အဲမှာ ရှိုးလိုက်….”ရန်ကုန်မှာပြန်ဆုံမယ်”

ရန်ကုန်မြို့လယ်ခေါင်လူစည်ကားရာနေရာတွင် စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉

ရန်ကုန်မြို့လယ်ခေါင် လူစည်ကားရာ နေရာများတွင်“ရန်ကုန်မှာပြန်ဆုံမယ်” စာတန်းပါ အင်္ကျီများ ဝတ်ဆင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း ရေဘဝဲ ပြည်သူ့ အကျိုးပြု လူငယ်အဖွဲအစည်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ပေးဆွဲမှုများ၊ လူသားဒိုင်းအဖြစ်အသုံးချရန် စစ်တပ်အတွင်းသို့ အဓမ္မ သွတ်သွင်းမှုများကြောင့် လွတ်မြောက်ဒေသနှင့် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ဆန့်ကျင်တိမ်းရှောင်နေကြ သူများ၊

အကျဉ်းထောင်များမှ နိုင်ငံရေးအကျဉ်းသားများ၊ မြေပေါ်မြေအောက်တော်လှန်ရေးအင်အား စုများနှင့် ရန်ကုန်တွင် အမြန်ပြန်ဆုံမည့် ရည်ရွယ်ချက်နှင့်အတူ ရေဘဝဲ အဖွဲ့အစည်း တည်ထောင် ခြင်း ၃ နှစ် ပြည့်လှုပ်ရှားမှု အဖြစ် ယနေ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

 

 

 

 

 

 

 

 

 

ရန္ကုန္ၿမိဳ႕လယ္ေခါင္လူစည္ကားရာေနရာတြင္ စစ္အာဏာရွင္ဆန႔္က်င္လႈပ္ရွားမႈျပဳလုပ္

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၉

ရန္ကုန္ၿမိဳ႕လယ္ေခါင္ လူစည္ကားရာ ေနရာမ်ားတြင္“ရန္ကုန္မွာျပန္ဆုံမယ္” စာတန္းပါ အက်ႌမ်ား ဝတ္ဆင္၍ စစ္အာဏာရွင္ဆန္႔က်င္ေရးလႈပ္ရွားမႈျပဳလုပ္ခဲ့ေၾကာင္း ေရဘဝဲ ျပည္သူ႔ အက်ိဳးျပဳ လူငယ္အဖြဲအစည္းမွ တာဝန္ရွိသူတစ္ဦးက ရန္ကုန္ေခတ္သစ္ သတင္းဌာနထံသို႔ ေျပာၾကားသည္။

အၾကမ္းဖက္စစ္ေကာင္စီ၏ ျပန္ေပးဆြဲမႈမ်ား၊ လူသားဒိုင္းအျဖစ္အသုံးခ်ရန္ စစ္တပ္အတြင္းသို႔ အဓမၼ သြတ္သြင္းမႈမ်ားေၾကာင့္ လြတ္ေျမာက္ေဒသႏွင့္ ကမာၻ႔ႏိုင္ငံအသီးသီးသို႔ ဆန္႔က်င္တိမ္းေရွာင္ေနၾက သူမ်ား၊

အက်ဥ္းေထာင္မ်ားမွ ႏိုင္ငံေရးအက်ဥ္းသားမ်ား၊ ေျမေပၚေျမေအာက္ေတာ္လွန္ေရးအင္အား စုမ်ားႏွင့္ ရန္ကုန္တြင္ အျမန္ျပန္ဆုံမည့္ ရည္႐ြယ္ခ်က္ႏွင့္အတူ ေရဘဝဲ အဖြဲ႕အစည္း တည္ေထာင္ ျခင္း ၃ ႏွစ္ ျပည့္လႈပ္ရွားမႈ အျဖစ္ ယေန႔ ေဖေဖာ္ဝါရီလ ၂၉ ရက္ေန႔တြင္ ျပဳလုပ္ခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *