံတည္ၿငိမ္မႈ ရွိေနေၾကာင္း ဝါဒ ျဖန႔္ရမည့္ တပ္မေတာ္ေန႔ ဆိုသည္ႏွင့္ သၾကၤန္ကို မျဖစ္မေန လုပ္သြားရန္ စိုင္းျပင္းလ်က္ ရွိေနသည္၊

ကုလ လူ႔အခြင့္ အေရး သံတမန္ တြန္ အင္ဒ႐ူး မွ စစ္ေကာင္စီ သည္ လူထု ကို ဆက္၍ အၾကမ္းဖက္ ႏိုင္ဖို႔ ေငြ၊ လက္နက္ ႏွင့္ တရားဝင္ ရပ္တည္ပိုင္ခြင့္ ဆိုသည့္ အေၾကာင္းသုံးခု ရွိေနဖို႔ လိုအပ္လာေန၍ ယင္းတို႔အား ႏိုင္ငံတကာ အသိုက္အဝန္း မွ လုံးဝ ျဖတ္ေတာက္ပစ္ရန္ လိုအပ္သည္ဟု ဆိုသည္၊ ဥပမာ အ‌ေနျဖင့္ အာဆီယံသည္ မင္းေအာင္လႈိင္ အား အစည္းအေဝး မ်ားသို႔ အလာမခံေသာ္လည္း အျခား အဆင့္မ်ား တက္ခြင့္ ျပဳေနသည္ကိုပါ ပိတ္ပင္ပစ္ရမည္ဟု RFA ႏွင့္ အင္တာဗ်ဳး တြင္ ေျပာသြားခဲ့သည္။

တနလၤာေန႔ မနက္ ပိုင္း ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္ အတြင္းရွိ ေက်း႐ြာ တ႐ြာအား အၾကမ္းဖက္ စစ္တပ္ ၏ ဗုံးႀကဲ တိုက္ခိုက္မႈ ေၾကာင့္ ႐ိုဟင္ဂ်ာ ၂၅ ဦး ေသဆုံးၿပီး ေနာက္ထပ္ ၂၅ ဦး ခန႔္ ဒဏ္ရာ ရရွိသြားမႈ အေပၚ ကုလ အတြင္းေရး မႈး ခ်ဳပ္ မွ ျပင္းျပင္းထန္ထန္ ပစ္တင္ ရႈတ္ခ်လိုက္ၿပီး အၾကမ္းဖက္မႈမ်ား တိုးျမႇင့္လာေနမႈ အေပၚ စိုးရိမ္ မကင္း စရာ ျဖစ္လာေနၿပီဟု ႏိုင္ငံတကာ အား ထုတ္ေဖၚ အသိေပး လာခဲ့သည္။

ကုလ သမဂၢ အတြင္းေရးမႈး ခ်ဳပ္၏ ျမန္မာျပည္ အေရး ႏွင့္ ပတ္သက္၍ စိုးရိမ္မကင္း ျဖစ္ရသည္ ဆိုေသာ စကားအား ႏိုင္ငံတကာ သတင္းမီဒီယာမ်ား မွ ေဖၚျပ ေနၾက၍ မိမိတို႔ အေရး အား လႈံ႕ေဆာ္ ေပးေန သလို ျဖစ္ေနသည္ကပင္ အျမတ္ထြက္သည္ဟု ယူဆရမည္ သာ ျဖစ္သည္။

ျပည္သူတို႔၏ ခုခံ တြန္းလွန္စစ္ မုခ် ေအာင္ရမည္!!!

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *