ပေါ်တာဆွဲတာ မယုံဘူးဆိုသူတွေ ဒီမှာကြည့်လိုက် မန်းလေးမှာ အများကြီး

“မန္တလေး နန်းတွင်းတွင် အသက်မပြည့်သေးသည့် ကလေးငယ်တွေကို အတင်းအဓမ္မ ဖမ်းဆီးလာပြီး စစ်သင်တန်းပေးနေ”

အကြမ်းဖက် စစ်ကောင်စီက မန္တလေးမြိုရှိ မန္တလေးနန်းတွင်းတွင် အနယ်နယ်အရပ်မှ အတင်းအဓမ္မ ပေါ်တာဆွဲ

ဖမ်းဆီးခေါ်ဆောင်လာတဲ့ အသက်မပြည့်သေးသည့် ၁၅/၁၆ နှစ်အရွယ် လူငယ် (၁၀၀) ခန့်ကို စစ်သင်တန်း စတင်သင်ကြားပေးနေကြောင်း သိရပါတယ်

ဒါ့အပြင် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ ညနေ ၅ နာရီ အချိန်ခန့်က အကြမ်းဖက် စစ်ကောင်စီတပ်က FAW ကား ၅ စီးဖြင့် လူငယ် (၁၅၀) ခန့်ကို

စစ်သင်တန်းပေးရန်အတွက် နန်းတွင်းသို ထပ်မံဖမ်းဆီး ခေါ်ဆောင်လာ‌ကြောင်း၊ အဆိုပါ လူငယ်တွေကို နန်းတွင်းရှိ လေကြောင်းရန် ကာကွယ်ရေးတပ်မှ လက်ခံထိန်းသိမ်းထားကြောင်း သိရှိရပါတယ်

Source ~ MDYRevo

4C_TruthNews





Source ~ MDYRevo

4C_TruthNews

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *