နောက်ထပ် စစ်တပ်က ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို AA စတင်ဖော်ထုတ်‼️

စစ်တပ်က ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို AA စတင်ဖော်ထုတ်‼️

မြောက်ဦးတွင် သတင်းသမား ဖိုးသီဟ အပါအဝင် အပြစ်မဲ့ ပြည်သူ ၇ ဦးကို ဗုံးခိုကျင်းထဲတွင် မျက်လုံးကို ပုဝါဖြင့်စည်း၊ လက်နောက်ပြန် လက်ထိပ်ခတ်ပြီး စစ်တပ်က ပစ်သတ်ခဲ့ကြောင်း ဗိုလ်ကြီးအာကာမြင့် ဝန်ခံ ထွက်ဆို (ရုပ်/သံ)

■ ဗိုလ်မှူး သိန်းထိုက်စိုးက အမိန့်ပေး၊ ဒုရဲမှူးကြီး ခင်မောင်စိုးက ခွင့်ပြုချက်ပေးကာ ဒုတပ်ကြပ်သန်းအောင်အဖွဲ့က ပစ်သတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ဖမ်းဆီးချုပ်နှောင်ထားသော သတင်းသမား ကိုဖိုးသီဟ အပါအဝင် အပြစ်မဲ့ ပြည်သူ ၇ ဦးကို ဗိုလ်မှူးသိန်းထိုက်စိုးအမိန့်၊ ဒုရဲမှူးကြီး ခင်မောင်စိုးတို့၏ခွင့်ပြုချက်ဖြင့် ဒုတပ်ကြပ်သန်းအောင်အဖွဲ့က က သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဗိုလ်ကြီးအာကာမြင့် ဝန်ခံ ထွက်ဆိုသည်။

ဗိုလ်ကြီးအာကာမြင့်သည် AA ၏ ဖမ်းဆီးမှု ခံထားရပြီးနောက် ယခုကဲ့သို့သတင်းသမား ဖိုးသီဟ အပါအဝင် ပြည်သူ ၇ ဦးကို ဗိုလ်မှူး သိန်းထိုက်စိုး အမိန့်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခြင်းဖြစ်သည်။

မြောက်ဦးမြိုနယ်မှ အရပ်သားပြည်သူများဖြစ်ကြသော ကိုကျော်ဇံဝေ (ခ) ဖိုးလပြည့် (ခ) ရင်ဆို့၊ သတင်းသမား ကိုမြတ်သူထွန်း (ခ) ဖိုးသီဟ၊ ကိုကျော်သိန်းလှိုင်၊ ကိုကျော်ဝင်းလှိုင်၊ ကိုကိုညွန့်၊ ကိုဝင်းနိုင်၊ ကိုပြည့်စုံဝင်း တို့ ၇ဦးအား စစ်တပ်က သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီလ ကိုဖိုးလပြည့် နှင့် သတင်းသမား ကိုဖိုးသီဟ အပါအဝင် မတရားစွပ်စွဲဖမ်းဆီးထားသော အပြစ်မဲ့ ရက္ခိုင်ပြည်သူ ၇ ဦးကို မြောက်ဦး၊ ခမရ (၃၇၈) ဗဟိုကင်းအချုပ်ခန်းထဲမှ ခေါ်ယူ၍ ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ ခမရ ၃၇၈ ဌာနချုပ်တပ်ခွဲမှူး တာဝန်ထမ်းဆောင်တဲ့ ဗိုလ်မှူးသိန်းထိုက်စိုးကဒဏ်ရာရရှိပြီးတော့ ခမရ ၃၇၇ ဆေးခန်းကုသမှု ခံယူနေတဲ့အချိန်မှာ ဒုတပ်ကြပ်သန်းအောင်နဲ့ မှီခိုသူ မောင်မောင်ဆီကနေ အမိန့်တစ်ခုရောက်ရှိလာပါတယ်။ အဲဒီအမိန့်ကတော့ ခရိုင်ရဲတပ်ဖွဲ့ရုံးကနေပြီးတော့ ခမရ ၃၇၈မှာ ပြောင်းရွှေ့ ချုပ်နှောင်ထားတဲ့ ဖိုးလပြည့်အပါအဝင် အချုပ်သား ၇ ဦးကို သတ်ပစ်လိုက်ပါဆိုတဲ့အမိန့်ပဲဖြစ်ပါတယ်။ အဲဒီအမိန့် ရရချင်းပဲ ခမရ ၃၇၈ မှာရှိနေတဲ့ ခရိုင်ရဲမှူးကြီး ခင်မောင်စိုးထံ ဆက်လက် တင်ပြခဲ့ပါတယ်။

ခရိုင်ရဲမှူးကြီးကတော့ ဆောင်ရွက်လိုက်ပါ။ ပြီးမှ ကြည့်ရှင်းပါမယ်ဆိုတဲ့ အဖြေရတာနဲ့ ကျနော်လည်းအဲဒါဆိုရင် ခရိုင်မှူးကြီးပဲ တပ်မမှူးဆီ ဆက်လက်သတင်းပို့တင်ပြ လိုက်ပါဆိုပြီးတော့ အချုပ်ခန်းသော့ကို ဒုတပ်ကြပ်သန်းအောင်ကို ပေးလိုက်ပါတယ်။ ပြီးတော့ ဒုတပ်ကြပ်သန်းအောင်ကို ဘယ်နေရာမှာ ဆောင်ရွက်မလဲဆိုတာ မေးလိုက်တော့ ဆေးခန်းအဝန်းအဝိုင်းအောက်မှာ မိသားစုတွေ တူးထားတဲ့ ဗုံးခိုကျင်းတွေ ရှိတယ်။ အဲဒီနေရာမှာပဲ ဆောင်ရွက်မယ်ဆိုပြီး အကြံပြုလို့ အဲဒီနေရာမှာပဲ ဆောင်ရွက်ဖို့ အကြံပြုလိုက်ပါတယ်။

ပြီးတာနဲ့ သေနတ်နဲ့ပဲဆောင်ရွက်ဖို့ ကောင်းကောင်းမွန်မွန်မြေမြုပ်သဂြိုလ်ဖို့ မှာလိုက်ပါတယ်။ ပြီးတာနဲ့ ဒုတပ်ကြပ်သန်းအောင်ဦးစီးတဲ့ အဖွဲ့က အချုပ်ခန်းထဲက အချုပ်သားဖိုးလပြည့် အပါအဝင် အချုပ်သားတွေကို ထုတ်ပြီး မျက်လုံးကို ပုဝါနဲ့စည်းပြီး လက်ကို လက်ထိပ်ခတ်ပြီးတော့ ဗဟိုကင်းနောက်ကျောလမ်းကနေ ဆေးခန်း ကုန်းအောက်ကို ခေါ်ဆောင်သွားပါတယ်။

ဒုတပ်ကြပ်သန်းအောင်ခေါ်ဆောင်သွားပြီး ၁၅ မိနစ်လောက်အကြာမှာတော့ သေနတ်သံ ၇ ချက် ၈ ချက် လောက်ကြားရပါတယ်။ သေနတ်သံကြားပြီးတော့ နောက်ထပ် ၁၅ မိနစ်လောက်မှာပဲ ဗဟိုကင်းကို ပြန်ရောက်လာပြီးတော့ ကျနော့်ဆီကို ဆောင်ရွက်ပြီးစီးတဲ့အကြောင်း သတင်းပို့ပါတယ်” ဟု ဗိုလ်ကြီးအာကာမြင့်က ဝန်ခံထွက်ဆိုသည်။

စစ္တပ္က က်ဴးလြန္ခဲ့တဲ့ စစ္ရာဇဝတ္မႈေတြကို AA စတင္ေဖာ္ထုတ္‼️

ေျမာက္ဦးတြင္ သတင္းသမား ဖိုးသီဟ အပါအဝင္ အျပစ္မဲ့ ျပည္သူ ၇ ဦးကို ဗုံးခိုက်င္းထဲတြင္ မ်က္လုံးကို ပုဝါျဖင့္စည္း၊ လက္ေနာက္ျပန္ လက္ထိပ္ခတ္ၿပီး စစ္တပ္က ပစ္သတ္ခဲ့ေၾကာင္း ဗိုလ္ႀကီးအာကာျမင့္ ဝန္ခံ ထြက္ဆို (႐ုပ္/သံ)

■ ဗိုလ္မႉး သိန္းထိုက္စိုးက အမိန႔္ေပး၊ ဒုရဲမႉးႀကီး ခင္ေမာင္စိုးက ခြင့္ျပဳခ်က္ေပးကာ ဒုတပ္ၾကပ္သန္းေအာင္အဖြဲ႕က ပစ္သတ္

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၉

ရခိုင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕နယ္တြင္ ဖမ္းဆီးခ်ဳပ္ေႏွာင္ထားေသာ သတင္းသမား ကိုဖိုးသီဟ အပါအဝင္ အျပစ္မဲ့ ျပည္သူ ၇ ဦးကို ဗိုလ္မႉးသိန္းထိုက္စိုးအမိန႔္၊ ဒုရဲမႉးႀကီး ခင္ေမာင္စိုးတို႔၏ခြင့္ျပဳခ်က္ျဖင့္ ဒုတပ္ၾကပ္သန္းေအာင္အဖြဲ႕က က ေသနတ္ျဖင့္ ပစ္သတ္ခဲ့ေၾကာင္း ဗိုလ္ႀကီးအာကာျမင့္ ဝန္ခံ ထြက္ဆိုသည္။

ဗိုလ္ႀကီးအာကာျမင့္သည္ AA ၏ ဖမ္းဆီးမႈ ခံထားရၿပီးေနာက္ ယခုကဲ့သို႔သတင္းသမား ဖိုးသီဟ အပါအဝင္ ျပည္သူ ၇ ဦးကို ဗိုလ္မႉး သိန္းထိုက္စိုး အမိန႔္ျဖင့္ ပစ္သတ္ခဲ့ျခင္းျဖစ္ေၾကာင္း ဝန္ခံျခင္းျဖစ္သည္။

ေျမာက္ဦးၿမိဳနယ္မွ အရပ္သားျပည္သူမ်ားျဖစ္ၾကေသာ ကိုေက်ာ္ဇံေဝ (ခ) ဖိုးလျပည့္ (ခ) ရင္ဆို႔၊ သတင္းသမား ကိုျမတ္သူထြန္း (ခ) ဖိုးသီဟ၊ ကိုေက်ာ္သိန္းလႈိင္၊ ကိုေက်ာ္ဝင္းလႈိင္၊ ကိုကိုၫြန႔္၊ ကိုဝင္းႏိုင္၊ ကိုျပည့္စုံဝင္း တို႔ ၇ဦးအား စစ္တပ္က သတ္ျဖတ္ခဲ့ျခင္းျဖစ္သည္။

ဇန္နဝါရီလ ကိုဖိုးလျပည့္ ႏွင့္ သတင္းသမား ကိုဖိုးသီဟ အပါအဝင္ မတရားစြပ္စြဲဖမ္းဆီးထားေသာ အျပစ္မဲ့ ရကၡိဳင္ျပည္သူ ၇ ဦးကို ေျမာက္ဦး၊ ခမရ (၃၇၈) ဗဟိုကင္းအခ်ဳပ္ခန္းထဲမွ ေခၚယူ၍ ပစ္သတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

“၂၀၂၄ ခုႏွစ္ ဇန္နဝါရီလမွာ ခမရ ၃၇၈ ဌာနခ်ဳပ္တပ္ခြဲမႉး တာဝန္ထမ္းေဆာင္တဲ့ ဗိုလ္မႉးသိန္းထိုက္စိုးကဒဏ္ရာရရွိၿပီးေတာ့ ခမရ ၃၇၇ ေဆးခန္းကုသမႈ ခံယူေနတဲ့အခ်ိန္မွာ ဒုတပ္ၾကပ္သန္းေအာင္နဲ႔ မွီခိုသူ ေမာင္ေမာင္ဆီကေန အမိန႔္တစ္ခုေရာက္ရွိလာပါတယ္။ အဲဒီအမိန႔္ကေတာ့ ခ႐ိုင္ရဲတပ္ဖြဲ႕႐ုံးကေနၿပီးေတာ့ ခမရ ၃၇၈မွာ ေျပာင္းေ႐ႊ႕ ခ်ဳပ္ေႏွာင္ထားတဲ့ ဖိုးလျပည့္အပါအဝင္ အခ်ဳပ္သား ၇ ဦးကို သတ္ပစ္လိုက္ပါဆိုတဲ့အမိန႔္ပဲျဖစ္ပါတယ္။ အဲဒီအမိန႔္ ရရခ်င္းပဲ ခမရ ၃၇၈ မွာရွိေနတဲ့ ခ႐ိုင္ရဲမႉးႀကီး ခင္ေမာင္စိုးထံ ဆက္လက္ တင္ျပခဲ့ပါတယ္။

ခ႐ိုင္ရဲမႉးႀကီးကေတာ့ ေဆာင္႐ြက္လိုက္ပါ။ ၿပီးမွ ၾကည့္ရွင္းပါမယ္ဆိုတဲ့ အေျဖရတာနဲ႔ က်ေနာ္လည္းအဲဒါဆိုရင္ ခ႐ိုင္မႉးႀကီးပဲ တပ္မမႉးဆီ ဆက္လက္သတင္းပို႔တင္ျပ လိုက္ပါဆိုၿပီးေတာ့ အခ်ဳပ္ခန္းေသာ့ကို ဒုတပ္ၾကပ္သန္းေအာင္ကို ေပးလိုက္ပါတယ္။ ၿပီးေတာ့ ဒုတပ္ၾကပ္သန္းေအာင္ကို ဘယ္ေနရာမွာ ေဆာင္႐ြက္မလဲဆိုတာ ေမးလိုက္ေတာ့ ေဆးခန္းအဝန္းအ၀ိုင္းေအာက္မွာ မိသားစုေတြ တူးထားတဲ့ ဗုံးခိုက်င္းေတြ ရွိတယ္။ အဲဒီေနရာမွာပဲ ေဆာင္႐ြက္မယ္ဆိုၿပီး အႀကံျပဳလို႔ အဲဒီေနရာမွာပဲ ေဆာင္႐ြက္ဖို႔ အႀကံျပဳလိုက္ပါတယ္။

ၿပီးတာနဲ႔ ေသနတ္နဲ႔ပဲေဆာင္႐ြက္ဖို႔ ေကာင္းေကာင္းမြန္မြန္ေျမျမဳပ္သၿဂိဳလ္ဖို႔ မွာလိုက္ပါတယ္။ ၿပီးတာနဲ႔ ဒုတပ္ၾကပ္သန္းေအာင္ဦးစီးတဲ့ အဖြဲ႕က အခ်ဳပ္ခန္းထဲက အခ်ဳပ္သားဖိုးလျပည့္ အပါအဝင္ အခ်ဳပ္သားေတြကို ထုတ္ၿပီး မ်က္လုံးကို ပုဝါနဲ႔စည္းၿပီး လက္ကို လက္ထိပ္ခတ္ၿပီးေတာ့ ဗဟိုကင္းေနာက္ေက်ာလမ္းကေန ေဆးခန္း ကုန္းေအာက္ကို ေခၚေဆာင္သြားပါတယ္။

ဒုတပ္ၾကပ္သန္းေအာင္ေခၚေဆာင္သြားၿပီး ၁၅ မိနစ္ေလာက္အၾကာမွာေတာ့ ေသနတ္သံ ၇ ခ်က္ ၈ ခ်က္ ေလာက္ၾကားရပါတယ္။ ေသနတ္သံၾကားၿပီးေတာ့ ေနာက္ထပ္ ၁၅ မိနစ္ေလာက္မွာပဲ ဗဟိုကင္းကို ျပန္ေရာက္လာၿပီးေတာ့ က်ေနာ့္ဆီကို ေဆာင္႐ြက္ၿပီးစီးတဲ့အေၾကာင္း သတင္းပို႔ပါတယ္” ဟု ဗိုလ္ႀကီးအာကာျမင့္က ဝန္ခံထြက္ဆိုသည္။

 

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *