ပထမအဆင့်ခြေလှမ်း သို့မဟုတ် သတင်းကောင်း…

ပထမအဆင့်ခြေလှမ်း သို့မဟုတ် သတင်းကောင်း…
လာမယ့် မတ်လ ၂-၃ ရက်နေ့တွေမှာ မြန်မာ့အရေးအတွက် ထိုင်းနိုင်ငံမှာ တရားဝင်ဆွေးနွေးပွဲလုပ်ကြပါမယ်။

NUG အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ လူမှုအဖွဲ့အစည်းများ၊ သတင်းဌာနများ…

ထိုင်းနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး၊ စစ်ဖက်အရာရှိများ၊ ပညာရှင်များ၊ သတင်းဌာနများ၊ ပါတီကိုယ်စားလှယ်များ၊ လွှတ်တော်အမတ်များအပြင်…
IOM, UN စတဲ့ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးကြပါမယ်။

ဆွေးနွေးပွဲစတင်တဲ့ ပထမနေ့မှာ အဲဒီဆွေးနွေးပွဲဖြစ်လာအောင် အဓိကစီစဉ်ဆောင်ရွက်တဲ့ ဖတ်ကောင်းကိုင်ပါတီမှ နိုင်ရာစီမံ မှ အစီအစဉ် ၁ အဖြစ်… ဆွေးနွေးပွဲတက်ရောက်လာသူများကို ကြိုဆိုနုတ်ခွန်းဆက်စကားပြောပါမယ်။ သူဟာ လွှတ်တော်ရဲ့ အမျိုးသားလုံခြုံရေး၊ နယ်စပ်ရေးရာ၊ အမျိုးသားမဟာဗျူဟာနှင့် အမျိုးသားပြုပြင်ပြောင်းလဲရေးကော်မတီ ဥက္ကဌ ဖြစ်ပါတယ်။

အစီအစဉ် ၂ အဖြစ်… ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီ မှ အဖွင့်မိန့်ခွန်းပြောမှာဖြစ်ပြီး၊ အစီအစဉ် ၃ မှာတော့ ကုလသမဂ္ဂသံအမတ် ဦးကျော်မိုးထွန်းမှ ဆက်ပြောပါမယ်။

အစီအစဉ် ၄ ဖြစ်တဲ့ Panel Discussion ဆွေးနွေးကြတဲ့ကဏ္ဍမှာအချိန်တနာရီအတွင်း NUG နိုင်ငံခြားရေးဝန်ကြီးနှင့် KNU မှကိုယ်စားလှယ်တို့ “Navigating the Political Landscape” ဆိုတဲ့ခေါင်းစဉ်နဲ့ ပါဝင်ဆွေးနွေးကြပါမယ်။

နောက် အစီအစဉ်တွေမှာလည်း ထိုင်းစစ်တပ်မှအရာရှိတို့ ပါဝင်ဆွေးနွေးမှာဖြစ်သလို၊ စီးပွါးရေးကဏ္ဍအတွက် ရှောင်တာနဲ၊ လူ့အခွင့်အရေးကဏ္ဍအတွက် UN မှ အင်ဒရူးနှင့် IOM ကိုယ်စားလှယ်တို့ ပါဝင်ဆွေးနွေးကြပါမယ်။

သတင်းမီဒီယာတွေရဲ့အရေးပါမှုနှင့်ပတ်သက်ပြီး “The Power of the Media” ဆိုတဲ့ခေါင်းစဉ်နဲ့ မဇ္ဇျိမ၊ ဧရာဝတီနှင့် ထိုင်းမှ The Reports News တို့ပါဝင်ဆွေးနွေးကြပါမယ်။

ဒုတိယနေ့ အပိတ်မိန့်ခွန်းကိုတော့ ထိုင်းလက်နက်ကိုင်တပ်များရဲ့ ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောင်ဝိ စကားပြောပါမယ်။

ဆွေးနွေးပွဲနှစ်ရက်လုံးမှာ ဒီမိုဘက်တော်သားတွေ၊ အဖွဲ့အစည်းတွေ၊ ကိုယ်စားလှယ်တွေနှင့် သတင်းဌာနတွေ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ဆွေးနွေးကြမှာဖြစ်ပါတယ်။

လက်နက်ကိုင်အဖွဲ့တွေက သက်ဆိုင်ရာခေါင်းဆောင်တွေကလည်း အွန်လိုင်းကနေ ပါဝင်ဆွေးနွေးကြမှာဖြစ်ပါတယ်။

ကြိုးစားခဲ့မှုတွေအတွက် အရာထင်လာတာမြင်ရလို့ အလွန်ဝမ်းမြောက်ရပါတယ်…

Steven Sanyu
ဖေဖေါ်ဝါရီလ ၂၈ ရက်၊ ၂၀၂၄

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *