ႏိုင္ငံျခားထြက္ဖို႔ နာရီပိုင္းအလိုမွာပဲ ခ်စ္သူက ေတြ႕ဖို႔ခ်ိန္းၿပီး လမ္းေပၚမွာတင္ အThetခံခဲ့ရတဲ့ မိန္းကေလးရဲ႕ အျဖစ္ဆိုး

သမီးရည်းစားချိန်းတွေ့စဉ် ကောင်လေးက ကောင်မလေးကို ဓါးနဲ့ထိုးသတ်

ဖြူး၊ ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄။

ပဲခူးတိုင်း၊ ဖြူးမြို့၊ ဗထူးရပ်ကွက် ၆ လမ်း ဘုန်းကြီးကျောင်းအနီးမှာ သမီးရည်းစားချင်း ချိန်းတွေ့စဉ် ကောင်လေးက ကောင်မလေးရဲ့လည်ပင်းကို ဓါးနဲ့ထိုးသတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက် နေ့လယ်ပိုင်းက အသက် ၂၅ နှစ်အရွယ် မခြူးခက်နွယ်ဟာ အသက် ၂၀ အရွယ် ချစ်သူကောင်လေးနဲ့ ချိန်းတွေ့စဉ်မှာ ကောင်လေးက သူ့မှာအသင့်ပါလာတဲ့ဓားမြှောင်နဲ့ လည်ပင်းကို ထိုးခဲ့တာလို့ဆိုပါတယ်။

” ဘယ်လိုကိစ္စကြောင့် ခုလိုဓားနဲ့ထိုးတဲ့ အခြေနေထိဖြစ်သွားလဲဆိုတာတော့ မသိရဘူး။ ကောင်မလေးကတော့နေရာမှာပဲ သေသွားတယ်။”လို့ ဒေသခံတဦးက ပြောပါတယ်။

ဓားထိုးမှုဖြစ်ခဲ့တာက ကောင်မလေးနေထိုင်တဲ့ နေအိမ်ရဲ့ ၂ ဖာလုံခန့်အကွာ ရထားလမ်းနဲ့ နေအိမ်ကြားက နေရာတခုမှာပါ။ ဒေသခံတွေကတော့ ကောင်လေးနဲ့ကောင်မလေးဟာ သမီးရည်စားဖြစ်ပြီး မကြာသေးခင် ကာလကမှ စိတ်သဘောထားချင်းမတိုက်ဆိုင်လို့ လမ်းခွဲထားတာဖြစ်ပြီး ကောင်မလေးက ဒူဘိုင်းနိုင်ငံကိုသွားဖို့ ပြင်ဆင်နေစဉ်ကာလမှာ ကောင်လေးဘက်က နောက်ဆုံးအကြိမ်တွေ့ခွင့်တောင်းလို့ သွားတွေ့ချိန်မှာ အသတ်ခံရတာလို့ ပြောပါတယ်။

ကောင်လေးကိုတော့ သူ့အိမ်မှာ ရဲကဝင်ဖမ်းပြီး ဖြူးမြို့မရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။ မခြူးခက်နွယ်ရဲ့ အလောင်းကိုတော့ သူ့အိမ်မှာပဲထားရှိပြီး မတ်လ ၂ ရက်မှာ သင်္ဂြိုဟ်သွားမယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း – ကျော်ကြီး၊ စာတည်း – လင်း

မြေလတ်အသံ

သမီးရည္းစားခ်ိန္းေတြ႕စဥ္ ေကာင္ေလးက ေကာင္မေလးကို ဓါးနဲ႔ထိုးသတ္

ျဖဴး၊ ေဖေဖာ္ဝါရီ ၂၉၊ ၂၀၂၄။

ပဲခူးတိုင္း၊ ျဖဴးၿမိဳ႕၊ ဗထူးရပ္ကြက္ ၆ လမ္း ဘုန္းႀကီးေက်ာင္းအနီးမွာ သမီးရည္းစားခ်င္း ခ်ိန္းေတြ႕စဥ္ ေကာင္ေလးက ေကာင္မေလးရဲ႕လည္ပင္းကို ဓါးနဲ႔ထိုးသတ္ခဲ့တယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။

ေဖေဖာ္ဝါရီ ၂၇ ရက္ ေန႔လယ္ပိုင္းက အသက္ ၂၅ ႏွစ္အ႐ြယ္ မျခဴးခက္ႏြယ္ဟာ အသက္ ၂၀ အ႐ြယ္ ခ်စ္သူေကာင္ေလးနဲ႔ ခ်ိန္းေတြ႕စဥ္မွာ ေကာင္ေလးက သူ႔မွာအသင့္ပါလာတဲ့ဓားေျမႇာင္နဲ႔ လည္ပင္းကို ထိုးခဲ့တာလို႔ဆိုပါတယ္။

” ဘယ္လိုကိစၥေၾကာင့္ ခုလိုဓားနဲ႔ထိုးတဲ့ အေျခေနထိျဖစ္သြားလဲဆိုတာေတာ့ မသိရဘူး။ ေကာင္မေလးကေတာ့ေနရာမွာပဲ ေသသြားတယ္။”လို႔ ေဒသခံတဦးက ေျပာပါတယ္။

ဓားထိုးမႈျဖစ္ခဲ့တာက ေကာင္မေလးေနထိုင္တဲ့ ေနအိမ္ရဲ႕ ၂ ဖာလုံခန႔္အကြာ ရထားလမ္းနဲ႔ ေနအိမ္ၾကားက ေနရာတခုမွာပါ။ ေဒသခံေတြကေတာ့ ေကာင္ေလးနဲ႔ေကာင္မေလးဟာ သမီးရည္စားျဖစ္ၿပီး မၾကာေသးခင္ ကာလကမွ စိတ္သေဘာထားခ်င္းမတိုက္ဆိုင္လို႔ လမ္းခြဲထားတာျဖစ္ၿပီး ေကာင္မေလးက ဒူဘိုင္းႏိုင္ငံကိုသြားဖို႔ ျပင္ဆင္ေနစဥ္ကာလမွာ ေကာင္ေလးဘက္က ေနာက္ဆုံးအႀကိမ္ေတြ႕ခြင့္ေတာင္းလို႔ သြားေတြ႕ခ်ိန္မွာ အသတ္ခံရတာလို႔ ေျပာပါတယ္။

ေကာင္ေလးကိုေတာ့ သူ႔အိမ္မွာ ရဲကဝင္ဖမ္းၿပီး ျဖဴးၿမိဳ႕မရဲစခန္းမွာ ထိန္းသိမ္းထားပါတယ္။ မျခဴးခက္ႏြယ္ရဲ႕ အေလာင္းကိုေတာ့ သူ႔အိမ္မွာပဲထားရွိၿပီး မတ္လ ၂ ရက္မွာ သၿဂႋဳဟ္သြားမယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။

သတင္း – ေက်ာ္ႀကီး၊ စာတည္း – လင္း

ေျမလတ္အသံ

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *