Run Forrest Run!

ထိုင်း-မြန်မာနယ်စပ် ကြာအင်းဆိပ်ကြီး၊ ရေတလျောက်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၂ ဦး ထိုင်းနိုင်ငံထဲသို့ ယနေ့ ထွက်ပြေး

■ ၃ ရက်အတွင်း ထိုင်းနိုင်ငံထဲသို့ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၀ ဦး အထိရှိလာပြီး ထိုင်းစစ်တပ်က လက်နကများသိမ်းဆည်း ဖမ်းဆီးထား

ရန်ကုန်၊ မတ် ၂၁

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်အနီး ကြာအင်းဆိပ်ကြီးမြို့နယ် ရေတလျှောက်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၂ ဦး ထိုင်းနိုင်ငံထဲသို့ ထွက်ပြေးသွားပြီး ထိုင်းစစ်တပ်က လက်နက်များသိမ်းဆည်းကာ စစ်သားများကို ထိန်းသိမ်းထားကြောင်း ထိုင်းစစ်တပ်သတင်းရင်းမြစ်က သတင်းဖော်ပြသည်။

ယနေ့ မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ၂ သုတ်ခွဲ၍ ထိုင်းနိုင်ငံ၊ အုန်းဖန်မြို့၊ ပိုင်ခလန်ကျေးရွာအတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ပြီး ပထမအသုတ်အဖြစ် ၂၆ ဦး၊ ဒုတိယအသုတ်အဖြစ် ၄၆ ဦး ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ ရေတလျောက်စခန်းအတွင်း ရိက္ခာမလုံလောက်ခြင်း၊ KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက စခန်းကို တိုက်ခိုက်ရန် စစ်ရေး ပြင်ဆင်လာခြင်းတို့ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံး စခန်းစွန့်ခွာ ထွက်ပြေးလာခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ မတ်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်း ထိုင်း-မြန်မာနယ်စပ် မယ်သရောခီး စစ်ကောင်စီတပ်စခန်းနှင့် ကာကင်းစခန်းများမှ စစ်သား အင်အား ၄၈ ဦးသည် တိုက်ပွဲများဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံ၊ အုန်းဖန်မြို့၊ ပိုင်ခလန်ကျေးရွာထဲသို့ ထွက်ပြေးခဲ့ကြောင်း၊ ကျေးရွာမှ ထိုင်းပြည်သူများက ထိုင်းစစ်တပ်နှင့်ရဲတပ်ဖွဲ့ထံ သို့ တိုင်ကြားသည့်အတွက် အဆိုပါ စစ်ကောင်စီတပ်သားများကို ထိုင်းစစ်တပ်နှင့်ရဲများက လာရောက် ဖမ်းဆီးခဲ့ ကြောင်း၊ ဖမ်းဆီးချိန်တွင် မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံးကို လက် ခေါင်းပေါ် တင်ခိုင်းပြီး ဝမ်းလျား မှောက်ခိုင်းကာ သေနတ်များကို ထိုင်းစစ်တပ်က သိမ်းဆည်းခဲ့ကြောင်း သိရှိရသည်။

လက်ရှိတွင် မတ်လ ၁၉ ရက်နေ့မှ ယနေ့ မတ်လ ၂၁ ရက်နေ့အထိ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၂၀ ဦး ထိုင်းနိုင်ငံထဲသို့ ထွက်ပြေး ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယနေ့ ထိုင်းနိုင်ငံ၊ အုန်းဖန်မြို့သို့ ထွက်ပြေးရောက်ရှိလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

ထိုင္း-ျမန္မာနယ္စပ္ ၾကာအင္းဆိပ္ႀကီး၊ ေရတေလ်ာက္စခန္းမွ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၇၂ ဦး ထိုင္းႏိုင္ငံထဲသို႔ ယေန႔ ထြက္ေျပး

■ ၃ ရက္အတြင္း ထိုင္းႏိုင္ငံထဲသို႔ထြက္ေျပးသည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၁၂၀ ဦး အထိရွိလာၿပီး ထိုင္းစစ္တပ္က လက္နကမ်ားသိမ္းဆည္း ဖမ္းဆီးထား

ရန္ကုန္၊ မတ္ ၂၁

ကရင္ျပည္နယ္၊ ထိုင္း-ျမန္မာနယ္စပ္အနီး ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ ေရတေလွ်ာက္စခန္းမွ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၇၂ ဦး ထိုင္းႏိုင္ငံထဲသို႔ ထြက္ေျပးသြားၿပီး ထိုင္းစစ္တပ္က လက္နက္မ်ားသိမ္းဆည္းကာ စစ္သားမ်ားကို ထိန္းသိမ္းထားေၾကာင္း ထိုင္းစစ္တပ္သတင္းရင္းျမစ္က သတင္းေဖာ္ျပသည္။

ယေန႔ မတ္လ ၂၁ ရက္ေန႔ နံနက္ပိုင္းတြင္ ၂ သုတ္ခြဲ၍ ထိုင္းႏိုင္ငံ၊ အုန္းဖန္ၿမိဳ႕၊ ပိုင္ခလန္ေက်း႐ြာအတြင္းသို႔ ဝင္ေရာက္လာျခင္းျဖစ္ၿပီး ပထမအသုတ္အျဖစ္ ၂၆ ဦး၊ ဒုတိယအသုတ္အျဖစ္ ၄၆ ဦး ေရာက္ရွိလာျခင္းျဖစ္ေၾကာင္း သိရွိရသည္။

စစ္ေကာင္စီ၏ ေရတေလ်ာက္စခန္းအတြင္း ရိကၡာမလုံေလာက္ျခင္း၊ KNLA ဦးေဆာင္ေသာ ေတာ္လွန္ေရးတပ္မ်ားက စခန္းကို တိုက္ခိုက္ရန္ စစ္ေရး ျပင္ဆင္လာျခင္းတို႔ေၾကာင့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားအားလုံး စခန္းစြန႔္ခြာ ထြက္ေျပးလာျခင္းျဖစ္ေၾကာင္း သိရွိရသည္။

အလားတူ မတ္လ ၁၉ ရက္ေန႔ မြန္းလြဲပိုင္း ထိုင္း-ျမန္မာနယ္စပ္ မယ္သေရာခီး စစ္ေကာင္စီတပ္စခန္းႏွင့္ ကာကင္းစခန္းမ်ားမွ စစ္သား အင္အား ၄၈ ဦးသည္ တိုက္ပြဲမ်ားျဖစ္ပြားၿပီးေနာက္ ထိုင္းႏိုင္ငံ၊ အုန္းဖန္ၿမိဳ႕၊ ပိုင္ခလန္ေက်း႐ြာထဲသို႔ ထြက္ေျပးခဲ့ေၾကာင္း၊ ေက်း႐ြာမွ ထိုင္းျပည္သူမ်ားက ထိုင္းစစ္တပ္ႏွင့္ရဲတပ္ဖြဲ႕ထံ သို႔ တိုင္ၾကားသည့္အတြက္ အဆိုပါ စစ္ေကာင္စီတပ္သားမ်ားကို ထိုင္းစစ္တပ္ႏွင့္ရဲမ်ားက လာေရာက္ ဖမ္းဆီးခဲ့ ေၾကာင္း၊ ဖမ္းဆီးခ်ိန္တြင္ ျမန္မာစစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားအားလုံးကို လက္ ေခါင္းေပၚ တင္ခိုင္းၿပီး ဝမ္းလ်ား ေမွာက္ခိုင္းကာ ေသနတ္မ်ားကို ထိုင္းစစ္တပ္က သိမ္းဆည္းခဲ့ေၾကာင္း သိရွိရသည္။

လက္ရွိတြင္ မတ္လ ၁၉ ရက္ေန႔မွ ယေန႔ မတ္လ ၂၁ ရက္ေန႔အထိ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ ၁၂၀ ဦး ထိုင္းႏိုင္ငံထဲသို႔ ထြက္ေျပး ေရာက္ရွိလာျခင္းျဖစ္ေၾကာင္း သိရွိရသည္။

ဓာတ္ပုံ- ယေန႔ ထိုင္းႏိုင္ငံ၊ အုန္းဖန္ၿမိဳ႕သို႔ ထြက္ေျပးေရာက္ရွိလာေသာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *